Tuesday, February 9, 2010
Wednesday, February 3, 2010
BURMA VJ မှတ်တမ်းရုပ်ရှင်
BURMA VJ ကို မကြည့်ရသေးသော ညီအကိုမောင်နှမများနှင့် ပြည်သူပြည်သားအပေါင်းတို့ အတွက် မျှဝေလိုက်ပါတယ်။
BURMA VJ PART 1 အပိုင်း ( ၁ )
BURMA VJ ( 2 )
BURMA VJ ( 5 )
BURMA VJ ( 6 )
BURMA VJ ( 7 )
BURMA VJ ( 8 )
BURMA VJ ( 9 ) FINAL PART
၈၂ ကြိမ်မြောက် အော်စကာဆုပေးပွဲ - ဇကာတင်သူများစာရင်းတွင် BURMA VJ ဘားမားဗီဂျေ ပါဝင်
ကိုးကား - အေပီသတင်း
ဖေဖော်ဝါရီ ၂၊ ၂၀၁၀
၂၀၀၉ ခုနှစ်အတွက် ကျင်းပမည့် ၈၂ ကြိမ်မြောက် အော်စကာဆုပေးပွဲအတွက် နောက်ဆုံးဇကာတင်သူများ (ဆုစာရင်းတင်သွင်းခံရသူများ၊ ဇာတ်ကားများ) တွင် မြန်မာပြည် ၂၀၀၇ သံဃာ့အရေးတော်ပုံအကြောင်း မှတ်တမ်းတင်ရုပ်ရှင် “ဘားမားဗီဂျေ” က မှတ်တမ်းတင်ရုပ်ရှင်ကား အမျိုးအစား အော်စကာဇကာတင် ၅ ငါးတွင် တကားအဖြစ် စာရင်းတင်သွင်းခြင်း ခံထားရသည်။
အခြားဇကာတင် ၄ကားမှာ - The Cove - ဂျပန်နိုင်ငံအခြေပြု တိရစ္ဆာန်ညှင်းပန်းမှုများ မှတ်တမ်းတင်ကား၊ Food Inc - အမေရိကန်အခြေပြု စားသောက်ကုန်ကုမ္ပဏီကြီးများ၏ လက်ဝါးကြီးအုပ်မှု မှတ်တမ်းတင်ကား၊ The Most Dangerous Man in America: Daniel Ellsberg and the Pentagon Papers အမေရိကန်အခြေပြု၊ သမ္မတနစ်ဆင်လက်ထက် ပင်တဂွန်စစ်ဌာချုပ်နှင့် ဗီယက်နမ်စစ်ပွဲ အရှုပ်တော်ပုံ မှတ်တမ်းတင်ကား၊ နှင့် Which Way Home - မက္ကစီကိုနှင့် အမေရိကန်အခြေပြု မက္ကစီကန်ကလေးငယ်တို့ အမေရိကန်ပြည်တွင်းသို့ ပြောင်းရွှေ့အခြေချရန် ကြိုးစားကြပုံ မှတ်တမ်းတင်ကား တို့ ဖြစ်ကြသည်။
မိုးမခစာဖတ်သူတဦးအဆိုအရ - ၂၁ ရာစုရဲ့ အထူးခြားဆုံး၊ လူမဆန်ဆုံး၊ အာဏာရှင်နိုင်ငံတခုရဲ့ ဖိနှိပ်ညှင်းပန်းမှုကို ဖွဲ့ဆိုမှတ်တမ်းတင်တဲ့ ဘားမားဗီဂျေ ဇာတ်ကားသာလျင် ယခုနှစ် အော်စကာဆု ရသင့်ပါတယ် လို့ ပြောသွားပါတယ်။ ကျန်တဲ့ကားတွေကတော့ အားလုံးသိကြတဲ့ ၂၀ ရာစုနှစ်ကတည်းက မှတ်တမ်းတွေ ဖြစ်လို့ပါ။ ဘားမားဗီဂျေကတော့ ၂၁ ရာစုနှစ်အတွက် မြန်မာပြည်စစ်အစိုးရအတွက် ထင်ရှားတဲ့ သမိုင်းအမည်းစက်ကြီး ဖြစ်ပါတယ် လို့ ဆိုလိုက်ပါတယ်။
မိုးမခမှကူးယူဖော်ပြသည်
ဦးအောင်ဆန်းဦးနှင့် ဇနီး ဒေါ်လဲ့လဲ့နွယ်သိန်းကို သပိတ်မှောက်ကံဆောင်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး၏ အသိပေး ကြေညာချက်

ဒေါက်တာလွဏ်းဆွေဘလော့ဘ်မှ
Saturday, January 30, 2010
ယူအန်နဲ့ အမေရိကန်တို့လက်အောက်က မြန်မာဒုက္ခသည်များအကြောင်း
UNHCR နှင့် U.S
မိတ်ဆွေများခင်ဗျား
နစ်နေမန်ဘလော့ဂ်မှာ ဖေါ်ပြထားတဲ့ ယူအန်နဲ့ အမေရိကန်တို့လက်အောက်က မြန်မာဒုက္ခသည်များအကြောင်းကို မြန်မာပြည်သူတွေ သိသင့်တယ်ထင်လို့ ပြန်လည်မျှဝေလိုက်ရပါတယ်။
အောက်ပါလင့်ခ်မှ တိုက်ရိုက်ဖတ်ရှုနိုင်ပါသည်။
Click Here
နယ်ဆင်မန်ဒဲလ်လား၏ ခေါင်းဆောင်မှုအကြောင်း
NelSManDela
ရဲဘော်တို့...။
လေ့လာရေးအတွက် နယ်ဆင်မန်ဒဲလ်လား၏ ခေါင်းဆောင်မှုအကြောင်းကို ကူးယူပေးပို့လိုက်ပါတယ် ။
လေးစားချစ်ခင်လျက်
ဇော်ကိုနိုင်
ရန်သူ့တပ်တွင်းသတင်းတပုဒ်ကို (NDF) မှပေးပို့ဖြန့်ချီလိုက်ပါတယ်
ဇော်ကိုနိုင်
SPDC Troops Movement in Lashoe
Sunday, January 24, 2010
ဒေၞအောင်ဆန်းစုကြည်ကိုနိုဝင်ဘာလမှာ လွှတ်ပေးမယ်လိုႛ ပြည်ထဲရေးဝန်ကြီး ပြောကြား
RFA သတင်း Click Here
2010-01-24
Saturday, January 16, 2010
မိတ်ဆွေတို့ အတွက်သိကောင်းစရာ
မိတ်ဆွေတို့ အတွက်သိကောင်းစရာ Website လေးတစ်ခုကိုပေးချင်ပါတယ်
အဲ့ဒီ Website မှာ ဘယ်နှစ်ခုနှစ်၊ ဘယ်နှစ်လ၊ ဘယ်နှစ်ရက်မှာ၊ ဘယ်လောက်ကြာမြင့်တယ်
ဘယ်နေမှာဆိုဖြစ်တာဆိုတဲ့ နေကြတ် လကြတ်တဲ့အကြောင်းများသိချင်ရင်တော့
အခုအောက်က လင့်(ခ်) လေးမှာသွားရောက်ကြည့်ရူ့ နိုင်ပါသည်။
Click Here
http://www.mreclipse.com/Special/SEnext.html
မြန်မာပြည်မှ နေကြတ်သည့် မြင်ကွင်း
15 January 2010
မြန်မာနိုင်ငံအပါအ၀င် အာရှဒေသတ၀ှမ်းမှာ အချိန်ကြာမြင့်စွာ နေကြတ်တာကို ဇန္န၀ါရီလ (၁၅) ရက်နေ့မှာ တွေ့မြင်လိုက်ကြရပါတယ်။ နေရဲ့ ရှေ့တည့်တည့်မှာ လကျရောက်ခဲ့တဲ့အတွက် နေရဲ့ အနားသတ်ဟာ လနောက်ခံနဲ့ တောက်ပ နေတာကို လူတွေ မြင်ခဲ့ကြခြင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံတ၀ှမ်း နေရာအသီးသီးမှာ မွန်းလွဲ (၁) နာရီခွဲလောက်ကနေ ညနေ (၄) နာရီလောက်အထိ တွေ့မြင်ခဲ့ကြရတာဖြစ်ပါတယ်။ ဒီလို (၂၁) ရာစုရဲ့ အချိန်အကြာဆုံး နေကြတ်မှုဖြစ်စဉ်ကို စိတ်ဝင်တစား စောင့်ကြည့်သူတွေထဲမှာ မြန်မာနိုင်ငံသားတွေအပြင် ကမ္ဘာလှည့်ခရီးသည်တွေလည်း ပါဝင်ကြပါတယ်။ အများစုက ခရမ်းလွန်ရောင်ခြည်ရဲ့ အန္တရယ်ကို ကာကွယ်ဖို့ နေကာနဲ့ ကြည့်ခဲ့ကြတာဖြစ်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ၀ိုင်းတော်သူ မသင်းသီရိက တင်ပြထားပါတယ်။
VOA မှကူးယူဖေါ်ပြသည်
ယနေ့ နေကြတ်မှု အပေါ် ရခိုင် ဝေဒနှင့် သမိုင်းသုတေသီ တဦး ဟောပြောချက်
1/15/2010
မောင်အေး(နိရဉ္စရာ) ယနေ့တွင် ဖြစ်ပေါ်ခဲ့သည့် နေကြတ်မှုနှင့် ပတ်သက်ပြီး ဘင်္ဂလာဒေ့ခ်ျနိုင်ငံ မဟားဇိုးမြို့ သံသီးရွာ ရခိုင်အမျိုးသား ကျောင်းတိုက်တွင် သီတင်းသုံး နေထိုင်မူသည့် ဝေဒနှင့် သမိုင်း သုတေသီ ပညာရှင် အရှင် ဣန္ဒာစက္ကကို နေရဉ္စရာမှ ဆက်သွယ်မေးမြန်းရာ အရှင်ဘုရားက အောက်ပါ အတိုင်း ဖြေဆိုထားပါသည်။
(၁) ဒီနေ့ နေကြတ်တဲ့ အပေါ် ဝေဒပညာအရ ဘယ်လိုမြင်ပါသလဲ အရှင်ဘုရား။
ခုလို ကောင်းကင်မှာ နေ၊ လ၊ နက္ခတ်၊ ဂြိုဟ်တာရာ၊ ဥက္ကာပျံခြင်း၊ တံခွန်ကျခြင်း နဲ့ နေကြတ်ခြင်း ဆိုတာတွေဟာ အတိတ်နိမိတ်အားဖြင့် ကောက်ရင် မကောင်းတဲ့ လက္ခဏာ ဖြစ်တယ်လို့ ပြောဆို ရမှာ ဖြစ်ပါတယ်။ ဒီဘင်္ဂလာဒေ့ခ်ျ နိုင်ငံမှာ နေထိုင်တဲ့ ဟိန္ဒီဘာသာဝင် တွေဆိုရင် နေမကြတ်မှီ ကတည်းက သူတို့ ထမင်းကို အပြီးစားထားကြတာကို တွေ့ရတယ်။ နေကြတ်ရင် သူတို့ ထမင်း မစားကြဘူး။ ဘာဖြစ်လို့ ဆိုတော့ မကောင်းတဲ့ သဘော ဖြစ်တယ်။ ဥပမာ အားဖြင့် ပြောရရင်လည်း မင်္ဂလာဆောင်တာတို့၊ အိမ်ဆောက်တာတို့ စတဲ့ မင်္ဂလာ အလုပ်တွေ ဆိုရင်လည်း နေကြတ်တဲ့နေ့ စပြီး ၇ ရက်ထိ နောက်ဆုတ်ပစ် ရတယ်လို့ ဆိုတယ်။ အတိတ်နိမိတ် မကောင်းလို့ ဆိုပါတယ်။ တဘက်မှာလည်း များသောအားဖြင့် တိုင်းပြည်မှာ မင်းအမတ် စစ်သူကြီးတွေ ပျက်တဲ့အခါ (သို့မဟုတ်) မင်းလောင်းတွေကို မွေးဖွားတဲ့ အခါမှာလည်း အခုလို နေကြတ်တာ လကြတ်တာတွေ ဖြစ်တတ်တယ်လို့ အဓိပ္ပါယ် ကောက်လို့ရပါတယ်။
(၂) ဒီကနေ့ နေကြတ်တာကို မြန်မာနိုင်ငံ အပါအ၀င် တချို့နိုင်ငံတွေကလည်း မြင်ရတဲ့အတွက် မြန်မာပြည်သူတွေ အတွက်ကကော ဘယ်လို သက်ရောက်မှုတွေ ရှိနိုင်ပါသလဲ အရှင်ဘုရား။
အခုနေကြတ်တာက စစ်တွေကနေ တရုတ်နယ်စပ်အထိ မြင်နေရတဲ့အတွက် မြန်မာပြည် သူ တွေကတော့ အစားအသောက်ရှားပါးမှု၊ ငတ်မွတ် ခေါင်းပါးမှုစတဲ့ အန္တရာယ်တွေနဲ့ ကြုံတွေ့ ရနိုင်တယ်။ နောက်ပြီး ကျန်းမာရေး အရလည်း အများနဲ့ သက်ဆိုင်တဲ့ ရောဂါဆိုးတွေကြောင့် ပြည်သူတွေကို ထိခိုက်မှုတွေ ရှိနိုင်တယ်။ အနာ ရောဂါ စတဲ့ ဘေးဆိုးတွေ ထူပြောမယ်လို့ ပြောမယ်ဆိုရင် ပြောလို့ ရနိုင်ပါတယ်။
(၃) ဒီကနေ့ နေကြတ်မှုနဲ့ ပတ်သတ်လို့ မြန်မာနိုင်ငံမှာ ပြောင်းအလဲတွေ ဖြစ်လာနိုင်တဲ့ အနေအထားတွေကို ရှိပါသလား အရှင်ဘုရား။
ဒီနေကြတ်တဲ့နေ့က စပြီး နောက် သုံးလေးလ အတွင်းမှာ ပြောင်းလဲမှုတွေ ဖြစ်နိုင်တယ်လို့ ယူဆပါတယ်။ တိုင်းပြည်မှာရှိတဲ့ မင်းတွေ ကုသိုလ်ကံ ကုန်လာတဲ့ အခါ၊ ကံဇာတာ ညံ့လာ တဲ့အခါ အခုလို နေကြတ်တာတို့ မြေငလျင် လူပ်တာတို့ ဖြစ်လေ့ ဖြစ်ထရှိပါတယ်။ အခု မြန်မာ နိုင်ငံမှာ ဆိုရင် နတ်တော်လတုန်းကလည်း မြေငလျင် လှုပ်ခဲ့တယ်။ အခု နေကြတ်တယ်။ နောက်ပြီး ဒီနှစ်က တန်ခူးလမှာ သင်္ကြန်မကျဘဲ ကဆုန်လမှာ လာပြီး သင်္ကြန်ကျတဲ့ အတွက် မြန်မာနိုင်ငံ အတွက် အပြောင်းအလဲ ရှိမယ်လို့ယူဆရပါတယ်။ ဂျပန် ဖက်ဆစ်တွေ မြန်မာနိုင်ငံက ထွက်သွားတဲ့ ၁၉၄၅ ခုနှစ်မှာလည်း သင်္ကြန်ဟာ တန်ခူးလမှာ မကျဘဲ ကဆုန်မှာ ကျပါတယ်။ ၁၉၄၈ ခုနှစ် ဗြိတိသျှတွေ မြန်မာနိုင်ငံက ထွက်သွားတဲ့ နှစ်မှာလည်း သင်္ကြန်ဟာ ကဆုန်လမှာ ကျပါတယ်။ ရှေ့က ဖြစ်ပျက်ခဲ့တဲ့ ဥပမာ တွေလည်း ရှိနေတယ်။ သီပေါမင်း ပါတော်မမူမှီ အချိန် ၁၈၈၅ ခု ဒီဇင်္ဘာ လ ၃၁ ရက်နေ့ နတ်တော် လဆန်း ၇ ရက်နေ့ မြေငလျင် လှုပ်တယ်။ မြေငလျင် လှုပ်ပြီး သိပ်မကြာခင် မှာဘဲ သီပေါမင်း ပါတော်မူတယ်လို့ စာပေ အထောက်အထားတွေ အရ တွေ့တယ်။ ဒါကြောင့် တိုင်းပြည်မှာ အုပ်ချုပ်သူတွေ အတိတ် နမိတ်မကောင်း ပျက်စီးနိင်တယ်လို့ ဟောနိုင်ပါတယ်။ ပြည်သူတွေ လွတ်လပ်မယ့် နှစ်လည်း ဖြစ်နိုင်ပါတယ်။
(၄) ဒီနေ့ နေကြတ်တာက ဘယ်ဘက်ကစပြီး ကြတ်တယ်လို့မြင်ရပါသလဲ။ ဒီလို အရှေ့ အနောက် ဘယ်ညာ ကြတ်တာတွေနဲ့ ပတ်သက်လို့ ဝေဒပညာမှာ ဘယ်လိုအယူ အဆတွေ ရှိပါလဲ အရှင်ဘုရား။
ဒီနေ့ နေကြတ်တာကို ဦးဇင်း ထွက်ကြည့် လိုက်တဲ့ အခါ ဒီနေ့ နေကြတ်တာကို နေအလတ် ကြတ်တယ်လို့ ခေါ်ပါတယ်။ အပြည့်ကြတ်တာ မဟုတ်ပါဘူး။ နေအ၀ိုင်းထဲမှာ အမဲကွက် တကွက် ပေါ်လာပြီး အဲဒီ အမဲကွက်ဟာ တဖြည်းဖြည်း ပျောက်ကွယ်သွားတယ်။ ဒါကြောင့် နေအလတ်ကြတ် တယ်လို့ဆိုပါတယ်။ နေအပြည့် ကြတ်တယ်ဆိုရင် အမှောင်ကျသွားမယ်။ ဒီလို ဖြစ်တဲ့အတွက် တိုင်းသူ ပြည်သားတွေဟာ ခုနက ပြောခဲ့သလို အနည်းအများ ဆင်းရဲဒုက္ခတွေ ကြုံတွေ့ရနိုင်တယ်။ အဓိကတော့ တိုင်းပြည်မှာ အုပ်ချုပ် မင်းလုပ် နေသူတွေကတော့ ဥပါဒ် ရောက်မဲ့ သဘောရှိပါတယ်။ နောက်ပြီး နေကြတ် တာကို မြန်မာပြည်က အဓိက မြင်ရတဲ့ အတွက် မြန်မာနိုင်ငံကို အုပ်ချုပ်နေတဲ့ စစ်အစိုးရ အတွက် အဓိက ထိခိုက်နိုင်တယ်လို့ မြင်ပါတယ်။
(၅) နေကြတ်တာနဲ့ ပတ်သက်လို့ မြန်မာ့ အတိုက်ခံတွေ ဘက်မှာရော ဘယ်လို ထိခိုက်မှုတွေ ရှိနိုင်ပါသလဲ ဘုရား ။
အတိုက်ခံတွေနဲ့ ပတ်သက်လို့တော့ ဒီနယ်စပ် ဒေသတွေမှာ ရှိတဲ့ လက်နက်ကိုင် အဖွဲ့တွေနဲ့ နအဖ စစ်တပ်တွေ အကြား တိုက်ခိုက်မှုတွေနဲ့ အတူ သွေးထွက် သံယိုမှုတွေ ဖြစ်နိုင်တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ နတ်တော်လမှာ မြေငလျင် လုပ်တာလည်း စစ်မက် ဖြစ်မယ်လို့ ပြတယ်။ ဂျပန်တွေကို မတော်လှန်မီကလည်း မြေငလျင် လှုပ်တယ်လို့ စာပေတွေမှာ ပြတယ်။ နောက်ပြီး အင်္ဂလိပ်တွေ မြန်မာနိုင်ငံက ထွက်မဲ့နှစ် ကလည်း မြေငလျင် လှုပ်တာတွေ ရှိတယ်။ အခု နေကြတ်တာနဲ့ ပတ်သတ်လို့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ အပြောင်းအလဲ ဖြစ်နိုင်ပါတယ်။ အဓိကတော့ စစ်မက်တွေလည်း ဖြစ်လာနိင်တယ်လို့ ပြောနိုင်ပါတယ်။ (ပြီး)
နိရဉ္စရာမှ ကူးယူဖေါ်ပြသည်
Tuesday, January 12, 2010
ကြေညာချက် အမှတ် ၁/၂၀၁၀ (မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး)
စာဖတ်ရန် ပုံပေါ်တွင် click လုပ်ပါ။
ပေးပို့ -မေတ္တာဖြင့်
( မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး )
Sunday, January 10, 2010
လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် “အောင်ဆန်းဦးကို သင်ခန်း စာပေးခြင်း” မြားပေါက်ပြိုင်ပွဲ SAW ကျောင်းတွင် ကျင်းပ (ရုပ်သံ)
ဦးအောင်ဆန်းဦးရေ ခင်ဗျား ကလေးတွေလောက်တောင်ဦးနှောက်မရှိလို့  ကလေးတွေကို ခင်ဗျား အလေးပြုသင့်တယ်။
(ဒေါက်တာလွဏ်းဆွေ ဘလော့ဘ်မှ)
Tuesday, January 5, 2010
နှစ်သစ်ကူးဆုတောင်း
အောင်ဝေး
(ဇန်န၀ါရီ ၅၊ ၂၀၁၀)
၂၀၁၀ သည်
မြစ်တစ်မြစ်ဖြစ်မယ်ဆိုရင်လည်း
ရေစီးသန်သောမြစ် ဖြစ်ပါစေ။
၂၀၁၀ သည်
မြင်းတစ်ကောင်ဖြစ်မယ်ဆိုရင်လည်း
ဒုန်းစိုင်းနေသောမြင်း ဖြစ်ပါစေ။
၂၀၁၀ သည်
မြားတစ်စင်းဖြစ်မယ်ဆိုရင်လည်း
ရန်သူရဲ့ ရင်အုံကို စူးဝင်ထွင်းဖောက်နိုင်သောမြား
ဖြစ်ပါစေသတည်း။ ။
(၂၀၁၀ လွတ်လပ်ရေးနေ့)
(မိုးမခ ဘလော့ဘ်မှ)
Sunday, January 3, 2010
Aung Way To Aung San Oo with Love
အောင်ဆန်းဦးသို့ အိတ်ဖွင့်ပေးစာ
ဗိုလ်ချုပ်၏ သားဦး
ဦးအောင်ဆန်းဦးခင်ဗျာ
ကျနော် ကဗျာဆရာ အောင်ဝေး
ရိုသေစွာ စာရေးလိုက်ပါတယ်။
++++++++
သားဦး အရူး တဲ့
မြန်မာစကားမှာ ရှိပါသည်။
အစ်ကိုကြီးတော့ အဖအရာ
မြန်မာစကားမှာ လာပါသည်။
တို့ ဘုရား မယားဖက် ခပ်ပါပါ တဲ့
မြန်မာ့ဆိုရိုးစကားလည်း ရှိပါတယ်။
ရှစ်လေးလုံး အရေးတော်ပုံတုန်းက
ကျနော်တို့ မျှော်ခဲ့တာ
နှမ မဟုတ်ပါ
အစ်ကိုကြီး ဦးအောင်ဆန်းဦးကိုပါ။
ဗိုလ်ချုပ်ရဲ့ သားကြီး ဦးအောင်ဆန်းဦး
အမေရိကန် မရိမ်းတပ်တွေနဲ့ 
မြန်မာပြည်ကို ချီတက်လာပြီ …
ဒီသတင်း …
ပြည်တွင်းမှာ တကယ်ဖြစ်ခဲ့တာပါ။
ဒါပေမဲ့
တကယ်ရောက်လာတာက
အစ်ကို မဟုတ်
နှမ အောင်ဆန်းစုကြည်။
ဗိုလ်ချုပ်ရဲ့သမီး
ဒေါ်အောင်ဆန်းစုကြည်။
တကယ် တိုက်ပွဲဝင်တာက
နှမ ဒေါ်အောင်ဆန်းစုကြည်။
ကမ္ဘာ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် … တဲ့
နှမပုံရိပ်က အင်မတန်ကြီးပါရဲ့။
အစ်ကိုကြီး ဦးအောင်ဆန်းဦးခင်ဗျာ …
အစ်ကိုကြီးမှာ
ဘာပုံရိပ်မှ မရှိလည်း
ကျနော်တို့က
ဗိုလ်ချုပ်ရဲ့သားမို့  ချစ်နေဆဲပါ။
ဒါပေမဲ့
အခု အစ်ကိုကြီးလုပ်နေတာတွေက
အဖအရာ မရောက်
နှမကို
(နအဖ အလိုကျ)
ချောက်ကျအောင် လုပ်သလိုဖြစ်နေပါပြီ။
ကန်တော့ပါရဲ့
မယားစကား နားယောင်
အစ်ကိုကြီးအမှားတထောင် ကျူးလွန်နေပြီ။
ဘာ့ကြောင့်
ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်နေရတာလဲ
အစ်ကိုကြီး။
ဒေါ်အောင်ဆန်းစုကြည်ဟာ
(အစ်ကိုကြီးနှမ)
ဒေါ်အောင်ဆန်းစုကြည်သက်သက် မဟုတ်ဘူး။
ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်တာဟာ
အဖိနှိပ်ခံမြန်မာပြည်သူတွေကို တိုက်ခိုက်တာပဲ။
ဒေါ်အောင်ဆန်းစုကြည်ဟာ
မြန်မာပြည်ပဲ။
အစ်ကိုကြီး
အစ်ကိုကြီးရဲ့ မူမမှန်တဲ့လုပ်ရပ်တွေ
ရပ်တန်းကရပ်ပါ။
သားဦးအရူး
အောင်ဆန်းဦး … လို့တော့
ကျနော် မပြောရက်ပါဘူး။
အချုပ်နှောင်ခံနေရတဲ့ နှမကိုမှ
ဆက်ပြီးနှောင့်ယှက်နေမယ် ဆိုရင်
အစ်ကိုကြီးကို
(ချစ်လျက်နဲ့ )
ကျနော်တို့ စစ်ကြေညာရတော့မယ်။
အောင်ဆန်းဦး အလိုမရှိ
အောင်ဆန်းဦး အလိုမရှိ
အောင်ဆန်းဦး အလိုမရှိ
ညီငယ်
မောင်အောင်ဝေး
ဒီဇင်ဘာ၂၅၊ ၂၀၀၉၊ မစ်ရှီဂန်
(အောင်ဝေး ဘလော့ဘ်မှ)
Monday, December 28, 2009
ဒေါ်အောင်ဆန်းစုကြည်၏ သေတမ်းစာ
( မသဒ္ဓါ )
( ၈။ ၂၆။ ၂၀၀၉)
ဘဝ ဟူသည်
တိုတောင်း လှပေစွ.
ကန်ရေပြင်၌ တက်သော
ရေပွက်မျှသာ ဖြစ်တယ်။
ကွေးသောလက်များ
ဆန့် မသွားမီ
မတည် သော အသက်
ခန္ဓာ ဟူသည်
ဇာတိ ဇရာ မရဏ
သောက ပရိဒေ၀ အနိစ္စ
အမြဲမှန်ကန်သော အရာ
မမြဲခြင်းသာ ဖြစ်တယ်။
ဘုရားရှင်သော်မှ မလွှဲနိုင်တဲ့တရား.
အနိစ္စ သေဆုံးခြင်း၏ တရား။
တနေ့ တချိန်
လေမှာလွင့်သော..ပွင့်ချပ်ငယ်နှယ်
ကျမ သေဆုံးပါလိမ့်မယ်။
ကျမ အသက် လူကြီးအရွယ်
သွားရမဲ့လမ်း ပြင်ဆင်ခဲ့ပါတယ်။
ကျမ ကိုယ် ကျမ
ဖေဖေ့လို အာဇာနည်လို့ မယူဆပါဘူး။
အမှန်တရားနဲ့ တရားဥပဒေသာ
မြတ်နိုးပါတဲ့ သာမန်လူ
မြန်မာအမျိုးကောင်းစားရေးကို
ရှေးရှူသူသာဖြစ်တယ်။
အကယ်၍ ကျမ သေလွန်တဲ့အခါ
မငိုပါနဲ့  မပူဆွေးကြပါနဲ့ 
ကြီးကြီးကျယ်ကျယ် ဈာပနပွဲ မလုပ်ကြပါနဲ့ ။
ကျမ ကိုချစ်သူ မချစ်သူ
မည်သူမဆို လာရှူနိုင်တယ်
ပုပ်ပွ ဖူးယောင် လူသေကောင်၏
မျက်မြင်မုချ အသုဘ ကမ္မဌာန်း..
အိုနာ သေခြင်း၏ မမြဲသောလမ်း။
ကျမ သေဆုံးပြီးနောက်
ချန်ထားခဲ့ပါရစေ။
ကျမ၏ အထွဋ္ဋ်မြတ်သော ဆံပင်
ရွှေတိဂုံဆံတော်ရှင်သို့ လှူဒါန်းပါ။
ကျမ၏ မျက်ကြည်လွှာ..
အလင်းမရသူကို လှူဒါန်းပေးပါ။
ကျမ၏ နှလုံးသား..ကျောက်ကပ်
အသည်း ကလီဇာများ
ကောင်းသေးပါက လိုအပ်သူများအားလှုဒါန်းပေးပါ။
မသာတစ်ခေါက် ကျောင်းဆယ်ခေါက်
နာရေးကူညီသော စေတနာရှင်
စင်ကြယ်သောကုသိုလ်နဲ့ ကိုကျော်သူ
ကျမ အသက်မဲ့ ခန္ဓာ ကို လှူပါတယ်။
ဖုတ်ကျည်းသင်္ဂြိုလ်ပေးပါ။
ပုပ်ပွလာမဲ့ ခန္ဓာအား
မီးသင်္ဂြိုလ်ပြီး..
ရလာသောခန္ဓာ၏ ပြာမြေဇာ
အပင်တို့ အတွက် မြေသြဇာကြွေးပေးပါ။
နောင်လာနောက်သားများအတွက်
ကျမ၏ နေအိမ် (သို့ ) ကျမ၏အကျဉ်းထောင်
အင်းစိန် ထောင်ခွဲ
အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း
အောင်ဆန်းစုကြည်၏ ပြတိုက်အဖြစ်
ကျမ၏ အသုံးအဆောင်..စာအုပ်
တီးသူမဲ့သော စန္ဒယား
ကျမ၏ မြန်မာ အ၀တ်အစား
ရိုးသားသော မြန်မာအမျိုးသမီး၏တန်ဖိုးများ.
နောင်လာနောက်သားများရှူမြင်စေ။
ကျမ၏ ကျန်ရစ်သော ဘဏ်ငွေသားအနည်းငယ်။
ကျမ၏ ဈာပန စရိတ် နှင့်
ဆင်းရဲသော သံဃာအိုများ အတွက်ကျန်းမာရေး
ဇီဝိတဒါန ဆေး အလှု
ကွယ်လွန်သူ မိဘများ အမှုထား၍
ကျမနှင့် ကွယ်လွန်သော ခင်ပွန်းအတွက်
သားများမှရေစက်ချ..အမျှဝေစေချင်ပါတယ်။
ကျမ ရသော ငြိမ်းချမ်းရေး နိုဘယ်ဆုငွေသား
$1.3 million အား
ကိုယ်ကျိုး အတွက် မသုံးစွဲ
တပြားမချန် မြန်မာပြည်သူများအတွက်
ကျမ်းမာရေးနဲ့ ပညာရေး ရံပုံငွေ
လှုဒါန်းခဲ့ပါတယ်။
ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာ ချမ်းသာကြပါစေ။
ကြား ကြားသမျှ အမျှ အမျှ အမျှ ယူတော်မူ။
အမျိုးအတွက်ထားတဲ့ အမေ့ရဲစေတနာကို
နားလည် ပါရမီဖြည့်ပေးသူ သားများ
အမေဘ၀မှာ မွေးရကျိုးနပ်ပါတယ်။
အမေ့ဘ၀အတွက်အကောင်းဆုံး
ဘုရားပေးသောဆုလာဒ်
ဒီသားများသာ ဖြစ်ပါတယ်။
ဒီ သားများ အတွက်..
အမေ မွေးခဲ့သောဇီဝိတ အသက်
အဖေပေးခဲ့သော ပညာ မှတပါး
အခြားပေးရန် စည်းစိမ် အမွေ မရှိ။
စိတ်ဓါတ်နှင့်ကြံ့ခိုင်သောမျိုးရိုး၏အမွေ
အောင်ဆန်းမျိုးရိုး..ဆက်ကျန်နေပါစေ။
အတူနေ မမဒေါ်ခင်ဝင်းနှင့် သမီးများ
ကျမအား စောင့်ရှောက်သောကျေးဇူး
အထူး မမေ့ပါ။ ကျေးဇူးတင်ပါတယ်။
ဆေးဝါး ကုသပေးသော
မောင်ငယ် ဒေါက်တာတင်မျိုးဝင်း
သမားစိတ်ရင်း ကြောင့် ကျမ အသက်ရှည်..
ကျေးဇူးဆပ်စရာ ပစ္စည်းမဲ့သူ ကျမ
ဦးချပြီး.ဆပ်ပါရစေ။
ပြည်တွင်းပြည်ပ..
ကျမကို ချစ်ခင်ကြသော
ကျမကို အားပေးကြသော..
မိတ်ဆွေ သင်္ဂဟ
သိသူ မသိသူ မှန်သမျှ
ကျမပြုသောကုသိုလ် အဖို့ ဘာဂ ဝေမျှပါတယ်။
ရွှင်လမ်းကြစေ။
ကျမ၏ တဦးတည်းသော ချစ်ရသောအကိုကြီး.
သွေးသားစပ်သူ ဦးအောင်ဆန်းဦး အတွက်..
ကျမ အဖေ၏ ပန်းချီတချပ်..
သူမသေခင်..ခေါင်းရင်းမှာ ချိပ်ဖို့ ပေးအပ်ခဲ့တယ်။
အနှစ် ၂၀ သက်တမ်းရ.သက်တော်ရှည်
အဝေးရောက် ၀န်ကြီးချုပ်
ကျမ၏ တ၀မ်းကွဲမောင် ဒေါက်တာစိန်ဝင်း..
ကျမရဲ့ အနှစ် (၂၀) အချုပ်ကာလအတွင်း
ကျမ ရတဲ့ဆုတွေလက်ခံတဲ့အခါ စင်ပေါ်တက်
မျက်နှာပြ ဖော်ရပေးတာ
အထူးကျေးဇူး တင်ပါတယ်။
ဖေဖေ့မျက်နှာနဲ့ 
ကျမအပေါ်..မရှိတဲ့ အပြစ်ကိုတင်.အကွက်ဆင်
အတင်းထောင်ချ..သပ်သျှို ပြန်ကယ်ပြတဲ့
အတုယူ ချီးမွမ်းထိုက်ပါသော
မှုးကြီးသန်းရွှေရဲ့ မေတ္တာ စေတနာ
မှတ်ကျောက် စာထိုးခဲ့ပါတယ်။
ကလိမ်ခြုံ နအဖ၏ ဂန္ဓ၀င်မိချောင်းမျက်ရည်။
ကျမ မခေါ်ဘဲ အလည်တဲ့ဧည့်သည်.
ကျမ အသက်ဘေးအတွက် သူ စိုးရိမ်တယ်။
မောပမ်း မေ့လဲနေသော ဆီးချိုလူနာသည်သူ
ပုတုဇ္ဇနော ဥမ္မတကော အဆိုရှိ
တကယ်မှန် မှန် မမှန် မှန်..
ဟုတ်သော်ရှိ မဟုတ်သော်ရှိ
ခမြာ..စေတနာနဲ့ သတိပေးရန်ကြံတဲ့အတွက်
သူ၏ ထားရှိသော ဂရုဏာ စေတနာ
ကျေးဇူးတင်ပါထိုက်ပါတယ်။
ကျမ သွားတဲ့အခါ..
တရား သံဝေဂရ..
မျက်ရည် မကျုကြပါနဲ့ ။
မပြီးဆုံးသေးတဲ့ ကျမရဲ့ဝတ္တရား
ကျရာနေရာ ကူညီပါဝင် ဖြည့်ဆည်းပေးကြပါ။
ကျမ အတွက်ထားတဲ့ ချစ်မေတ္တာ
တိုင်းပြည်အမျိုးအတွက်
လက်ဆင့်ကမ်းကြိုးစားပေးပါ။
အဖေ ပေးခဲ့တဲ့ လွတ်လပ်ရေး
ကျမ လက်ထက်မှာ မရသေးခင်
ကျမ သေလွန်ခဲ့ပါလျှင်
ကျမ ကိုယ်စား တာဝန်ဆက်ယူပေးနိုင်စေ.
တနေ့ မှာ..ဒေါင်းမျိုးနွယ်ဆက်
ပြန်ခေါင်းထောင်ထကြပါစေ
ဒို့  မြန်မာအမျိုး..သိက္ခာ မျိုးနွယ်ဆွေ။
အာဏာရှင်စံနစ်..ပြုတ်ကျပါစေ။
မသဒ္ဓါ ( ၈။ ၂၆။ ၂၀၀၉)
လူဆိုတာ တနေ့ နေ့ တော့ သေလွန်မှာပါ။ အပြစ်မရှိ မှန်ကန် ရိုးဖြောင့်သူ ရဲဝံ့စွာသေရဲတဲ့သူက သေခြင်းကို မကြောက်မရွံ့  ပြေးတွေ့ ဝံ့ပါ တယ်။
တကယ်လို့ များ တနေ့ နေ့ ဒေါ်အောင်ဆန်းစုကြည် သေလွန်ပြီးတဲ့ အခါ..သူရဲ့ ရင်ထဲမှာ..ဘာဆန္ဒတွေ ရှိပါ့မလဲ..စဉ်းစားပြီး သရုပ်ဖော်ကြည့်ပါတယ်။ မှားရင် ခွင့်လွှတ်ပါ။
တရားမျှမျှတတ နဲ့  တယောက် သေတယ်ရေးရင်..နောက်တယောက်ကိုလည်း အလားတူ..ရေးသင့်တာမို့  ဦးသန်းရွှေ ရဲ့ သေတမ်းစာ ကိုလည်း ဆက်ပုံဖော်ပေးပါ့မယ်။ စောင့်ဖတ်ပါ။
( မသဒ္ဓါ ဘလော့ဘ်မှ )
ရွေး ... ရွေး ... ပြီး ကောက်ပါကွယ်
ဆွမ်းဆန်ထဲ
ကြွက်ချေး ရောနေတယ်။
ရွေး ... ရွေး ... ပြီး ကောက်ပါကွယ်
စားတော်ပဲဗန်းထဲ
စုန်းပြူး ပါနေတယ်။
ရွေး ... ရွေး ... ပြီး ကောက်ပါကွယ်
ဆီးသီးကြွေ မြေတလင်း
ပိုးထိုး ရှိနေတယ်။
ရွေး ... ရွေး ... ပြီး ကောက်ပါကွယ်
ခရေပင်အောက်
တစ္ဆေစောင့်နေတယ်။ ။
ဒီဇင်ဘာ ၈၊ ၂၀၀၉
အောင်ဝေးဘလော့ဘ်မှ
နိုဝင်ဘာ ၂၉၊ ၂၀၀၉
အမေ့အိမ်မှာ
ကျနော်က
နံရံကိုမှီထားတဲ့ ဂစ်တာ။
ဝေးသွားတဲ့အခါ
ဒေါင်းအလံပတ်ထားတဲ့
မောင်းပြန်သေနတ်ဟာ
ကျနော်ဖြစ်ခဲ့။
နောက်ဆုံးသာ
ဂစ်တာကြိုးပြတ်လေး တမျှင်
ကျည်ဆန်ခွံလေး တခု
ပန်းလေးတပွင့် ထိုးစိုက်ထားတဲ့
စစ်ဖိနပ် တရန်
အိမ်အပြန် လွမ်းစရာ
ကျနော် စုထားတဲ့
အမေ့အတွက် ကဗျာ။ ။
(ရဲဘော်ဂုရုကွယ်လွန်ခြင်း တနှစ်ပြည့်အမှတ်တရ)
နိုဝင်ဘာ ၂၄၊ ၂၀၀၉၊ ချီကာဂိုလေဆိပ်
(အောင်ဝေး ဘလော့ဘ်မှ)
Sunday, July 19, 2009
ဗိုလ်ချုပ်အောင်ဆန်း၏ မိန့် ခွန်းများ
Who is Aung San? What is his Speech? part 1
Who is Aung San? What is his Speech? part 2
နောက်ခံ မိန့် ခွန်းကို http://www.lovelamp88.co.cc/ မှမျှဝေတာပါ။
Saturday, July 18, 2009
Friday, July 17, 2009
ဘ၀တိုင်း ဆုတောင်း
အမြဲတစေ
အိမ်မက်လိုရယ်
အမြဲတစေ
ငါ့နားထဲဝယ်
အမြဲတစေ
ငါ့မျက်စိထဲ
အမြဲတစေ
ငါစဉ်းစားတယ်
အမြဲတစေ
မြန်မာပြည်မြေ
ငြိမ်းချမ်းသာယာ
လွတ်လပ်ပါစေ။ ။
စစ်နိုင်မင်း
Monday, June 29, 2009
ဦးတည်ချက်

ဦးတည်ချက်
ပြင်းပတဲ့စိတ်တွေရယ်
ဝေးလည်း ဒီစိတ်
နီးလည်း ဒီစိတ်
မြန်မာပြည်ဟာ
ငါ့အရေး
အချိန်ပေးပြီး
ငါအမြဲစဉ်းစား။
မြန်မာပြည်ဟာ
ဒို့ အရေး
တွေးတွေးပြီး
ဒို့ ဘာလုပ်မလဲ။ ။
(စစ်နိုင်မင်း)
Tuesday, June 2, 2009
ပျားအုံခံစားမှု
ပျားအုံခံစားမှု။
ဟေ့ကောင်
သွေးကြောင်နေတဲ့ ကောင်
ဘေးရှောင်။
အခုအချိန်
လူတိုင်းအင်းစိန်ထောင်ရှေ့ ရောက်နေတာ
ထမင်းမြိန်အောင်လို့ မဟုတ်ဘူး။
လူတိုင်းအင်းစိန်ထောင်ရှေ့ 
သွားဆုံစုရုံးနေတာ
ပျားအုံတစ်ခုထုံး နှလုံးမူလို့ ပါ။
ပျားဆိုတာ
အုံရမယ်
မအုံရင် ပျားမဟုတ်ဘူး။
ပျားဆိုတာ
စုရမယ်
မစုရင် ပျားမဟုတ်ဘူး။
ခုချိန်ဟာ
လူထု ၀တ်ရည်စုချိန်။
ခုချိန်ဟာ
လူထု ပျားအုံဖွဲ့ ချိန်။
ဒီအချိန်မှာ
အင်းစိန်ထောင်ဟာ ငါတို့ အိမ်။
အင်းစိန်ထောင်ထဲမှာ
ငါတို့ အသည်းနှလုံး ပိတ်လှောင်ခံနေရတယ်။
အင်းစိန်ထောင်ထဲမှာ
ငါတို့ အလင်းရောင် ချုပ်နှောင်ခံနေရတယ်။
အင်းစိန်ထောင်ထဲမှာ
ငါတို့ အနာဂတ် မြေမြှုပ်ခံရတော့မယ်။
သေရေး ရှင်ရေး
အရေးကြီးနေတဲ့ အချိန်
ဘတ်စတီးအကျဉ်းထောင်ကို
ပြင်သစ်ပြည်သူတွေဝိုင်းတော့ 
ဒါ ကြီးကျယ်တဲ့ သမိုင်းလို့ ပြောတဲ့
မင်းရို့ ပညာတတ်တွေ
အခု
ငါတို့ မြန်မာပြည်သူတွေ
အင်းစိန်ထောင်ရှေ့ ချီတက်တာကို
ဘာကြောင့် သဘောမတူရဲတာလဲ။
ငါတို့ ဟာ
စိတ်ထဲကသေနတ်တွေနဲ့ 
ရန်သူကို ဆက်ပစ်နေရမယ်။
ငါတို့ အပစ်ရပ်လိုက်ရင်
ရန်သူရဲ့ 
အပြတ်ရစ်ခြင်းကို ခံရမယ်။
ဟေ့ကောင်
သွေးကြောင်နေတဲ့ ကောင်
ဘေးရှောင်
ဟိုမှာ စစ်ခွေးကောင်တွေ ဟောင်နေပြီ။ ။
(အောင်ဝေး - မေ ၂၅ ၊ ၂၀၀၉)
Sunday, April 26, 2009
ဒို့ ကျောင်းသား
မင်းကိုနိုင်ကို ကိုရီးယားက ဆုပေး
Friday, 24 April 2009 19:29 အေးလဲ့
တောင်ကိုရီးယားနိုင်ငံမှ ၂၀၀၉ ခုနှစ် ဂွမ်န်ဂျူး(GwangJu) လူ့အခွင့်အရေးဆုကို ၈၈ မျိုးဆက်သစ်ကျောင်း သားခေါင်းဆောင် ကိုမင်းကိုနိုင်အား ရွေးချယ်လိုက်ကြောင်း အန်အယ်လ်ဒီ -အယ်လ်အေ (ကိုရီးယားဌာနခွဲ) ကပြောသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွတ်မြောက်နယ်မြေ (အန်အယ်လ်ဒီ-အယ်လ်အေ)(ကိုရီးယားဌာနခွဲ)မှ အတွင်းရေးမှူး၂ ဖြစ်သူ ကိုဇော်မိုးအောင်က“ နိုင်ငံတကာအသီးသီးက ဒီဆုရရှိဖို့ အတွက် စာရင်း တင်သွင်း ကြတယ်၊ အဲဒီအထဲမှာမှ မြန်မာနိုင်ငံက ကိုမင်းကိုနိုင်ကို ရွေးချယ်လိုက်ပြီဆိုတဲ့ အကြောင်း ဂွမ်န်ဂျူး မြို့မှာ ရှိတဲ့ may 18 Foundation က ဒီနေ့မနက် ၁၁ နာရီမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်”ဟု ပြောသည်။
ယင်းဆုပေးအပ်ပွဲအခမ်းအနားကို လာမည့် မေလ ၁၈ရက်နေ့ ညနေပိုင်းတွင် ဂွမ်န်ဂျူး မြို့ရှိ May 18 Memorial ခန်းမတွင် ချီးမြှင့်ပေးအပ်မည်ဖြစ်သည်ဟုလည်း ၎င်းကဆိုသည်။
ဂွမ်န်ဂျူး ဆုတွင် ရွှေတံဆိပ်ဆု အပါအဝင် ကိုးရီယားဝမ် သန်း၅၀ (အမေရိကန်ဒေါ်လာ ၅၀၀၀၀) နှင့် ဂုဏ်ပြု ဘွဲ့လက်မှတ်ကို ပေးအပ်ချီးမြှင့်မည် ဖြစ်ကြောင်းသိရသည်။
ယင်းဆုအတွက် ကိုရီးယား အန်အယ်လ်ဒီ အဖွဲ့က မတ်လတွင် အဆိုတင်သွင်းခဲ့ခြင်း ဖြစ်ပြီး ယင်းသို့ အဆို တင်သွင်းရန် ကိုမင်းကိုနိုင်၏ ကိုယ်ရေးသမိုင်းနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်း သား များ ကူညီစောင့်ရှောက်ရေးအသင်းနှင့် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဗဟိုဌာနချုပ်တို့မှ ကူညီပြုစုပေးခဲ့ ကြသည်။
ထိုဆုကို ကိုးရီးယားနိုင်ငံ နိုင်ငံရပ်ခြားမှ တသီးပုဂ္ဂလများ၊ အစုအဖွဲ့များနှင့် အဖွဲ့အစည်းတို့မှ လူ့အခွင့် အရေး လှုပ်ရှားသူ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး လုပ်ငန်းများလုပ်ကိုင်သူတို့ကိုချီးမြှင့်ခြင်းဖြစ်သည်။
၁၉၈၀ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံ စစ်အာဏာရှင် စနစ်ကို ဂွမ်န်ဂျူးမြို့ရှိ ကျောင်းသားများက ဆန့်ကျင် ဆန္ဒပြခဲ့သည့် ကျောင်းသားလှုပ်ရှားမှု၊ ဒီမိုကရေစီလူထုအုံကြွမှု စိတ်ဓာတ်ကို ဂုဏ်ပြုသောအားဖြင့် ယင်း လူ့ အခွင့်အရေးဆုကို ပေးအပ်ခြင်းဖြစ်ကြောင်းသိရသည်။
ထိုဆုကို ၂၀၀၄ခုနှစ်တွင်လည်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြု ချီးမြှင့် ခဲ့ပြီး ယင်း ဆုငွေနှင့် ရွှေတံဆိပ်ဆုကို ယခုအချိန်အထိ အန်အယ်လ်ဒီ အယ်လ်အေမှ ဆက်လက် ထိန်းသိမ်း ထားဆဲဖြစ်ကြောင်းလည်း ကိုဇော်မိုးအောင်က ပြောသည်။
ဂွမ်န်ဂျူး လူ့အခွင့်အရေးဆုကို ပေးအပ်ခဲ့သည်မှာ ယခုဆိုလျှင် ၁၀ နှစ် ပြည့်မြာက်ပြီဖြစ်ပြီး ၂၀၀၆ခုနှစ်နှင့် ၂၀၀၇ ခုနှစ်တွင် ပူးတွဲ ပေးအပ်ခဲ့သည်။ ဆုရသူများထဲတွင် အရှေ့တီမောမှ ရှနားနာ ဂတ်စ်မို၊ မြန်မာနိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည်၊ အင်ဒိုနီးရှားမှ ဝါဒတ်ရှ် ဟာဖီဇ်၊ အာဖဂန်နစ္စတန်မှ မာတာလိုင် ဇိုယာနှင့် အန္ဒိယမှ အိုင်ရွမ် ရှာမီလာတို့ဖြစ်သည်။
ယင်း အဖွဲ့နှင့် ဆုပေးပွဲမတိုင်မီ လာမည့်မေလ ၁၆ရက်နေ့တွင်လည်း May 18 Memorial ခန်းမတွင်ပင် မြန်မာ့ အရေးနှင့်ပတ်သက်ပြီး ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။
Wednesday, January 28, 2009
Daw Aung San Suu Kyi who is Myanmar Peaceful Leader or Glorious Mother.
Daw Aung San Suu Kyi who is Myanmar Peaceful Leader or Glorious Mother.
လွတ်လပ်ခြင်းအတွက်တိုက်ပွဲဝင်နေမယ်




Please use your liberty to promote ours.
