FREEDOM FIGHTER FOR BURMA: June 2008
ငါတို့အားလုံးရဲ့အမေ ပြန်လာပြီ

Sunday, June 29, 2008

Poem for burma

B


ဝါရှင်တန်နွေဦး

ဒီနွေဦးဟာ
တို့ ဆီမှာ ၀သန်မိုးပါ
မြစ်ရေတွေတိုးလို့ 
အဖြစ်ဆိုးတွေ
မကြုံကြပါစေနဲ့ ။

မိုးတွေသည်း
ပျိုးတွေကြဲ
လယ်ထဲယာထဲ
ကျွဲနဲ့ နွားနဲ့ 
ယာလည်းညှက်
အထွက်လည်းကောင်းပါစေ။

ထွက်တဲ့စပါး
လယ်သမားပဲပိုင်
စစ်တပ်မကိုင်ပါစေနဲ့ ။

S.S.T

အပြည့်အစုံသို့ >>>

Tuesday, June 24, 2008

တစ်တောရှင်းတော့်မည်

B


စစ်အစိုးရထိပ်သီး ခေါင်းဆောင်နှစ်ဦး နုတ်ထွက်ဟု သတင်းများ ပျံ့နှံ့

မြန်မာ စစ်အစိုးရခေါင်းဆောင် နှစ်ဦးဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး တို့ ရာထူးမှ နုတ်ထွက်ကာ အနားယူသွားပြီဟူသော ကောလာဟလ သတင်းများ ပျံ့နှံ့လျှက်ရှိကြောင်း သိရ သည်။

ထိုကဲ့သို့ အနားယူရန် မတ်လကတည်းကစီစဉ်နေသည်ဟူသည့် ကောလာဟလ သတင်းများ ထွက်ပေါ်ခဲ့ပြီး လေ့လာသူ များက အကြီးပိုင်း စစ်အရာရှိ အတော်များများ အနားယူလိမ့်မည်ဟု ခန့်မှန်းကြသည်။

ထိုင်းနိုင်ငံအခြေစိုက် စစ်အစိုးရ၏ အတိုက်အခံအင်အားစုများနှင့် မြန်မာစစ်အစိုးရ အသိုင်းအဝန်းနှင့် နီးစပ် သော စစ်ဘက် ကျွမ်းကျင်သူတို့က စစ်ဆင်ရေးအထူးအဖွဲ့မှူး (BSO) ၄ ဦးကိုပါ အနားယူရန် ညွှန်ကြားထား သည်ဟု ပြောကြသည်။ လက်ရှိတွင် မြန်မာပြည်၌ ထိပ်ပိုင်း နအဖ ခေါင်းဆောင်အဖွဲ့ဝင် အဖြစ် စစ်ဆင်ရေး အထူးအဖွဲ့မှူး ၆ ဦးရှိသည်။

စစ်ဆင်ရေးအထူးအဖွဲ့ ၄ ဖွဲ့ကို ၂၀၀၁ ခုနှစ် နိုဝင်ဘာလမှစတင် ဖွဲ့စည်းကာ တိုင်းစစ်ဌာနချုပ် ၁၃ ခုကို ကွပ်ကဲခဲ့သည်။ စစ်ဆင်ရေး အထူးအဖွဲ့ ၅ ကိုမူ ၂၀၀၆ ခုနှစ်မှ စတင်၍ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ကြီးကြပ်မှု အောက်တွင် ရန်ကုန် စစ်ဒေသအတွက် ဒု ဗိုလ်ချုပ်ကြီး မြင့်ဆွေက စစ်ဆင်ရေးမထူးအဖြစ် ဦးဆုံး ကွပ်ကဲခဲ့ကြောင်း ကြားသိရသည်။

ဇွန်လ ၂၁ ရက်နေ့ထုတ် စစ်အစိုးရပိုင် သတင်းစာများတွင် စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တချို့ အပါအဝင် ဝန်ကြီးအဖွဲ့ဝင် တချို့ ရာထူးအပြောင်းအလဲ ပြုလုပ်ကြောင်း သတင်းများ ပါလာခဲ့ပြီးသည့်နောက် ယခုကဲ့သို့ သော စစ်အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်များ ရာထူးမှနုတ်ထွက်မည်ဟူသည့် ကောလာဟလသတင်းများ ဆက်တိုက် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

လေ့လာသူတို့ကမူ ယခုကဲ့သို့ ရာထူးအပြောင်းအလဲများ ပြုလုပ်ခြင်းမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေနှင့် ငယ်ရွယ်နုပျိုသော စစ်ဗိုလ်ချုပ်များကို အစားထိုးလဲလှယ်ကာ ၎င်း၏ စစ်တပ်ကို အသွင်ပြောင်းလို၍ ဖြစ်နိုင် ကြောင်း သုံးသပ်ကြသည်။ ဒု ဗိုလ်ချုပ်ကြီး မြင့်ဆွေမှလွဲ၍ ကျန် စစ်ဆင်ရေးအထူးအဖွဲ့မှူး ၄ ဦးမှာ အငြိမ်းစား ယူရမည့် အသက်အရွယ်ကို နီးကပ်နေကြပြီး တချို့မှာ အသည်းအသန် မမာမကျန်းဖြစ်နေသည်ဟု ကြားသိ ရသည့်အတွက် ၎င်းတို့ ၄ ဦးကို အငြိမ်းစားပေးမည်ဟု ခန့်မှန်းခြင်းဖြစ်သည်။

မည်သို့ပင် ဆိုစေကာမူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေနှင့် ရာထူးမှ နုတ်ထွက်ကာ ၎င်းနေရာကို ဗိုလ်ချုပ်ကြီး သူရရွှေမန်း အား ခန့်အပ်မည်ဟူသောကောလာဟလမှာ ရန်ကုန် သတင်းအသိုင်းအဝန်းနှင့် ထိုင်းနိုင်ငံ အခြေ စိုက် အတိုက်အခံ အင်အားစုများကြားတွင် ပျံ့နှံ့လျှက်ရှိသည်။ ထို့ပြင် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး နေရာကို ဒု ဗိုလ်ချုပ်ကြီး မြင့်ဆွေက ဆက်ခံမည်ဟူသည့် သတင်းထွက်ပေါ်လျှက်ရှိသည်။

တချို့သော စစ်ရေးကျွမ်းကျင်သည့် လေ့လာသူတို့ကမူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေနှင့် ရာထူးမှ အနား ယူမည်မဟုတ်ဘဲ စစ်ကောင်စီတရပ်ကို ဖွဲ့စည်းကာ ဆက်လက်၍ အာဏာကို ဆုပ်ကိုင် သွားလိမ့်မည် ဟု သုံးသပ်ကြသည်။

အထက်ပါကောလာဟလများကို အသေးစိတ်အတည်မပြုနိုင်သေးသော်လည်း လက်ရှိအနေအထားအရ နေပြည်တော်တွင် စစ်ဗိုလ်ချုပ်ကြီးများ၏ လေးလပတ်မျက်နှာစုံညီ အစည်းအဝေးနောက်ပိုင်း ထွက်ပေါ်လာ ခြင်း ဖြစ်ကြောင်း ပြည်တွင်း သတင်း အသိုင်းအဝန်းမှ ကြားသိရသည်။

ဧရာဝတီ ဇွန် ၂၃၊ ၂၀၀၈

အပြည့်အစုံသို့ >>>

Sunday, June 22, 2008

လူမိုက်တို့ သွားရာလမ်း

B


ထိပ်သီးစစ်ခေါင်းဆောင်နှစ်ဦး စစ်တပ်ရာထူးမှ အနားယူ

မြန်မာစစ်အစိုးရ ထိပ်သီးခေါင်းဆောင်နှစ်ဦးဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့နှစ်ဦး စစ်တပ်တွင် ထိန်းချုပ်ထားသည့် တာဝန်များမှ အနားယူ သွားသည်ဟု စစ်တပ်အသိုင်းအ၀ိုင်းက ယနေ့ပြောဆိုသည်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နေရာများမှ အနားယူကာ အခြားအဆင့်မြင့် ဗိုလ်ချုပ်ကြီးများနှင့် အစားထိုးခဲ့ခြင်း ဖြစ်သည်။

၎င်းတို့နှစ်ဦးနေရာတွင် ဗိုလ်ချုပ်ကြီး သူရရွှေမန်းနှင့် ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့ (ကစထ)မှူး တဦးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေအား အစားထိုး ခန့်အပ်ခဲ့သည်ဟု အမည်မဖော်လိုသည့် စစ်ဖက်အရာရှိတဦးက ပြောသည်။


“တပ်ချုပ်နဲ့ ဒုချုပ်က တပ်အမိန့်ပုံစံမျိုးနဲ့ တပ်က အနားယူတဲ့ သဘောပဲ၊ (နယက) ကောင်စီမှာတော့ ဆက်ရှိနေမယ်၊ အရင် (ကစထ) မှူးတွေလည်း အနားယူတယ် ဆိုပေမယ့် အဲ့ဒီကောင်စီမှာ ဆက်ပါနေအုံးမယ်၊ တပ်ချုပ်နဲ့ ဒုချုပ်က ရန်ကုန်ပြန်လာမယ်၊ သူတို့နဲ့အတူ (ကစထ)မှူးတွေ ထဲက ဒုတိယ ဗိုလ်ချုပ်မှူးကြီး ခင်မောင်သန်းလည်း ပါလာမယ်၊ သူလည်း အနားယူပြီ”ဟု အဆိုပါ တပ်မတော်အရာရှိ တဦးက ပြောသည်။

ထို့အပြင် ရန်ကုန်တိုင်း၊ တောင်ပိုင်းတိုင်းနှင့် အရှေ့မြောက်တိုင်းမှ တိုင်းမှူးသုံးဦးမှာလည်း ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူးများအဖြစ် တဆင့်တိုး ခန့်အပ်လိုက်ပြီး ထိပ်ပိုင်းခေါင်းဆောင် အများအပြား အပြောင်းအလဲ ပြုလုပ်ခဲ့သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ရန်ကုန်တိုင်း တိုင်းမှူးအဖြစ် အမှတ် (၇၇) ခြေမြန်တပ်မဌာနချုပ် တပ်မမှူး ဗိုလ်ချုပ်ဝင်းမြင့်နှင့် မုံရွာခရိုင်မှ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် တပ်မတော် ဆေးတက္ကသိုလ် ပါမောက္ခချုပ် ဗိုလ်ချုပ် ရာပြည့်တို့ ပြောင်းလဲရောက်ရှိ လာမည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။

“ဒါက တပ်တွင်းနေရာ အပြောင်းအလဲတွေဖြစ်တော့ သတင်းစာတွေကတော့ တရားဝင် ပုံ ဘယ်သူဘာညာဆိုပြီးတော့ ထွက်လာမှာ မဟုတ်ဘူး၊ အရင် (ကစထ) မှူးဟောင်းတွေ နားတယ် ဆိုပေမယ့် နိုင်ငံတော် ကောင်စီထဲမှာ ဆက်ရှိနေအုံးမယ်၊ ၂၀၁၀ ကျရင် နေရာယူမယ်လို့တော့ ခန့်မှန်းနေတာပဲ”ဟု ပြောသည်။

တိုင်းတပ်မအတွင်းရှိ စစ်ဦးစီးအရာရှိ ပထမတန်း အယောက် (၂၀) ခန့်မှာလည်း တိုင်းတပ်မ ဗျူဟာမှူး များအဖြစ် အပြောင်းအလဲများ ရှိမည်ဖြစ်သည်ဟု ၄င်းက ဆက်လက်ပြောဆိုခဲ့သည်။

ယခုအပြောင်းအလဲများနှင့် ပတ်သက်၍ တပ်တွင်းတင်းကြပ်နေသော ရာထူးနေရာ အများအပြား အပြောင်းအရွှေ့များ ဖြစ်ပေါ်လာသည့်အတွက် ရှေ့အလားအလာကို ခန့်မှန်းရ ခက်နေသေးပြီး အာဏာအရပ်ရပ်အား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဆက်လက်ထိမ်းနိုင်မည့် အခွင့်အလမ်း အချို့အတွက် စဉ်းစားစရာ ဖြစ်နေသည်ဟု အဆိုပါ စစ်ဘက်အရာရှိက ပြောဆိုသွားခဲ့သည်။

သတင်း - ဗထူး (ရိုးမ ၃)၊ ဇွန် ၂၂-၂၀၀၈

အပြည့်အစုံသို့ >>>

Friday, June 20, 2008

ဖို့ တ်ဝိန်းမြို့ ရောက် မိုင်၃၀၀၀- ၈၈စစ်ကြောင်း

B

အပြည့်အစုံသို့ >>>

Thursday, June 19, 2008

Nargis Arts show

B










အပြည့်အစုံသို့ >>>

ဒေါ်အောင်ဆန်းစုကြည်နှင့်ပက်သက်၍ (ဗိုလ်မှူးအောင်းလင်းထဋ်)

B





အပြည့်အစုံသို့ >>>

ကိုရီးယားကပို့ တဲ့ကဗျာ

B


မီးပန်းကငှက်ငယ်ထက်မြင့်

အဲဒီညပေါ့….

လေတချက်အငိုက်….

မီးပန်းတွေရွက်တိုက်တော့,

မှောင်မိုက်ညရဲ့ခန္ဓာ

မျက်ဝန်းထဲ

လောင်ကျွမ်းသွားရှာတယ်……


အောင်းမေ့ဖွယ်သီချင်းနဲ့အတူ

နှလုံးသားကခေါင်းလောင်းသံ

အတွင်းဒါဏ်ဖြစ်နေတဲ့

ကလေးရဲ့လက်ပေါ်ကစလို့

သင်းသတ်မရအောင်လောင်မြိုက်

တဖြစ်ဖြစ်မီးတိုက် တွေ

စီးလာရာမီးလမ်း

အနောက်ဘင်္ဂလားမှသည်,

မမွေးသေးသောမြို့သစ်များဆီသို့………


ကမ္ဘာမြေရဲ့မျိုးစေ့

ပန်းများ,သစ်သီးဝလံများ,

အိပ်မက်များ

နက် ရှိုင်းစွာစကားပြောကြ…

သီချင်းဆိုကြ,

လေးလံတဲ့အရာတွေ လှုပ်ခါချလို့……


မီးပန်းဟာ,

ငှက်တကောင်ထက်အမြင့်ပျံတယ်….

တခု သောဖယောင်းတိုင်မီး

တခု သောကမ္ဘာကြီးဆီသို့

ပွင့်လင်းသော,လွတ်လပ် သော..

ငြိမ်းချမ်းသော,ခိုင်မာသော

ချစ်ခြင်းများရှိသည့်အရပ်ဆီ…….


အားလုံးမြောက်တင်ပစ်သည့် မီးပန်းများ,

မီးစများ,မီးပေါက်များ ..

စုဆုံ ကြသည့်တနေ့အခါ…

မီးတောင်ထက်ပေါက်ကွဲမှုအားပြင်းထန်သော,

မီးပန်းငယ်ဟာ

ငှက်တကောင်ထက်အမြင့်ပျံတယ်………




ဘဆောလ် ဟီ သည် ၁၉၆၄ ခုနှစ် ဂါန်ဝမ်ဒို ဆိုဂ်ချိုတွင် မွေးဖွားပြီး ဆောင်ရှင်း အမျိုးသမီး တက္ကသိုလ်တွင် ကိုရီးယားဘာသာရပ်ဖြင့် ဘွဲ့ရရှိပြီး ဟန်ရှင်း တက္ကသိုလ်တွင် စာပေဖန်းတီးရေး ဘွဲ့လွန်ကျောင်း အောင်မြင့်ခဲ့ပါသည်၊ ၂၀၀၃ ခုနှစ်တွင် ကဗျာဆရာ ဆုရရှိခဲ့ပြီး ကဗျာများ ဆက်လက်ရေးသားလျက်ရှိပါသည်၊


ဇော်မိုးအောင်တိုက်ရိုက်ဘာသာပြန်ကာတာရာမင်းခိုက်ဆီ လျှော်အောင်သီဖွဲ့သည်.

အပြည့်အစုံသို့ >>>

Sunday, June 15, 2008

နယူးယောက်မြန်မာသံရုံး (ဗိုလ်မှူးအောင်းလင်းထွဋ္ဋ်)

B

အပြည့်အစုံသို့ >>>

Nargis Art show

B





အပြည့်အစုံသို့ >>>

မုန်တိုင်းတေး (လေးဖြူနှင့် အနုပညာရှင်များ)

B

အပြည့်အစုံသို့ >>>

Monday, June 9, 2008

ဗိုလ်မှူးအောင်လင်းထွဋ္ဋ် VOA အင်တာဗျူး၊ မေ ၂၅

B






အပြည့်အစုံသို့ >>>

Friday, June 6, 2008

ဗိုလ်မှူးအောင်းလင်းထွဋ္ဋ်ရေးသောစာ

B






အပြည့်အစုံသို့ >>>

ကိုရီးယားက ပို့ တဲ့ကဗျာ

B

တစ်သားထဲဖြစ်သွားသော လမ်းပေါ်ကလူများ

နက်မှောင်တဲ့ လှိုင်းဟာ
မညီညာတဲ့ 
တောင်တွေကိုဖြတ်ကျော်

ထိန်းချူပ်ခံအိမ်တလုံးမှာ
ရာသီပေါင်းများစွာ
ကြေကွဲနေတဲ့ အမျိုးသမီးအတွက်
အကြင်နာကင်းအောင် လှတဲ့
ဂွမ်ဂျူးရဲ့  နွေဦးကို
အပြစ်ဖွဲ့ မိတယ်

ပင်စည်မှ သစ်ကိုင်း
တိုးထွက်တဲ့  ရွက်ပွင့်တိုင်း
နေရောင်ကို အန်တု
အနီရောင် ကတ္တီပါထုဟာ
နွေဦးရောက်တိုင်း
ပန်းခြံမှာ ယောင်ကိုင်းလာတယ်

နွေဦးရေ
တောက်ပြောင်တဲ့မျက်လုံးပိုင်ရှင်
ကလေးများ
သန့် စင်လှပတဲ့  နံနက်ခင်းကို
လွတ်လပ်စွာ ပွေ့ ဖက်နိုင်မယ်ဆို
တပိုင် တနိုင် လက်ဆုပ်နဲ့ 
ကယ်တင်ခြင်းပေးတဲ့ အမေတို့ 
ပြိုကျခဲ့ပေါ့ ခန္ဓာ

သေနတ်တည့်တည့်ကို
ချိန်ထားတဲ့ နှလုံးသားများ
အား……………………………..
ဂီးနာမ် ရဲ့ နွေဦးဟာ
ပူလောင်လှချည်ရဲ့

အောက်မေ့ဖွယ် မှတ်တိုင်က
ချိုမြန်တဲ့ မွှေးရနံ့ တွေ

အိမ်မက်ထိုင်ခုံ
ကိုယ်ပိုင် ယက်လုပ်ဖို့ 
ညနက်နက်ထဲမှာ
ငါတို့ ဟာ
မှောင်နေသေးတဲ့ ကြယ်

အသက်ဝအောင်ရှုရင်း
မတော်တဆရကြမယ်
ဒို့ ညီအကိုတွေရဲ့  အိပ်ကပ်မှာ
ဆိုးရွားတဲ့ အနံ့ အသက်
ဝန်းကျင်ကို ပျံ ထွက်ပေမဲ့ 
အစဉ်အလာ အတိုင်းပေါ့
အညိုရောင် ကြွက်သားနဲ့ 
ငါတို့ မြေကိုထိန်းသိမ်းကြ

ရေနံတူးစင်က ထွက်လာတဲ့ သွေးမည်း
ခေတ်သစ်ဓနရှင်ရဲ့
ကားလုပ်ငန်းထဲကို စီးဝင်
ဂွမ်ဂျူးရဲ့  အတိတ်နဲ့ 
သင်္ချိုင်းက ပုံရိပ်တွေ
အခြားနည်းလမ်းနဲ့ 
အခြားတစ်နေရာ
ပုံစံတူ အဖြစ်အပျက်
ရုပ်ပုံတွေ ဆွဲကိုင်
အလံကို ထိုးစိုက်
စာသင်ခန်းကို
သူငယ်တို့  ပစ်ပယ်ကြ

အနီရောင်ပင်လယ် သံဃာတွေ
မေတ္တာရပ် ခံနေတဲ ဘိက္ခူနီတွေ
ထွန်တုံးကိုပစ်ချခဲ့  တောင်သူတွေ
အားလုံးဟာ
မတရားမှုကို
ငတ်မွတ်ခြင်းလို စက်ဆုပ်ကြ
လေသန့် သန့် ရှု ဖို့ 
အထက်အမြင့်ကို တက်တိုင်း
ရက်စက်တဲ့ ရင်းနှီးမှု
ပုခုံးတွေကို နင်းချေပြုရတယ်

ဒီမှာ…
သန့် စင်တဲ့  အာရုံသစ်
လက်မောင်းခြင်းယှဉ်ပြီးဖွင့်လှစ်ရအောင်
အချိန်ဟာ ရက်စက်တိုတောင်း
သေချာတာ
တစ်ယောက်မှာ အသက်တစ်ချောင်း

ဘယ်တောင် ဘယ်လောက် မြင့်မလဲ
ငါတို့ ရဲ ရဲ ဖြတ်ကျော်
လှိုင်းကြမ်း လှိုင်းရမ်း
ငါတို့ လက်ကို
မလွှမ်းနိုင်ဘူး

အမှောင်ဖုံးတဲ့ မျက်လုံး
မှားယွင်းမှုနှုန်းတွေ မတိုးခင်
နောက်တစ်ကြိမ်ထပ်ဖွင့်
စွမ်းအားသစ် ရွှက်လွင့်စမ်း

မြန်မာအပေါင်းတို့ …
ငါတို့ ရဲ့ မြေကမ္ဘာ
ဘယ်သူတွေ သင်းသတ်မလဲ
ယုံကြည် မှုတိုင်းဟာ အသစ်
ပိတ်ဆို့ မရတာ နွေဦးစစ်စစ်
မပြီးသေးတဲ့  ပန်းချီကား
မဲနက်တဲ့ လှိုင်းတွေကို ကျော်ဖြတ်
မြင့်မားတဲ့ တောင်တွေကို ဖြတ်ကျော်
ငါတို့ ဟာ
တစ်သားထဲ ဖြစ်တဲ့အခါ
သန့် စင်လှပတဲ့  နွေဦးဟာ
ရင်ဘတ်ထဲက နောက်ဆုံးစေတနာ…


၁၉၈၀ ခုနှစ် မေလ ၁၈ ရက်နေ့ ဂွာန်ဂျူ အရေးအခင်းစတင်ပြီး ဂွာန်ဂျူ မြို့နယ် ကောင်စီရုံးရှေ့တွင် စစ်ဗိုလ်ချုပ် ဂျွန်ဒူဝမ် (ချာန်ဒူဝမ်) က ခိုင်းစေသော စစ်တပ်က ကိုရီးယား ကျောင်းသား ပြည်သူများ မတရား ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသော သွေးမြေကျခဲ့ရသောဂီးနမ်လမ်းမကြီးကို ဖော်ပြခြင်းဖြစ်သည်၊

ကဗျာဆရာ ဘဂ် မုဂုသည် ဂွာန်ဂျူ အရေးအခင်းတွင် ဂျွန်နမ် တက္ကသိုလ် အင်္ဂလိပ်ဘာသာရပ်နှင့် ဟန်ညမ်း တက္ကသိုလ်၌ကိုရီးယားဘာသာရပ် (ဘွဲ့လွန်) တို့ဖြင့် ဘွဲ့ရရှိခဲ့ပါသည်၊ ၁၉၇၇ ခုနှစ်မှ စတင်၍ ကဗျာကို စတင်ရေးသားခဲ့ပါသည်၊ ကိုရီးယားစာပေဝေဖန်မူ အကောင်းဆုံး ဆုတံဆိပ် ရရှိခဲ့ပါသည်၊

ဘာသာပြန် - ဇော်မိုးအောင် (လွတ်မြောက်နယ်မြေ)
ကိုရီးယားစာသားပြင် - တာရာ မင်းခိုက်

အပြည့်အစုံသို့ >>>

/* EOT ----------------------------------------- */