
ကန္တာရနှစ်များ
(တင်မိုး)
ရှိုက်သံ
ဆံဖြူတချေင်း
နှစ်ဟောင်းဆယ်စု လွန်ခဲ့ပကော။
ဤနှစ်များ
ပျားတို့ သည် မချို
မှိုတို့ သည် မပေါက်
ယာတို့ သည် ခြောက်ကုန်ဧ။်။
မြူတွေက ဆိုင်း
မုန်တိုင်းက မှုန်မှုန်
ဖုံတွေက ထောင်းထောင်း
လှည်းလမ်းကြောင်းမှာ
ထနောင်းကြောင်ခြစ်
ဆူးရစ်ပွင့်ခါ
မိုးမရွာသည်
ရွာပါသော်လဲ၊ မိုးမသဲ။
ရွာဦးကျောင်းတွင်
ခေါင်းလောင်းသံ မကြား
နားဝမှာ မချို
ကိုရင်တွေ မရှိ
စာအံသံ နတ္တိ
ကပ္ပိယအို၊ ခေါင်းတုံးတိုသာ
တိုင်ကြို တိုင်ကြား လဲလျက်။
မြေကြီးလဲ
မသီးဝံ့ဝံ့၊ အသီးဆွံ့ ၍
ရှက်ရွံ့ အားနာသောမျက်နှာဖြင့်
ငါ့ကို ကြည့်လင့်၏။
ရှိုက်သံပြောင်း၍
ခေါင်းလောင်း ဘယ်ခါချိုမည်နည်း။ ။
(၁၉၇၆)
Saturday, May 3, 2008
တင်မိုးနှင့်သူ၏ Poetry Politics (1)
B
Subscribe to:
Post Comments (Atom)
လွတ်လပ်ခြင်းအတွက်တိုက်ပွဲဝင်နေ



Please use your liberty to promote ours.

No comments:
Post a Comment