FREEDOM FIGHTER FOR BURMA: March 2010
ငါတို့အားလုံးရဲ့အမေ ပြန်လာပြီ

Thursday, March 18, 2010

မေးခွန်းများ 2

B

သင်နဲ့ အချိန်ပြိုင်နေသလား
အချိန်က သင့်ကိုနိုင်နေသလား
သင်က အချိန်ကိုနိုင်နေသလား။

သင်နဲ့ ဘ၀ ပြိုင်နေသလား
ဘ၀က သင့်ကိုနိုင်နေသလား
သင်ကဘ၀ကို နိုင်နေသလား။

သင်နဲ့ မည်သူပြိုင်နေသလဲ
မည်သူက သင့်ကိုနိုင်နေလဲ
သင်ကရော မည်သူ့ကိုနိုင်နေလဲ။

အရာအားလုံးကို သင်အနိုင်ရချင်ရင်
သင်ဘာတွေလုပ်မလဲ၊
အရာအားလုံးကို သင်အရူံးပေးရရင်
သင်ဘယ်လိုနေမလဲ။
(ဆက်ရန်)
မျိုးချစ်လူငယ်

မေးခွန်းများ ၁
သင်ဟာ
သင့်အတွက် ဘာတွေလုပ်ပြီးပြီလဲ၊
သင့်ကိုယ်သင် ပြန်မေးကြည့်ပါ၊

သင်ဟာ
အခုရောဘာတွေ လုပ်နေသလဲ၊
နောင်ရောဘာတွေ လုပ်ဦးမလဲ၊
သင်ဟာ
လူစဖြစ်ပြီး လူရယ်လို့ သိတတ်စ အရွယ်ကတည်းက
လူတွေအတွက် အကျိုးပြုလုပ်းငန်းတွေ
ဘာတွေလုပ်ဖူးသလဲ၊
ဘာတွေကိုရောလုပ် ပြီးပြီလဲ၊

သင့်အတွက်
အချိန်ဆိုတာ တန်ဖိုးရှိပါသလား၊

သင်ဟာ
အချိန်တွေကိုဘယ်လို အသုံးချပါသလဲ၊

သင်ရဲ့
အနာဂတ်အတွက် ဘာတွေရည်ရွယ်ထားသလဲ၊

သင်ဟာ
သင့်ကိုယ်သင် Self Important Person လို့ ယူဆထားပါသလား
(ဒါမှမဟုတ်)
သင့်ကိုယ်သင် Very Important Person လို့ ယူဆထားပါသလား ၊

သင်ဟာ
သင့်ကိုယ်သင် ယုံကြည်မှုရှိပါသလား၊

သင့်ကြောင့်
လူတွေ ဘယ်လောက်များ ဒုက္ခရောက်ခဲ့သလဲ၊

သင်ဟာ
လူတွေကို ချစ်ခင်ပါသလား၊
လူတွေကရော သင့်ကို ချစ်ခင်ကြပါသလား၊ ။
(ဆက်ရန်)

အပြည့်အစုံသို့ >>>

/* EOT ----------------------------------------- */