FREEDOM FIGHTER FOR BURMA: 2010
ငါတို့အားလုံးရဲ့အမေ ပြန်လာပြီ

Tuesday, November 23, 2010

ဒေါ်အောင်ဆန်းစုကြည်နှင့် သားဖြစ်သူ ပြန်လည် ဆုံတွေ့ကြပြီ (AFP သတင်းဌာန)

B


နိုဝင်ဘာ ၂၃၊ ၂၀၁၀
ရန်ကုန်လေဆိပ်တွင် တွေ့ရသော သားအမိ ၂ ဦး နှင့် ၎င်းတို့ကို ကြည့်ပြီး ပျော်ရွှင်နေသူ ပရိသတ်များ (ဓာတ်ပုံ AP)
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြသည် ၁၀ နှစ်ကြာ ကွဲကွာနေသော သားငယ်နှင့် ယနေ့ နံနက်က ပြန်လည် တွေ့ဆုံနိုင်ခဲ့သည်။

ရန်ကုန်လေဆိပ်တွင် စောင့်နေသော ဒေါ်အောင်ဆန်းစုကြည် နှင့် ဘန်ကောက်မှ လေကြောင်းဖြင့် ရောက်လာသော ကင်မ် အဲရစ်တို့ တွေ့ကြခြင်း ဖြစ်သည်။

“ကျမ အင်မတန် ၀မ်းသာပါတယ်၊ အင်မတန် ပျော်ပါတယ်” ဟု ဒေါ်စုက AFP သတင်းဌာနကို ပြောသည်။

ပြုံးရယ်နေသော မိခင်ထံသို့ အဲရစ် ရောက်သွားပြီး လက်မောင်းတွင် ထိုးထားသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အမှတ်အသား ဆေးမင်ကြောင်ကို ပြခဲ့သည်တွေ့ရကြောင်း AFP သတင်းထောက်က ပြောသည်။





မိုးမခမှ ကူးယူဖော်ပြသည်

အပြည့်အစုံသို့ >>>

ဒေါ်အောင်ဆန်းစုကြည်၏ ဒုတိယမြောက်နိုင်ငံရေးမိန့်ခွန်း

B


(Photo - MoeMaKa)
အားလုံးတကယ်ပဲ ဒီတိုင်းပြည်မှာ စစ်မှန်တဲ့ စိတ်ဓာတ်တော်လှန်ရေးကြီးကို အောင်အောင်မြင်မြင် လုပ်ချင်တယ်ဆိုလို့ရှိရင် အားနည်းချက်တွေကိုလည်း အားလုံးနဲ့ ဆိုင်တယ်ဆိုတဲ့ စိတ်ဓာတ်ထားရမယ်၊ အောင်မြင်ချက်တွေကိုလည်း အားလုံးနဲ့ ဆိုင်တယ် ဆိုတဲ့ စိတ်ဓာတ်ထားရမယ်။ ဒါက တကယ်ကို ညီညွတ်ရေးရဲ့ အခြေခံပဲ။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီအင်အားစုများအဖွဲ့က ၀ါရင့် နိုင်ငံရေးသမားကြီးများ သက်ကြီးပူဇော်ပွဲကို နိုဝင်ဘာလ ၂၀ ရက်နေ့က မရမ်းကုန်းမြို့နယ်ရှိ သခင်သိန်းဖေနေအိမ် တွင် ပြုလုပ်ခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားခေါင်းဆောင်များတက်ရောက်ခဲ့ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဒုတိယပင်လုံညီလာခံဖော်ဆောင်ရေး လှုပ်ရှားရန် ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းဆောင်အဖြစ် တရားဝင်အသိအမှတ်ပြု တာဝန်ပေးအပ်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း အဆိုပါအခမ်းအနားတက်ရောက်လာသူများ၊ နိုင်ငံရေးသမားများနှင့် သတင်းမီဒီယာများကို ၁၀ မိနစ်နီးပါးကြာမြင့်သော မိန့်ခွန်းတရပ်ပြောဆိုခဲ့ပြီး အဆိုပါမိန့်ခွန်းမှာ သူမလွတ်မြောက်ပြီးနောက် ဒုတိယအကြိမ် ပြောဆိုသော နိုင်ငံရေးမိန့်ခွန်းဟု ဆိုရပေမည်။ အဆိုပါမိန့်ခွန်းကို မူရင်းအတိုင်း ပြန်လည်ဖော်ပြလိုက်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်
“ကျွန်မတို့တိုင်းရင်းသားတွေဟာ ကျွန်မတို့ရဲ့ လုပ်ဖော်ကိုင်ဖက်ဟုတ်ရဲ့လားဆိုတာ ကျွန်မတို့ပြရမယ်။ ကျွန်မတယောက်တည်း ကျွန်မသဘောနဲ့ ထမ်းဆောင်သွားလို့ မဖြစ်ပါဘူး။ အခုဒီမှာ ရောက်နေတာက မျိုးဆက်တွေကလည်းစုံတယ်။
လူကြီးတွေ၊ အခုလာပြီးပြောနေတဲ့ ဘဘတို့ ရဲ့ မျိုးဆက်တွေ၊
ကျွန်မတို့ရဲ့မျိုးဆက်တွေ၊ ကျွန်မတို့ထက်ငယ်တဲ့ ၈၈ မျိုးဆက်တွေ၊ ၈၈ ထက်ငယ်တဲ့ လူငယ်တွေ၊ မျိုးဆက်တွေ၊ ဒီမျိုးဆက်တွေ၊ မျိုးဆက်တွေက ဒီတာဝန်တွေကို ဆက်ပြီးထမ်းဆောင်သွားရမယ်။
ညီလာခံတခုထက် အရေးကြီးတာက စိတ်ဓာတ်ပဲ။

ကျွန်မတို့က ပင်လုံစိတ်ဓာတ်ကို ဆက်ပြီးရှင်သန်အောင်လုပ်သွားဖို့က နောင်မျိုးဆက်တွေမှာလည်း တာဝန်ရှိတယ်။ အလုပ်တခုက ညီလာခံတခုနဲ့ ပြီးသွားတာမဟုတ်ဘူး။ ဒီညီလာခံကနေပြီးတော့ အကောင်အထည်ဖော်လိုက်တဲ့ ကိစ္စတွေကို အဓိပ္ပာယ်ရှိရှိနဲ့ ဆက်ပြီး ကျွန်မတို့နိုင်ငံအတွက် ရပ်တည်သွားနိုင်ဖို့ဆိုတာ အားလုံးရဲ့တာဝန်ဖြစ်တယ်။ ဒီမျိုးဆက် တခုနဲ့
မပြီးသွားဘူး။

မျိုးဆက်တွေ၊ မျိုးဆက်တွေ ဆက်ပြီးတော့လုပ်ရဦးမယ်။ တိုင်းရင်းသားတွေအားလုံး ညီညီညွတ်ညွတ်နဲ့လုပ်ရမယ်။ အခုဒီလို ၀ါရင့်နိုင်ငံရေးသမားကြီးတွေ ကန်တော့ပူဇော်ပွဲမှာ ဒီလိုကိစ္စတွေအတွက် ဆုံဆည်းပြီးလုပ်ကြတာ အင်မတန်မှ သင့်တော်တယ်လို့ ကျွန်မထင်တယ်။ တစ်နည်းအားဖြင့် ဆိုလို့ရှိရင် ၀ါရင့်နိုင်ငံရေးသမားကြီးများ၊ လူကြီးများက ကျွန်မတို့ကို လက်ဆင့်ကမ်းပြီး တာဝန်ပေးလိုက်တဲ့သဘောပဲ။

အဲဒီတော့ ကျွန်မတို့ကလည်း အခုထက်တောင်ပိုပြီး လုပ်ဆောင်ရမှာပေါ့။ ကျွန်မတို့ပြီးလို့ရှိရင် လူလတ်ပိုင်း၊ လူငယ်ပိုင်း အဆင့်ဆင့်လုပ်သွား ရမယ်။ ဘယ်တော့မှ နိုင်ငံရေးဆိုတာ ပြီးတယ်လို့ မရှိဘူး။ နိုင်ငံရေးဆိုတာ လူတိုင်း ဘယ်သူနဲ့မှလည်း ကင်းတယ်လို့ မရှိဘူး။ ဘယ်တော့မှ ပြီးဆုံးသွားတယ်လို့လည်း မရှိဘူး။

ဒုတိယပင်လုံလို့ပဲပြောပြော ကျွန်မ ၂၁ ရာစုနှစ်ပင်လုံလို့ ပြောချင်တာက ၂၁ ရာစုနှစ်အမြင်တွေနဲ့လည်းကိုက်အောင်၊ ၂၁ ရာစုမှာ ရမယ့်အခွင့်အရေးတွေ၊ လုပ်ပုံလုပ်နည်း၊ လမ်းကြောင်းတွေနဲ့ ကိုက်အောင်ဆိုပြီးတော့ ကျွန်မက လုပ်လိုက်တာပါ။ လူကြီးတွေပြောတဲ့ ဒုတိယပင်လုံဆိုတဲ့စကားကို ဖယ်ရှားတဲ့သဘောလည်းမဟုတ်ပါဘူး။ ထပ်ပြီး တော့ ဖြည့်ဆည်းပေးတဲ့ သဘောလို့ မြင်စေချင်ပါတယ်။

ကျွန်မတို့နိုင်ငံဟာ တကယ့် ပြည်ထောင်စုစစ်စစ်ဖြစ်ဖို့ လူတိုင်းမှာ တာဝန်ရှိပါတယ်။ ဟုတ်တာတော့ ကျွန်မက ပြောရမှာပဲ။ ကျွန်မက ဗမာဆိုတော့ ဒီလိုအခြေအနေမှာ ပြောလို့မကောင်းပါဘူး။ လူများစု ဖြစ်တဲ့ ဗမာတွေက ပိုပြီးတော့ကြိုးစားရမယ်။ ငါတို့က လူများစုဆိုတာ အခွင့်အရေးယူဖို့ မဟုတ်ဘူး။ ပိုပြီးတော့ တာဝန်ယူဖို့။ အဲသလိုပဲမြင်ပါတယ်။ ကိုယ့်မှာ အင်အားပိုပြီးတော့များ လို့ရှိရင် တာဝန်ပိုပြီးတော့ ယူရမယ်။ အခွင့်အရေးကို လျှော့ပြီးတော့ယူရမယ်။

ဒါမှ လူ့သိက္ခာနဲ့ညီတဲ့ ကျွန်မတို့နိုင်ငံအတွက် ကောင်းတဲ့အစဉ်အလာတွေ ဖြစ်နိုင်မှာပါ။ တော်လှန်ရေးသမားဆိုတဲ့ အဓိပ္ပာယ်ကို ဖော်ဆိုတဲ့အခါမှာ ဆရာကြီးမင်းသုဝဏ်ရဲ့ “သူ့မှာတမ်း ” ဆိုတဲ့ ကဗျာပေါ်အခြေခံပြီးတော့ ပြောချင်တယ်။ တော်လှန်ရေးသမားရဲ့ စိတ်ဓာတ်ဆိုတာ နောက်ဆုံးတိုင်၊ နောက်ဆုံးစွန်းတိုင်၊ အဲဒီကဗျာကို ဖတ်ဖူးတဲ့သူတွေ ၊ မှတ်မိတဲ့သူတွေ သိပါလိမ့်မယ်။ ဒီတော်လှန်ရေးသမားကြီးက တော်လှန်ရေးမပြီးခင် ကျဆုံးသွားတဲ့အခါကျတော့ သူက တောင်းပန်သွားတယ်၊ အားနာပါတယ်၊ လမ်းဆုံး ကို သူမမီ တော့ဘူး။ အဲဒီလိုပဲဖြစ်ရမယ်။ ကိုယ်က ဘယ်လောက်လုပ်ပေးပါတယ်ဆိုတာ ပြောမယ့်အစား ကိုယ်ဒါ့ထက်ပိုပြီးတော့ မလုပ်ပေးနိုင်တာကို မကျေနပ်နိုင်ပါဘူး။ မလုပ်ပေးနိုင်လို့ တောင်းပန် ပါတယ်ဆိုတဲ့ စိတ်ဓာတ်အားလုံးမှာ ရှိရမယ်။ အဲဒီလို စိတ်ဓာတ်မျိုးနဲ့လုပ်သွားရမယ်။

အခုဆိုရင် ကမ္ဘာကြီးမှာ နောက်ဆုံးတော်လှန်ရေးကို IT တော်လှန်ရေးပေါ့နော်၊ ဒီလို သူတို့ ခေါ်ကြတယ်။ နည်းပညာတော်လှန်ရေးပေါ့။ အရင်တုန်းက စက်မှု တော်လှန်ရေးလည်း ရှိခဲ့ တယ်။ တော်လှန်ရေးအမျိုးမျိုးရှိခဲ့တယ်။

တော်လှန်ရေးဆိုတာက အပြောင်းအလဲကြီးတခုပဲ။ သိသာတဲ့ အပြောင်းအလဲကြီးတခုပဲ။ အဲဒီလို အပြောင်းအလဲတွေက ကျွန်မတို့ ကမ္ဘာကြီးတည်သရွေ့ ရှိနေမှာပဲ။ ကျွန်မတို့အားလုံးမှာ တော်လှန်ရေးစိတ်ဓာတ်မွေးတယ်ဆိုတာက အဲဒါကို ပြောတာပဲ။ ခေတ်နဲ့အညီ ကိုယ်ရဲ့တာဝန်ကို ဆုံးခန်းတိုင်အောင် ဆက်ပြီး ထမ်းဆောင်သွားချင်တဲ့စိတ်ပဲ။

အခု ကျွန်မတို့က ခေတ်နဲ့အညီ ပြည်ထောင်စုစိတ်ဓာတ်တွေ ကို ဘယ်တော့မဆို ခိုင်မြဲသထက် ပိုပြီးတော့ ခိုင်မြဲအောင်လုပ်သွားရမှာ၊ အဆုံးရှိမှာမဟုတ်ဘူး။ ဘယ်တော့မှ အဆုံးရှိမှာမဟုတ်ဘူး။ ပင်လုံညီလာခံ၊ ဒုတိယပင်လုံညီလာခံ ခေါ်ပြီးလို့ရှိရင် ပြီးပြီဆိုတာမျိုးမဟုတ်ဘူး။
ပင်လုံညီလာခံကချမှတ်တဲ့ ဆုံးဖြတ်ချက်တွေကို အကောင် အထည်ဖော်ရမယ်၊ ဆက်ပြီး ဆက်ပြီးတော့ ပင်လုံစိတ်ဓာတ်တွေကို ပိုပြီးတော့ ခိုင်မာအောင်၊ ပိုပြီးတော့ ကျယ်ပြန့်လို့ကြိုးစားသွားရမယ်၊ ကျွန်ခပ်တိုတိုပဲပြောပါရစေ။

ပေးလိုက်တဲ့ တာဝန်တွေ၊ အခုပေးတဲ့တာဝန်တွေကို ကျေပွန်အောင်ကြိုးစားပါ့မယ်။ ဒီလိုကြိုးစားတဲ့နေရာမှာ ၀ိုင်းပြီးတော့ အကူအညီပေးကြပါ။ အကြံဉာဏ်ပေးကြပါ။ သဘောမတူရင်လည်း သဘောမတူဘူးလို့ ပြောကြပါ။ နောက်ပြီးတော့ ဘာဖြစ်လို့ သဘောမတူတာလဲ၊ ကျွန်မလုပ်ပုံကိုင်ပုံတွေကို သဘောမတူတာလား၊ ဘာဖြစ်လို့ သဘောမတူတာလဲ ဆိုတာကို ပြောကြပါ။
ကျွန်မက အဲဒီ ဘာဖြစ်လို့ ဆိုတဲ့မေးခွန်းက အင်မတန်အရေးကြီးတယ်လို့ ထင်ပါတယ်။ မကြိုက်ဘူးလို့ ပြောရုံနဲ့မရဘူး။ ကြိုက်တယ်လို့ ပြောရုံနဲ့လည်း မရဘူး။ ကိုယ့်မှာ အကြောင်းအချက် ခိုင်ခိုင်မာမာရှိရမယ်။ အဲဒီတော့မှ တဘက်က နားလည်နိုင်မယ်။

ဘယ်လိုပြုပြင်ရမလဲ၊ ဘာဖြစ်လို့ ပြုပြင်သင့်သလဲဆိုတာ သဘောပေါက်မယ်။
ဒီတာဝန်ထမ်းဆောင်ဖို့ ၀ါရင့်နိုင်ငံသမားကြီးများဖြစ်တဲ့ လူကြီးများ၊ ကျွန်မတို့နဲ့ တမျိုးဆက်တည်းဖြစ်တဲ့ ပုဂ္ဂိုလ်များ၊ ကျွန်မတို့ ထက်ငယ်တဲ့ ၈၈ မျိုးဆက်လို့ ပဲဆိုပါတော့၊ လူလတ်ပိုင်း၊ နောက်ပြီးတဲ့ တက်သစ်စဖြစ်တဲ့ လူငယ်ပိုင်းတွေက အားလုံး ၀ိုင်းပြီးတော့ ကူညီကြပါ။ အားလုံးဝိုင်းပြီးတော့ လုပ်ကြပါ။ အားလုံးရဲ့တာဝန်က တယောက်ချင်း ၊ တဦးချင်း ရဲ့ တာဝန်ဖြစ်တယ်ဆိုတဲ့ စိတ်ဓာတ်ကို ထားစေချင်တယ်။ ကျွန်မတို့မှာ အားနည်းချက်တွေ ရှိလို့ရှိရင် အားနည်းချက်ဟာလည်း လူတိုင်းနဲ့ဆိုင်တယ်၊ အောင်မြင်မှု ကလည်း လူတိုင်းနဲ့ဆိုင်တယ်ဆိုတဲ့ စိတ်ဓာတ်ကို ထားစေချင်တယ်။

တချို့ကျတော့ အားနည်းချက်ဆိုရင် ငါနဲ့မဆိုင်ဘူး၊ အောင်မြင်မှုဆိုရင်တော့ သူတို့ပဲ၊ သူတို့ပဲ ဆိုတာတွေ ကတော့ မဖြစ်ဘူးနော်။ အဲဒီစိတ်ဓာတ်ကို ကျွန်မတို့ ဖယ်ရှားရမယ်။ ပုဂ္ဂိုလ်တဦးချင်း ၊ တယောက်ချင်းကလည်း ဒီလို စိတ်ဓာတ်ထားရမယ်၊ အဖွဲ့အစည်းတခုချင်းကလည်း အဲလိုစိတ်ဓာတ်ထားရမယ်။

ကျွန်မတို့ လုပ်တာအောင်မြင်ရင် ဒို့ NLD ကွ ဆိုပြီး အဲလို ပြောတာက အင်မတန်မှ မှားတယ်။ တချို့ကျတော့လည်း နိုင်ငံရေးနဲ့ပတ်သက်လို့ လုပ်တာ သိပ်အားမရလို့ရှိရင် အဲဒါ NLD ပဲ ဆိုပြီး လက်ညိုးထိုးတာလည်းရှိတယ်။ အဲဒီနှစ်ခုစလုံးက မမှန်ဘူး။

အားလုံးတကယ်ပဲ ဒီတိုင်းပြည်မှာ စစ်မှန်တဲ့ စိတ်ဓာတ်တော်လှန်ရေးကြီးကို အောင်အောင်မြင်မြင် လုပ်ချင်တယ်ဆိုလို့ရှိရင် အားနည်းချက်တွေကိုလည်း အားလုံးနဲ့ ဆိုင်တယ်ဆိုတဲ့ စိတ်ဓာတ်ထားရမယ်၊ အောင်မြင်ချက်တွေကိုလည်း အားလုံးနဲ့ ဆိုင်တယ် ဆိုတဲ့ စိတ်ဓာတ်ထားရမယ်။ ဒါက တကယ်ကို ညီညွတ်ရေးရဲ့ အခြေခံပဲ။

ကျွန်မတို့ ပင်လုံစိတ်ဓာတ်ကို ထူထောင်နိုင်ရင် ကျွန်မတို့တိုင်းရင်းသားအားလုံး၊တိုင်းရင်းသားထဲမှာ ဗမာကို ထည့်ပြီးပြောလိုက်မယ်၊ ဗမာနဲ့ တိုင်းရင်းသားဆိုတာ သိပ်ပြီးပြောစရာမလိုဘူး။ ကျွန်မတို့လည်း တိုင်းရင်းသားလူမျိုးပဲ။ တိုင်းရင်းသားထဲက တစုပဲ။ ကျွန်မတို့ တိုင်းရင်းသား အားလုံးရဲ့ လုပ်ဆောင်ချက်ကြောင့် အောင်မြင်တယ်ဆိုတာကိုပဲ ရှေးရှုပြီးတော့ စဉ်းစားသွားပါ မယ်လို့ ကျွန်မကတိပြုတယ်ပဲ ပြောပါရစေ။

ကျွန်မ ကတိပြုတယ်လည်း သိပ်ပြီးမပြောချင်ဘူး။ ကတိဆိုတာ သေချာတည်နိုင်တယ်ဆိုတဲ့အာမခံချက်ရှိမှ။ ကျွန်မလုပ်နိုင်သလောက်လုပ်သွားမယ်။ ကျွန်မ တတ်နိုင်သလောက် ဒီတာဝန်ကို ကျေပွန်အောင် လုပ်သွားပါမယ်လို့ပဲပြောပါရစေ။ ။ ”

ဧရာဝတီဘလော့ဂ်မှ ကူးယူဖော်ပြသည်။

အပြည့်အစုံသို့ >>>

သံဃာ့တပ်ပေါင်းစု ဂျာနယ် အတွဲ ၁ အမှတ် ၂၀

B

 

အပြည့်အစုံသို့ >>>

Thursday, November 18, 2010

အပြောင်းအလဲလိုချင်ရင် အပြောင်းအလဲ ရအောင်ကြိုးစား

B


မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် နိုဗဲလ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် စစ်အစိုးရ၏ နေအိမ် အကျယ်ချုပ်မှ နိုဝင်ဘာ ၁၃ ရက်နေ့တွင် ပြန်လည် လွတ်မြောက် လာခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ စစ်အစိုးရအပေါ်သဘောထား၊ ၎င်း ဆက်လက်ဆောင်ရွက်မည့် နိုင်ငံရေး ရှေ့လုပ်ငန်းစဉ် များနှင့် ရွေးကောက်ပွဲအပြီး နိုင်ငံရေး အခင်းအကျင်းအပေါ် အမြင် စတာတွေကို ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာ အောင်ဇော်က ဆက်သွယ်မေးမြန်းထားသည်။

(ဓာတ်ပုံ - ဧရာဝတီ)
မေး။ ။ အခုဆိုရင် နေအိမ်မှာ ၇ နှစ်ကျော် အကျဉ်းကျခဲ့တာ ပြန်လွတ်လာပြီ၊ လွန်ခဲ့တဲ့ ၂ ရက် ၃ ရက်အတွင်းမှာ လူထုကို စကားပြောခဲ့တယ်၊ အပြင်ကိုလည်း ထွက်ကြည့်ခွင့်ရတယ်။ မြန်မာ လူမျိုးတွေကလည်း အပြင်မှာရော အထဲမှာရော ဒေါ်အောင်ဆန်းစုကြည် လွတ်လာတာကို ဝမ်းမြောက် ဝမ်းသာဖြစ်ကြတယ်။ ဘာတွေ ပြောင်း သွားတယ်လို့ မြင်ပါသလဲ။


ဖြေ။ ။ ပထမ ဦးဆုံးကတော့ အန်တီ့ကို လာပြီး ကြိုတဲ့ လူအုပ်စုထဲမှာ လူငယ်တွေ ပိုများလာတာတော့ သတိ ထားမိတယ်။ နောက်ပြီးတော့ cell phone လေးတွေ သုံးတာပေါ့နော်။ cell phone လေးတွေနဲ့၊ hand phone လေးတွေနဲ့ ဓာတ်ပုံရိုက်တာတွေ ဘာတွေပေါ့။ အဲဒါတွေက အရင်တုန်းက မကြုံဖူးဘူးလေ။ ၁၀ နှစ် လောက်က မရှိဘူး။ အဲဒါတွေက တော်တော်များများ ပျံ့နေတာဟာ၊ ဘာပဲပြောပြော ဆက်သွယ်ရေး လမ်းကြောင်းကတော့ အရင်ထက်စာလို့ရှိရင် လမ်းကြောင်းတွေ ပိုများလာတယ်လို့ မြင်တာပေါ့နော်။ အဲဒါကတော့ အရေးကြီးတဲ့ ကိစ္စပေါ့နော်။ နောက်ပြီးတော့ မြို့ထဲမှာတော့လေ သိပ်ထူးထူးခြားခြား အပြောင်းအလဲကြီးတော့ မမြင်ဘူး။ တကယ်တော့ အန်တီလည်း လျှောက်ပြီး သွားတဲ့လူမဟုတ်တော့ နေရာမနှံ့လို့လားတော့မသိဘူး။ သိပ်ပြီး ထူးထူးခြားခြား ဘာမှပြောင်းလဲမှုမရှိဘူး။

မေး။ ။ မြန်မာလူမျိုးတွေက အရမ်း နွမ်းသွားလား။

ဖြေ။ ။ အဲဒီဟာ ကြည့်ရတာတော့နော် နွမ်းပါးနေပေမယ့်။ အန်တီ့ကိုလာကြိုတဲ့ လူတွေကတော့ အရမ်းကို ပြုံးပြုံးရွှင်ရွှင်နဲ့ အားပေးတာ၊ အဲဒါကိုတော့ တော်တော်လေး ကျေးဇူးလည်း တင်တယ်။ ဒီလို သူတို့ သဘောထား သိပ်ကြီးတယ်ပေါ့နော်။ နွေးထွေးတယ်။ အဲဒီလိုပဲ ခံစားရတယ်။

မေး။ ။ အန်တီ အခုလွတ်လာတာကို ထောင်သေးသေးထဲကနေ ထောင်ကြီးကြီးထဲကို လွတ်လာတာလို့ တချို့က ရေးကြ သုံးသပ်ကြတာတွေ တွေ့ရတယ်။ အဲဒီလိုမျိုး အန်တီ ခံစားရလား။

ဖြေ။ ။ အန်တီက အဲဒီလိုမမြင်ဘူး။ ပြောင်းပြန်မြင်တယ်။ အစတုန်းကလည်း အန်တီက လွတ်လပ်နေတယ်လို့ အန်တီ့ကိုယ် အန်တီ သတ်မှတ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အန်တီ့ စိတ်လွတ်လပ်တယ်။ အန်တီ့ အတွေးအခေါ်နဲ့၊ အန်တီ့ ယုံကြည်ချက်နဲ့ အန်တီရွေးတဲ့လမ်း အန်တီလျှောက်နေတာ။ ပြီးတော့ စိတ်ထဲမှာ မလွတ်လပ်ဘူးလို့ မခံစားရဘူး။ အခု ဒီလို ထွက်လာတော့လည်း အန်တီ မလွတ်လပ်ဘူးလို့ မခံစားရဘူး။ အခုကတော့ ပိုပြီး အလုပ်များတာပေါ့နော်။ လက်တွေ့ကျကျ အပြောင်းအလဲတွေပဲ မြင်ရတယ်၊ တွေ့ရတယ်၊ ခံစားရတယ်။ တကယ်တော့ ကိုယ့် အတွင်းစိတ်ကတော့ ဒီ အတိုင်းပဲ။

မေး။ ။ ဟုတ်ကဲ့။ တချို့ နိုင်ငံရေး သုံးသပ်သူတွေပေါ့။ ကျနော်တို့အပါအဝင် အပြင်မှာရော၊ အထဲမှာရော ပြောကြတာ၊ ရေးကြတာ ဘာတွေလဲ ဆိုတော့ မြန်မာ နအဖ စစ်အစိုးရအနေနဲ့ အန်တီ့ကို ရွေးကောက်ပွဲပြီး တပတ် မှာလွှတ်တာက ရွေးကောက်ပွဲကို အာရုံလွှဲတယ်လို့ပဲ မြင်ကြတယ်။ အန်တီ ဘယ်လိုထင်သလဲ။

ဖြေ။ ။ အဲဒါကတော့ အန်တီပြောလို့မရဘူး။ ဟုတ်ရင်လည်း ဟုတ်နိုင်တယ်လေ။ ဒါပေမယ့် ရွေးကောက်ပွဲက ပြီးသွားပြီဆိုတော့လည်း ရွေးကောက်ပွဲကို အာရုံသိပ်ပြီးပြုဖို့မလိုတော့ အန်တီ့ကို ပိုပြီးတော့ အာရုံစိုက်တာပေါ့နော်။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည် လွတ်လွတ်ခြင်းပဲ စစ်အစိုးရ ခေါင်းဆောင်တွေနဲ့ အန်တီက တွေ့ဆုံ စကားပြောချင်တယ်၊ အမျိုးသား ရင်ကြားစေ့ရေး ပြန်လည် ဖော်ဆောင်ချင်တယ်လို့ ပြောတယ်လေ။ အများစုက အန်တီ့ အပေါ်မှာ သံသယမရှိပေမယ့် ဟိုဘက်ကတော့ ပြောချင်ပုံ မရဘူးပေါ့လေ။ အန်တီ နိုင်ငံရေးကို စဝင်ကတည်းက၊ ၁၉၈၈ ကတည်းက၊ မြန်မာ နအဖ၊ အဲဒီတုန်းက နဝတ ပေါ့ သူတို့ဘက်က နေပြီးတော့ အန်တီ့ကို မလိုလားဘူးဆိုတဲ့ ဟာကို အကြိမ်ကြိမ် ပြောခဲ့ပြီးပြီဖြစ်တယ်။ ဘာကြောင့် အခုထိ ၂၂ နှစ်ရှိပြီ၊ အန်တီ့ ဘက်ကနေပြီးတော့ အမျိုးမျိုး ကမ်းလှမ်းခဲ့သော်လည်း ဘာလို့ သူတို့ဘက်က မပြောချင်တာလဲ၊ ဘာကြောင့်လို့ အန်တီထင်သလဲ။

ဖြေ။ ။ စကားပြောတယ် ဆိုတဲ့ အဓိက ရည်ရွယ်ချက်အနေနဲ့ စကားပြောတဲ့ တကယ့် အနှစ်သာရ အဓိပ္ပာယ်ကို အန်တီတို့ နားလည်တာခြင်းဟာ မတူဘူးလို့ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အန်တီ့အမြင်မှာ ဒီလို စကား ပြောတယ် ဆိုတာဟာ စကားရည်လုပွဲ မဟုတ်ပါဘူး။ အန်တီ ခဏခဏပြောတယ်။ တဘက်က ရှုံးစေ၊ တဘက်က နိုင်စေ ပြောတာ မဟုတ်ဘူး။ တဘက်ကလည်း ကိုယ့် အမြင်ကိုပြောရမယ်၊ နောက်တဘက်ကလည်း ကိုယ့်အမြင်ကို ပြောမယ်၊ သဘောမတူတာတွေ ရှိရင်လည်း ညှိယူမယ်ပေါ့နော်။ ၂ ဘက် စလုံးအတွက် အောင်နိုင်မှု ဖြစ်ရမယ်။ အဲဒါမျိုး ကိုပြောပေမယ့်လည်းပဲ နည်းနည်းမှ သဘောမပေါက်ဘူး။ မယုံတာလား၊ သဘောမပေါက်တာလား။ ဒါမှမဟုတ် တပ်မတော် အသိုင်းအဝန်းမှာ ဒီလိုပေါ့နော် … အခြေအတင် စကားပြောပြီးတော့ ညှိနှိုင်းယူတဲ့ အလေ့ အထ မရှိလို့လား၊ အဲဒါတွေက အများကြီးကို စဉ်းစားစရာ ဖြစ်တယ်။

မေး။ ။ အဲဒီလို ဆိုရင် ၉၄၊ ၉၅ ပြီးတော့ ၂၀၀၀ ဝန်းကျင်မှာ အန်တီနဲ့ တကယ့် ထိပ်တန်း ခေါင်းဆောင်တွေ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအဝင်၊ ဗိုလ်ချုပ်ခင်ညွန့်အပါအဝင် တွေ့ခဲ့တာတွေရှိတယ်။ အဲဒီတုန်းက ပြောခဲ့တာ တွေကကော တကယ့် အနှစ်သာရ ရှိတာတွေလား၊ တကယ့် အခြေအတင် တွေလား။

ဖြေ။ ။ တွေ့ကြတယ်ပေါ့နော်။ ဒါပေမယ့် တကယ် ဆွေးနွေးတယ်လို့ ပြောလို့မရပါဘူး။ တကယ် ဆွေးနွေး တယ်လို့ ပြောလို့ရတာက၊ ဒီပဲယင်းပြီးတော့ တွေ့ဆုံခဲ့တဲ့ ဗိုလ်မှူးကြီးတင်လှိုင်တို့၊ ဗိုလ်ချုပ်ကျော်ဝင်းတို့၊ ဗိုလ်မှူးချုပ် သန်းထွန်း တို့နဲ့ တွေ့ဆုံပြီးတော့ ပြောခဲ့တာပဲ၊ အဲဒါတွေကတော့ တကယ် ဆွေးနွေးခဲ့တာပဲ။ ဒါပေမယ့် အဲဒါတွေကလည်း တကယ်တော့ အကောင်အထည်မဖော်ခဲ့ဘူး။

မေး။ ။ သူတို့တွေလည်း မရှိတော့ဘူး။ ဗိုလ်ချုပ်ကြီးခင်ညွှန့်လည်း မရှိတော့ဘူး၊ တချို့ နှစ်ရှည်လများ ထောင်ကျ နေကြတာ ဆိုတော့ သူတို့ အပေါ်မှာရော အန်တီ ဘယ်လိုမြင်သလဲ။ တကယ်ပဲ အန်တီနဲ့ တပ်မတော်ကြားထဲမှာ တံတားထိုးပေးနိုင်မယ့် သူတွေလို့ အန်တီ နောက်ပိုင်းမှာ ယူဆမိတာ ရှိလား။ နောက်ပိုင်းမှာ ပြန်တွေ့ဖို့ ရှိလား။

ဖြေ။ ။ အန်တီထင်တာကတော့ သူတွေကတော့ သူတို့ကို တာဝန်ပေးချက်အရ လုပ်နေပေမယ့် သူတို့ တတ်နိုင်သလောက် အကောင်းဆုံးလုပ်တယ် လို့တော့ အန်တီက မြင်တာပဲ။ ဒါပေမယ့် သူတို့ကလည်း ခိုင်းတဲ့ အတိုင်းပဲ လုပ်ရတာပေါ့။ အန်တီက ဒီလိုလူတွေနဲ့ ဆွေးနွေး ပြောဆိုတဲ့ အခါမှာ သူတို့ရဲ့ ကောင်းတဲ့ အချက် ရှိတယ်ဆိုတာ အမြဲ မြင်ပါတယ်။ ဒါကြောင့်မို့လို့ ကိုယ့်ဘက်ကချည်းပဲ မှန်တယ်လို့လည်း ထင်တာ မဟုတ်ပါဘူး။သူတို့နဲ့က သူပြောကိုယ်ပြော ပေါ့နော်။ နောက်ပြီးတော့လည်း နည်းနည်း ချဉ်သွားတာပေါ့နော်၊ နည်းနည်း ပြောဟယ် ဆိုဟယ် ဆိုတော့လည်း ချဉ်သွားတဲ့ ကိစ္စလေးတော့ ရှိတာပေါ့နော်။ အဲဒါလည်း အန်တီ့ဘက်က ရှိတာပေါ့နော်။ သူတို့ဘက်ကတော့ ရှိလား မရှိလားတော့ မသိဘူး။

မေး။ ။ အန်တီ့အပေါ်မှာတောင် အရမ်း လေးစားသွားတာတွေ ရှိတယ်လို့ကျနော် ကြားတယ်။ အဲဒီလိုမျိုး ရှိလား။

ဖြေ။ ။ အဲဒီလောက်တော့ မသိဘူး။ ဒါပေမယ့် အန်တီကိုတော့ သူတို့ကောင်းကောင်း ဆက်ဆံပါတယ်။ အခုနောက်ပိုင်းမှာလည်း လုံခြုံရေးတာဝန်ယူရတဲ့ အရာရှိတွေကလည်း သူတို့နဲ့တွေ့တဲ့အခါ၊ ဆက်ဆံရတဲ့အခါ ကောင်းကောင်း မွန်မွန်ပါပဲ။ အန်တီကလည်း သူတို့အပေါ်မှာ ခင်ချင်တဲ့ စိတ်ရှိပါတယ်။ သူတို့ အတွင်းစိတ်က ဘယ်လိုရှိလဲ ဆိုတာတော့ ပြောလို့မရဘူး။ အန်တီ့ ဘက်ကပဲ အန်တီပြောနိုင်တာ သူတို့ကောင်းကောင်းမွန်မွန်ပဲ ဆက်ဆံတာကို အန်တီက ကျေးဇူးလည်း တင်တယ်၊ သူတို့အပေါ်မှာ ခင်မင်ရင်းနှီးချင်တဲ့ စိတ်လည်း ရှိတယ်။ နောက် တနင်္ဂနွေ နေ့တုန်းကလို ပေါ့လေ။ ရုံးအရှေ့မှာ ပြောသလိုပေါ့လေ။ ပြည်သူအားလုံးကို သူတို့ ဒီလိုပဲဆက်ဆံ စေချင်တယ်။

မေး။ ။ အန်တီ တခါတလေများ သိပ်မဝေးတော့တဲ့ ကာလတခုမှာ နေပြည်တော်ကို သွားပြီးတော့ ဗိုလ်ချုပ်မှူးကြီးနဲ့ တွေ့လို့ရမယ့် အစီအစဉ်များ ရှိမယ်လို့ ထင်မိသလား။ ယုံကြည်သလား။

ဖြေ။ ။ အန်တီကတော့ အဲဒီလိုမစဉ်းစားဘူး။ အန်တီကတော့ ဘယ်လိုဖြစ်အောင် လုပ်ရမလဲပေါ့နော်။ ကိုအောင်ဇော်တို့ ကြားဖူးမလားတော့ မသိဘူး။ ဂန္ဓီကြီးက ဟိန္ဒူဘာသာဝင် ဆိုပေမယ့် ခရစ်ယာန် ဓမ္မသီချင်းတပုဒ်ကို သိပ်ပြီးတော့ သဘောကျတယ် ဆိုတာလေ။ အဲဒီ သီချင်းဟာ Lead Kindly Light

ဆိုတာ သူပြောထားတာတော့ အရှည် အဝေးကြီး မဟုတ်ဘူးပေါ့နော်။ တလှမ်းချင်း တလှမ်းချင်းသာ မြင်ခွင့်ပေးပါဆိုတာ၊ အဲဒါကို ဂန္ဓီကြီးက ယုံသလို အဲဒီဟာကို အန်တီလည်းယုံတယ်။ တလှမ်းချင်း တလှမ်းချင်းသာ မှန်အောင် လှမ်းနိုင်အောင်လို့ ကိုယ့်ကိုကိုယ် ကြိုးစားပြီးသွားမယ်၊ တလှမ်းချင်း တလှမ်းချင်းသာမှန်လို့ရှိရင်တော့ လမ်းမှန်ပေါ်ကနေ နေရာမှန်ကို ရောက်မှာ ပေါ့လေ။ အဝေးကြီး စိတ်ကူးမယဉ်စေချင်ဘူး။ နောက်ပြီးတော့ အန်တီက စိတ်ကူးယဉ် မျှော်လင့်ချက်ကို သိပ် အယုံအကြည်မရှိဘူး။ မျှော်လင့်ချက်ဆိုတာ ကြိုးစားချင်မှု။ ကိုယ်ကြိုးစား သလောက်ပဲ မျှော်လင့်ပိုင်ခွင့် ရှိတယ်လို့ အဲဒီလိုပဲ အယုံအကြည် ရှိရှိနဲ့ ကြိုးစားသွားမှာပဲ။

မေး။ ။ အဲဒီလိုမျိုး အန်တီနဲ့ တပ်မတော် ထိပ်တန်းခေါင်းဆောင်တွေကြားမှာ အဲဒီလိုမျိုး တကယ့်ကို စေ့စပ် ဆွေးနွေးဖို့ အလားအလာ ရောက်တော့မယ်ဆိုပြီးတော့ စိတ်ကူးယဉ်ပြီးတော့ ပြောတာတွေ ရေးတာတွေ အပြင်မှာ ရော၊ အထဲမှာရော၊ ကုလသမဂ္ဂဆိုရင် ပြောခဲ့ဖူးတာ တွေလည်း ရှိခဲ့ဖူးတော့ အန်တီ ဘယ်လိုမြင်သလဲ။

ဖြေ။ ။ အဲဒီလို မျှော်မှန်းကြည့်တာတော့ မမှားပါဘူး။ အန်တီတို့လည်း မျှော်မှန်းကြည့်တာပါပဲ။ တကယ်လို့ တွေ့ခဲ့ရင် ဘယ်လို ဘာပြောချင်လဲဆိုတာ စဉ်းစားကြည့်တယ်။ တခါတခါတော့ စဉ်းစားကြည့်တာပေါ့။ ခဏခဏတော့ မဟုတ်ပါဘူး။ ကိုယ့်ဘက်ကတော့ အဆင်သင့် ရှိရမယ်လေ။ ဘာလဲဆိုတော့ ဟို တဘက်ကနေ စကားပြောပါ၊ စကားပြောပါဆိုပြီး ကဲ လာ ပြောတော့ဆိုရင် ဘာပြောရမှန်း မသိဘူးဆိုရင် နည်းနည်း မကောင်းဘူးပေါ့လေ။ အဲဒီတော့ အပြင်ကလူတွေကလည်း ဒီလို ခန့်မှန်းကြည့်တဲ့ဟာကို ဘာမှ အပြစ်မမြင်ပါဘူး။ တခါတလေတော့ နည်းနည်း ရယ်ချင်တယ်။ သူတို့ခန့်မှန်းချက်တွေက ရယ်စရာလေးတွေပဲ၊ ဟုတ်တယ် ဟာသလိုပဲ။

မေး။ ။ အန်တီမှတ်မိလား ဘယ်ဟာလဲ၊ ဘယ်အချက်ကို ရယ်ချင်တာလဲ။

ဖြေ။ ။ မပြောတော့ပါဘူး။ ဒါပေမယ့် တချို့လူတွေရဲ့ ခန့်မှန်းချက်တွေ ကတော့ နည်းနည်းလေး ဟာသ ဆန်တာပေါ့။ နည်းနည်းလေး စိတ်ကူးယဉ်လွန်းအား ကြီးလွန်းတယ်ပေါ့။ ဒါပေမယ့် အဲဒါကို အပြစ်ကြီးလို့ မမြင်ပါဘူး။ တချို့ကလည်း အကောင်း ဖြစ်စေချင်လို့ပေါ့။ တချို့ကလည်း အကောင်းမြင်ဝါဒ မဟုတ်ဘူး။ ပြောင်းပြန်ပေါ့၊ အဆိုးမြင်ဝါဒလည်း ရှိပါတယ်။ အဲဒါတွေကလည်း နည်းနည်း အစွန်းရောက်တဲ့ အဆိုးမြင်ဝါဒတွေ ရှိတယ်။ ဘယ်လိုမှ မကောင်းနိုင်ဘူးပေါ့။ ဘယ်လိုမှ မဖြစ်နိုင်ဘူးပေါ့။ အဲဒါတော့ အစွန်း နှစ်ဘက်ပေါ့။ ဒါက တကယ်တော့လည်း တဘက်က လုပ်ချင်သည် ဖြစ်စေ၊ မလုပ်ချင်သည်ဖြစ်စေ အခြေအနေတွေက ခန့်မှန်းတဲ့အတိုင်း ဖြစ်တာ မဟုတ်ဘူး။ ဗုဒ္ဓဘာသာ စကားနဲ့ ပြောရရင် အနတ္တပေါ့နော်။ အစိုးမရခြင်းပေါ့။ ကိုယ်မှန်းသလိုလည်း ဖြစ်တာမဟုတ်ဘူး၊ သူ မှန်းသလိုလည်း အမြဲဖြစ်တာ မဟုတ်ဘူး။ အမြဲတမ်းတော့ ကိုယ်က အဆင်သင့် ရှိနေရမှာပေါ့။ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ထားရမှာပေါ့။

မေး။ ။ အဲဒီလို ပြင်ဆင်ထားတယ်ဆိုရင် တကယ်လို့များ နောက်တခေါက် ထပ်ပြီးတွေ့ကြပြီး ဗိုလ်ချုပ်မှူးကြီးနဲ့ တွေ့ကြပြီဆိုရင် အန်တီ ဘာတွေ ပြောချင်လဲ။

ဖြေ။ ။ အခြေအနေပေါ်မှာ တည်တယ်လေ။ ဘယ်လို အခြေအနေမျိုးမှာ တွေ့ကြမှာလဲ။ ဘာကြောင့် တွေ့ကြ မှာလဲ။ အဲဒီတော့ အဲဒါတွေအပေါ်မှာ အခြေခံပြီးတော့ ပြောရမှာပေါ့နော်။

မေး။ ။ မြန်မာနိုင်ငံမှာ စစ်တပ်ဟာ နိုင်ငံရေးက ဖယ်ထုတ်လို့မရဘူးလို့ တချို့က မြင်ကြ ရေးကြ ပြောကြတယ်။ အခြေခံ ဥပဒေသစ်မှာ ဆိုလည်း တပ်မတော်က နိုင်ငံရေးအခန်း ကဏ္ဍမှာဆက်ပြီးရှိမယ်၊ သွားမယ်၊ ထိန်းချုပ် ထားမယ် ဆိုပြီးတော့ သိရပါတယ်။ စစ်တပ်နဲ့ နိုင်ငံရေး အခန်းကဏ္ဍကို အန်တီ ဘယ်လိုမြင်သလဲ။

ဖြေ။ ။ နိုင်ငံရေးဆိုတာ ဘယ်သူ့ဆီက ဘယ်အသိုင်းအဝန်းကမှ ဖယ်ထုတ်လို့မရဘူး။ နိုင်ငံရေးကို ဖယ်ထုတ်လို့ မရဘူး။ အားလုံးက နိုင်ငံရေးနဲ့ပဲ ဆက်စပ် နေတာပဲ။ ဒါပေမယ့် ဒီ ဆက်စပ်မှုဟာ မှန်ကန်တဲ့ ဆက်စပ်မှုတော့ ဖြစ်ဖို့ အရေးကြီးတာပေါ့။

မေး။ ။ တပ်မတော်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီ ရေးကို လိုလားတဲ့လူတွေ ရှိတယ်လို့ ကျနော်တို့ သိရပါတယ်။ တကယ်လည်း ရှိတယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ အန်ကယ်လ် ဦးတင်ဦးကို ကြည့်မယ် ဆိုရင် လည်း အန်တီနဲ့ နောက်ကနေ အမြဲတမ်း ပါဝင်တဲ့၊ တိုက်ပွဲဝင်ခဲ့တဲ့ လူထဲမှာ ပါပါတယ်။ ဆိုတော့ တပ်မတော်ထဲက အရာရှိတွေရယ်၊ မိသားစုတွေရယ်၊ အပြောင်းအလဲ မြင်ချင် လိုချင်ကြတဲ့ လူတွေကို အန်တီပြောချင်တဲ့ သတင်းစကားက ဘာလဲ။

ဖြေ။ ။ အပြောင်းအလဲလိုချင်ရင်တော့ အပြောင်းအလဲ ဖြစ်အောင်လို့ လုပ်ရမှာပေါ့။ အန်တီက စောစာက ပြောသလိုပေါ့။ အန်တီက ဒီလိုပဲ မျှော်လင့်နေတဲ့ ဟာမျိုးကို အယုံအကြည် မရှိဘူး။ မျှော်လင့်တယ် ဆိုရင် မျှော်လင့်တဲ့ဟာကို ရဖို့ ကြိုးစားမှု ထုတ်ရမယ်။

မေး။ ။ ရွေးကောက်ပွဲလည်း ကျင်းပပြီးပြီ အန်တီရယ်။ Free and Fair မဖြစ်ဘူး၊ ပြည်ခိုင်ဖြိုး ပါတီကနိုင်တာကို တွေ့ရတယ်။ တရားဝင် ကြေညာတာတော့ မရှိသေးဘူး ပေါ့နော်။ ဒါပေမယ့် လောလောဆယ် လက္ခဏာတွေကြည့်မယ်ဆိုရင် သူတို့နိုင်တယ် ဆိုတာ အသေအချာပဲပေါ့လေ။ မကြာခင်မှာ ပါလီမန် လွှတ်တော် ခေါ်မယ် အစိုးရ ဖွဲ့မယ်။ ဒါကို အခင်းအကျင်း အသစ်လို့ နိုင်ငံတကာက မြင်တယ်၊ ပြောကြတယ်ပေါ့လေ။ အဲဒီတော့ ဒေါ်အောင်ဆန်း စုကြည်က ဒီအခင်းအကျင်း သစ်ကို ဘယ်လို ရင်ဆိုင်မလဲ။

ဖြေ။ ။ တကယ်ပဲ အခင်းအကျင်းအသစ်လား။ အဲဒါက အန်တီက မေးပိုင်ခွင့် ရှိတယ်လေ။

မေး။ ။ အဲဒါကြောင့် ကျနော်မေးတာ၊ အခင်းအကျင်းသစ်လား၊ အဲဒီ အခင်းအကျင်းသစ် ဆိုရင်ကော အန်တီ ဘယ်လို ရင်ဆိုင်မလဲ။ ဘယ်လို ဖြတ်ကျော်မလဲ။

ဖြေ။ ။ အခုဟာကလေ အခင်းအကျင်းသစ်ဆိုတာ ဘာကိုပြောမှန်းကို မသိဘူး။ ပါလီမန် ရှိတာကို ပြောတာလား။ ပါလီမန်ရှိတာပဲ ပြောတာဆိုလို့ရှိရင်တော့ နိုင်ငံရေးဆိုတာ ပါလီမန် အတွင်း နိုင်ငံရေး၊ ပါလီမန်အပြင် နိုင်ငံရေး ဆိုတာ အမြဲရှိတာချည်းပဲ။ အဲဒီတော့ အန်တီတို့က ပါလီမန်အပြင် နိုင်ငံရေး လုပ်တဲ့လူတွေ ဖြစ်မှာပေါ့။ အဲဒီတော့ အန်တီတို့ ပါလီမန် နိုင်ငံရေး အပြင်ဘက်မှာ လုပ်တဲ့လူတွေ ဆိုတာလည်း အန်တီတို့က သူတို့ နိုင်ငံရေး လုပ်ပုံလုပ်နည်းတွေ အမျိုးမျိုးနဲ့ ရင်ဆိုင်ခဲ့ရပြီ ဆိုတော့ ပုံစံအမျိုးမျိုးနဲ့ ဆက်လုပ်သွားမှာပဲ။

မေး။ ။ နိုင်ငံတကာက ဆိုရင်လည်း ရွေးကောက်ပွဲ မတိုင်ခင်မှာ အမြင် အမျိုးမျိုးရှိတယ်။ တချို့က ရွေးစရာ လမ်းမရှိတော့ဘူးလို့ ပြောကြတယ်။ ဥရောပ နိုင်ငံတချို့ ဆိုရင်လည်း ထောက်ခံတဲ့ ပုံစံမျိုးတွေ ပြောကြတာတွေ့တယ်။ အထဲနဲ့ အပြင်နဲ့ သဘောထား ကွဲတဲ့ ပုံစံတွေ ဖြစ်ကုန်တယ်။ အန်တီ ဘီဘီစီမှာလည်း ဖြေသွားတာ ကြားပါတယ်။ ဆိုတော့ အခု ရွေးကောက်ပွဲ ပြီးသွားပြီ။ တချို့လည်း မျက်စိမျက်နှာ ပျက်သွားကြတယ်။ အရှက်တွေ ကွဲကြတယ်။ သူတို့ ထင်သလို မှန်းချက်နဲ့ နှမ်းထွက် မကိုက်ဘူး ပေါ့လေ။ အန်တီ ဘာပြောချင်လဲ သူတို့ကို။

ဖြေ။ ။ အဲဒါကို ကောင်းကောင်းလေး သင်ခန်းစာ ယူပါလို့ ပြောချင်တယ်။

မေး။ ။ နိုင်ငံတကာက ဒေါ်စု လွတ်လာတာ ကြိုဆိုတယ်၊ ဝမ်းသာတယ်ပေါ့လေ။ စီးပွားရေး ပိတ်ဆို့မှုတွေ ဆက်လုပ်မယ်လို့ ပြောတယ်။ အမေရိကန်ကလည်း တိုက်ရိုက် သဘော ဆက်ဆံမယ် ပြောတယ်၊ ပေါ်လစီ ဆက်ထားမယ်လို့ပြောတယ်။ မကြာခင်မှာ Meeting တွေလုပ်ဦးမယ်လို့ ပြောတယ်။ အဲဒီတော့ နိုင်ငံတကာက ဘယ်လို ဖိအားပေးမှုတွေ၊ လက်တွေ့ကျကျ ဆက်ဆံမှုတွေ၊ အပြုသဘောဆောင်တာတွေ လုပ်စေချင်သလဲ။ နောက်တခုက အာဆီယံနဲ့ တရုတ် အပေါ်မှာရော အန်တီဘာပြောချင်လဲ။

ဖြေ။ ။ အာဆီယံနဲ့ တရုတ်တို့ကို နီးနီးကပ်ကပ် ဆက်ဆံစေချင်တယ်။ အန်တီတို့နဲ့ ဆက်ဆံစေချင်တယ်။ အန်တီတို့က မဆက်ဆံသင့်တဲ့ လူမျိုးများမဟုတ်ပါဘူးဆိုတာကို သေသေချာချာ သိစေချင်တယ်။ ပြီးတော့ ခုနက ပြောသလို ပိတ်ဆို့မှုတွေ ဘာတွေ အဲဒါတွေလည်း မဖြုတ်သေးဘူး ဘာဘူးလို့ပြောတာဟာလည်း ခုနက ကိုအောင်ဇော် ပြောတာနဲ့ ဆက်စပ် နေတာပေါ့လေ။ တကယ်ပဲ အခင်းအကျင်းသစ် ဟုတ်လို့လား။ ဒါလည်း သူတို့က ကြည့်နေတယ်လို့ ထင်တယ်။

မေး။ ။ အပြင်မှာ ဆိုရင်လည်း Exile Community အကြီးကြီးဖြစ်နေပြီး Illegal ရွှေ့ပြောင်း ထွက်လာကြတာ တွေလည်း အများကြီးပဲ၊ သိန်းနဲ့ သန်းနဲ့ချီပြီး ထွက်လာကြတာ လူငယ်တွေက အများကြီးပဲ။ အန်တီကလည်း လူငယ်နဲ့ ပညာရေးကို အရမ်းကို ဦးစားပေး ပြောလေ့ရှိတယ်။ အပြင်က လူငယ်တွေ၊ အထဲက လူငယ်တွေ။ ပညာရေး ကိစ္စတွေ အန်တီ ဘာတွေ လုပ်မလဲ၊ ဘာတွေစီစဉ်ထားလဲ။ အန်တီ ဘာတွေပြောချင်သလဲ၊ ဘာမက်ဆေ့ခ်ျတွေ ပေးချင်လဲ။

ဖြေ။ ။ အန်တီက အပြင်က လူငယ်တွေနဲ့ အဆက်အသွယ်ရှိချင်တယ် ဆိုတာ အဲဒါတွေကြောင့်။ အထူးသဖြင့် အနောက် နိုင်ငံတွေမှာ ရောက်သွားတဲ့ လူငယ်တွေ ဆိုရင် ပညာရေးနဲ့ ပတ်သက်လို့ အများကြီး အခွင့်အရေး ရတယ်။ အန်တီတို့ ပြည်တွင်းထဲက လူငယ်တွေထက်ပေါ့။ ဒါကြောင့်မို့လို့ အန်တီက ပြည်တွင်းက လူငယ်တွေနဲ့ ပြည်ပက လူငယ်တွေကို ဆက်စပ်မှု ရှိစေချင်တယ်။ ပြည်ပ ရောက်သွားတဲ့ လူငယ်တွေက ပြည်တွင်းမှာ ကျန်ခဲ့တဲ့ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ ကိုယ့်ရဲ့သက်တူ ရွယ်တူတွေကို မမေ့စေချင်ဘူး။ မေ့လည်းမမေ့ဘူးလို့ အန်တီထင်တယ်။ အခု တော်တော်များများက ဘလောဂ့်ဆိုက်တွေ လုပ်တာတို့၊ အင်တာနက်မှာ ဆက်နွှယ်တာတို့ ဘာတို့ လုပ်နေတယ် ဆိုတော့ ပြည်တွင်းကို မမေ့ဘူးလို့ ထင်တယ်။ အဲဒါကို အင်အား တခုအနေနဲ့ ယုံယုံကြည်ကြည်နဲ့ ဆက်ပြီးတော့ ရပ်တည်ပေးမယ်လို့ ထင်တယ်။

မေး။ ။ အရင်ကနဲ့မတူဘူး အန်တီ၊ အရင်တုန်းက လွတ်တုန်းက ဆိုရင် တိုင်းရင်းသားတွေက ငြိမ်နေတယ်။ အခု အန်တီ့ကို အရမ်းကို ထောက်ခံတာတွေ တွေ့ရတယ်။ အန်တီကလည်း ဒုတိယ ပင်လုံညီလာခံ လုပ်မယ်ဆိုတော့ အန်တီ ဘယ်လောက်အားရလဲ။

ဖြေ။ ။ အားရပါတယ်။ အားရတယ် ဆိုတာလေ။ အန်တီ ညီညွတ်မှုကို အားရတာပါ။ အန်တီ့ကို ထောက်ခံလို့ရယ် မဟုတ်ဘူး။ ဒီလို ညီညွတ်မှုကို ဦးတည်လာတဲ့ လက္ခဏဖြစ်လို့ အားရတာပါ။ ။

ဧရာဝတီမှ ကူးယူဖော်ပြသည်

အပြည့်အစုံသို့ >>>

Tuesday, November 16, 2010

Speech of Daw Aung San Suu Kyi

B

 

အပြည့်အစုံသို့ >>>

INTERVISTA A SUU KYI (CNN)

B










အပြည့်အစုံသို့ >>>

အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး

B

အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ဆောင်ရွက်မည်ဟု ငြိမ်းချမ်းရေး မိခင်ပြောကြား

နိုဝင်ဘာလ ၁၃ ရက်နေ့က နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံခဲ့ရာမှ လွတ်မြောက်လာသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်သည် ပြည်တွင်း၊ ပြည်ပ မီဒီယာများနှင့် တွေ့ဆုံခြင်းကို နိုဝင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၀န်းကျင်က ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး၌ ပြုလုပ်ခဲ့သည်။အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားရင်ကြားစေ့ရေး ဆိုင်ရာ ကိစ္စရပ်များကို ထည့်သွင်း ပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ပြန်လည်ဖြေကြားချက် အချို့မှာ ယခုတစ်ကြိမ် ပြန်လည် လွတ်မြောက်လာမှုသည် မည်သည့် ခံဝန်ချက်မှ ရေးထိုးခဲ့ခြင်း မရှိကြောင်း၊ ပြည်သူများနှင့် လက်တွဲပြီး အမျိုးသားရင်ကြားစေ့ရေးကို ဆက်လက် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း၊ ပြည်သူများ လိုလားနေသော ကိစ္စရပ်များကိုလည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။


''ဒီတစ်ခါ ပြန်လွတ်လာတော့ ပြည်သူတွေရဲ့ အသံကို နားထောင်ချင်တယ်။ ဒါပေမယ့် ပြည်သူတွေက ကျွန်မရဲ့အသံကိုပဲ နားထောင်ချင်နေတော့ ခက်နေတယ်။ ဒီတော့ စာရေးပြီး ပြောကြပါ''ဟု ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တစ်ဦး ၏ မေးမြန်းမှုတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ထို့ပြင် အမျိုးသားရင်ကြားစေ့ရေးအတွက် လုပ်ဆောင်ရာတွင် ပြည်သူများနှင့်သာမက ဒီမိုကရေစီကို လိုလားသော မည်သူနှင့်မဆို ပူးပေါင်း လက်တွဲ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။''အမျိုးသားရင်ကြားစေ့ရေးနဲ့ ပြည်သူအတွက် လုပ်ဆောင်ရာမှာ ဒီမိုကရေစီ လိုလားသူ ဘယ်သူ့ကိုမဆို အမြဲတံခါးဖွင့်ထားပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ မဟုတ်ပါဘူး။ ဒီမိုကရေစီရေး လုပ်ဆောင်နေတဲ့သူတွေ၊ လုပ်ချင်နေတဲ့ သူတွေ အကုန်လုံးနဲ့ ပူးပေါင်း လုပ်ဆောင်သွားမှာပါ''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့်အတူ လတ်တလော ရှေ့ဆက် လုပ်ဆောင်သွားမည့် ကိစ္စရပ်နှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုကော်မတီဝင်များနှင့် ညှိနှိုင်း လုပ်ဆောင်သွားမည် ဖြစ်ပြီး အသေးစိတ်ကို ညှိနှိုင်းတိုင်ပင်ပြီးမှ ပြောဆို သွားနိုင်မည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါသည်။ ထို့ပြင် တိုင်းရင်းသားအားလုံး ပါဝင် စုစည်းထားသည့် ၂၁ ရာစု ပင်လုံစိတ်ဓာတ် ဖြစ်ပေါ်လာရန် တိုက်တွန်း ပြောဆိုခဲ့ပြီး တိုင်းပြည်ကောင်းအောင် လုပ်ဆောင်ရာတွင် ဒီမိုကရေစီ လိုလားသူ မည်သူနှင့်မဆို ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။


''ဒီမိုကရေစီရေး လုပ်ဆောင်နေတယ်ဆိုတာ ပြည်သူတွေရဲ့ စိတ်ဓာတ်နဲ့ အရည်အချင်း ရှင်သန်ရေး ပါပဲ''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောပါသည်။


ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် မြန်မာနိုင်ငံ ဒီမိုကရေစီရေး ဆောင်ရွက်ရာတွင် မိမိကိုယ်ကို အနစ်နာခံသည်ဟု သဘောမထားကြောင်း ထည့်သွင်း ပြောဆိုခဲ့ပါသည်။


''အခုလို လုပ်နေတာတွေကို အနစ်နာခံတယ်လို့ စိတ်ထဲမှာ မထားပါဘူး။ အနစ်နာခံတယ်လို့ အားနာတယ်။ အနစ်နာခံတယ်ဆိုတာ အကြွေး ပြန်တောင်းနေရသလိုပဲ။ ပြည်သူလူထုဆီက အကြွေး ပြန်မတောင်းချင်ဘူး။ ကိုယ်ရွေးထားတဲ့ လမ်းကို ကိုယ်လျှောက်နေတာ ဖြစ်ပါတယ်''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောပြခဲ့သည်။


အမျိုးသားရင်ကြားစေ့ရေးနှင့် ဒီမိုကရေစီအတွက် မည်သူနှင့်မဆို လက်တွဲ ပူးပေါင်း ဆောင်ရွက်သွားရန် အဆင်သင့် ဖြစ်ကြောင်း၊ ယခင်ကလည်း ထိုသို့ လုပ်ဆောင်ခဲ့ကြောင်း၊ နောင်တွင်လည်း ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဒီမိုကရေစီအတွက် လုပ်ဆောင်ရာတွင် မြန်မာနိုင်ငံတွင် သာမက ကမ္ဘာတစ်ဝန်းလုံး အတိုင်းအတာဖြင့် လုပ်ဆောင်သွားရန် သဘောထားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။


လက်ရှိအချိန်၌ ပြည်သူလူထု၏ ပညာရေးပိုင်းတွင် အားနည်းမှုများ ရှိနေကြောင်းနှင့် ထိုအားနည်းမှုများကို လျော့ပါးအောင် တိုးမြှင့် လုပ်ဆောင်သွားရန်နှင့် ပညာရေးပိုင်း အားနည်းသည်နှင့် အဖက်ဖက်တွင် အားနည်းသွားမည် ဖြစ်ကြောင်း ဒေါ် အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။ထို့အပြင် ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ရွေးကောက်ပွဲ၌ ပါဝင်ခြင်း မရှိသည့် အတွက် ကန့်ကွက်ရန် မရှိကြောင်း ပြောဆိုခဲ့သည်။


သို့သော် ဥပဒေနှင့် တရားမျှတမှု ရှိ၊ မရှိ ဆိုသည်ကို ကြည့်ရှုနိုင်ရန် အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ကော်မတီတစ်ခု ဖွဲ့ထားကြောင်း၊ ထိုကော်မတီ အနေဖြင့် အစီရင်ခံစာ ရေးဆွဲနေပြီး၊ ယင်းအစီရင်ခံစာ ထွက်လာပြီးမှသာ တိတိ ကျကျ ထုတ်ပြန် ပြောဆိုသွားနိုင်မည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောဆိုခဲ့သည်။


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့်မူ နိုင်ငံရေးအဖွဲ့အနေဖြင့် ဆက်လက် ရပ်တည်သွားမည် ဖြစ်ကြောင်း သိရသည်။

''အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က နိုင်ငံရေးပါတီ ဖြစ်တဲ့အတွက် နိုင်ငံရေးအဖွဲ့ အနေနဲ့ ဆက်လက် ရပ်တည်သွားမှာပါ။ လူမှုရေးအဖွဲ့ လုပ်မယ်လို့ ဘယ်တုန်းကမှ မပြောခဲ့ပါ ဘူး။ လူမှုရေးလုပ်ငန်းတွေ လုပ်မယ်လို့သာ ပြောခဲ့တာပါ။ လူမှုရေးလုပ် ငန်းတွေ လုပ်မယ်ဆိုတာကလည်း ၁၉၉၅ ခုနှစ်ကတည်းက စပြောထားခဲ့ပါတယ်''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါသည်။

ထို့နောက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ပါတီရှင်သန်ရေးအတွက် လုပ်ဆောင်နေခြင်း မဟုတ်ဘဲ ပြည်သူလူထု ရှင်သန်ရေး အတွက် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း၊ ပါတီ ရှိ၊ မရှိ ဆိုသည်မှာ ပြည်သူတို့၏ စိတ်ထဲတွင် ရှိကြောင်း ဆက်လက် ပြောဆိုခဲ့ပါသည်။


နိုင်ငံတော်အလံသစ် ပြောင်းလဲခြင်းနှင့် ပတ်သက်၍ ပြောဆိုခဲ့ရာတွင် မိမိအနေဖြင့် လွတ်လပ်ရေးရတုန်းက အလံကို အကြိုက်ဆုံး ဖြစ်ကြောင်း ပြောဆိုခဲ့ပါသည်။

ဆက်လက် လုပ်ဆောင်သွားမည့် ကိစ္စရပ်များနှင့် ပတ်သက်၍မူ နောက်ပိုင်းတွင် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း သိရသည်။

မီဒီယာများနှင့် တွေ့ဆုံမှုမှာ မိနစ် ၄၀ ခန့် ကြာမြင့်ခဲ့ပြီး ပြည်တွင်း မီဒီယာများမှ သတင်းထောက်၊ အယ်ဒီတာများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြား သတင်းထောက်များ အသင်းမှ ဌာနေ သတင်းထောက်များနှင့်အတူ နိုင်ငံတကာ သတင်းထောက်များ တက်ရောက်ခဲ့ကြသည်။

အပြည့်အစုံသို့ >>>

Sunday, November 14, 2010

B




























အပြည့်အစုံသို့ >>>

ဒေါ်အောင်ဆန်းစုကြည်နှင့်ဘီဘီစီအင်တာဗျူး အသံဖိုင်....

B

အပြည့်အစုံသို့ >>>

DASSK NLDHQ speech part2

B

အပြည့်အစုံသို့ >>>

DASSK NLDHQ speech part1

B

အပြည့်အစုံသို့ >>>

Video of Aung San Suu Kyi released, met by cheering crowd

B

အပြည့်အစုံသို့ >>>

Tuesday, October 26, 2010

ငါတို့ နိုင်ငံအလံ

B


ရဲရင့်တည်ကြည်တဲ့ လူတစ်ယောက်
ငြိမ်းချမ်းမှုကို ထွေးပိုက်
သစ္စာတရားကို ဦးထိပ်ထားတဲ့ကြယ်ဖြူတွေ ၀န်းရံ
လယ်သမားနဲ့စက်ရုံအလုပ်သမားတွေက ခြံရံ
ချီတက်လာတဲ့ဟန်နဲ့ ဒို့နိုင်ငံရဲ့ အလံ ....။

ရာဇ၀င်နဲ့ချီပြီး အဓိပ္ပါယ်သက်ရောက်တဲ့
နိုင်ငံတော်တစ်ခုရဲ့အလံ…
ဇကောတစ်ချပ်လောက် ဇောက်မနက်
လူယုတ်မာတို့ ရဲ့ အကြံပက်စက် မှု
ကြယ်ဆယ့်လေးပွင့်ရဲ့ဈာပန..
ကြွေကျနေတဲ့စပါးသီးတွေ..
သံချေး တက်ခံလိုက်ရတဲ့ စက်သွား..
ငါ့နားထဲမှာ ရင်ထဲကအသံ
ပဲ့တင်ထပ်ကာ ပျံ့လွင့်နေပါရဲ့…။

အဖြူရောင်၏အဓိပ္ပါယ်…မှာ….
အပြာရောင်၏အဓိပ္ပါယ်မှာ…
စပါးနှံနှင့်စက်သွား…
အရွယ်တူ ကြယ်ဖြူဆယ့်လေးလုံးက…၀န်းရံ…လျက်ရှိ…
ထိုအရွယ်တူကြယ်ဖြူဆယ့်လေးလုံးမှာ
…တိုင်း၇ခု..ပြည်နယ်၇ ခုတို့ ကိုယ်စားပြု..
တိုးတိုးလေး ရေရွတ်ရာက ပါးထက်က ကြလာတဲ့ မျက်ရည်
ဆုပ်ထားတဲ့ လက်သီးပေါ်ကိုကျဆင်း
ဒေါသပြင်းလို့ မာန်တင်းထားပေမယ့်
သိလိုက်ရတဲ့ အတွေးတခု ....
ငါတို့ရဲ့ အဘိုးအဘွားတွေ သမိုင်း..ရာဇ၀င်အရိုင်းခံလိုက်ရပြီ.
ငါတို့လူငယ်တွေရဲ့အနာဂတ်..
ဖျာလိပ်လို အလံနဲ့အပတ်ခံလိုက်ရပြီ…
မိဘ နှစ်ပါး ရဲ့ နေရာမှာ ပြက္ခဒိန် ကားချပ်ကို အစားထိုး
ဧည့်ခန်းလို နေရာမျိုးမှာ တင့်တယ်ပါ့မလား .....။

ကြယ်တွေရဲ့သစ္စာ ခိုင်မာမှုက လေးနက်လှတယ် ၊
ကြွေကျချိန်ထိ လူတွေကို အလင်းပြသွားတယ် ။
သူတို့မှာ ရှိတဲ့ ဒြပ်ထုနဲ့ အင်အားကို အသုံးချပြီး
ကမ္ဘာမြေကိုနင်းခြေမသွားဘူး ။
ဘယ်သူ့ကိုမှ မနှိပ်စက်ပြသွားဘူး ။
နောက်ဆုံးအချိန်မှာ တောင် လောင်စာကို သယ်ဆောင်ပြီ
အင်မတန်ပြင်းတဲ့ လေထုကို ထွင်းဖောက်
ကမ္ဘာမြေပေါ်ကို အမှုန်လောက်ဘဲ ကျရောက်စေခဲ့တဲ့ သူတို့ရဲသစ္စာတရား
ငါတို့ရင်ဝယ်သားလို သိမ်းထားသင့်တယ် ။ ။

ငါတို့ချစ်တဲ့ကြယ်တွေ…အကြွေခံလိုက်ရပြီ….
အရိုင်းတစ်ကာ့အရိုင်းဆုံးထဲက…လူမှုရေးသမိုင်း.
.အရိုင်းခံလိုက်ရပြီ..
သမိုင်းစာအုပ်ကို ဆွဲကာဆုတ်လိုက်သလိုဘဲ
ငါ့တို့ ရင်နင့်နေအောင် ခံစားလိုက်ရတယ် ။
လက်မခံသင့်တဲ့အပြောင်းအလဲထဲမှာ..
ငါတို့က အရုပ်တွေမဟုတ်ဘူး..
ငါတို့က ကြိုးတွေမဟုတ်ဘူး..
ငါတို့က ခြံထဲကနွားတွေမဟုတ်ဘူး..
ငါ..တို့…က..
ပေါက်ကွဲချိန်အလွန်ခံလိုက်ရတဲ့..ဒိုင်းနမိုက်တွေဖြစ်တယ်...
ပွင့်ချိန်အလွန်ခံခဲ့ရတဲ..သစ်သီးတွေဖြစ်တယ်..

ငါတို့စိတ်မှာလွှမ်းနေတဲ့ နိုင်ငံအလံကိုဆွဲခွာပြီး
သူတို့တွေ ပြည်သူတစ်ရပ်လုံးကို မုဒိန်းကျင့်လိုက်ပြီ.
...ငါတို့..သူတို့ပေးတဲ့ရင်သွေးကိုလွယ်ပြီးမွေးမလား..
မရင့်မာခင် ဖျက်ချပစ်မလား…
ရက်လွန်နေတဲ့သိက္ခာတွေအတွက်.
ငါတို့ပြန်ဆယ် ကြမှ ဖြစ်တော့မယ်.............

အမှန်တရားကို ရှေးရှု သိက္ခာဆယ်မဲ့ ဒီအမှု အတွက်
ဒို့မျိုးဆက်ရဲ့ အနာဂတ်မှာ ဒီလို ဆိုးကျိုးတွေ ရပ်တန့်သွားအောင်
ကြယ်တွေကို ဥပမာထား စတေးခံလိုက်ရင် ကောင်းမလား ၊ ၀ိုးတ၀ါးနဲ့ ဆက်လျှေက်
လမ်းပျောက်နေတဲ့ ဒီခရီး ကောင်းကင်ကကြယ်တွေကို မော့ကြည့်နေတုန်း
သူ့တိုတွေကအလင်းပြ ငါတို့ကို အားပေးနေရှာ တုန်းပါလား
တွေးရင်း တွေးရင်း အားအင်ပွားတယ် ရုန်းထကြစို့လား သူငယ်ချင်း ။။


ခင်မင်လးစားလျှက်
စာခြောက်ရုပ်နှင့် ဗမာ့သွေး
ပေါင်းစပ်ကာ တင်ပြပေးလိုက်ပါသည် ။

အပြည့်အစုံသို့ >>>

Tuesday, September 28, 2010

Waihnin Pwint Thon Speaks About Burma at Labour Party Conference

B

အပြည့်အစုံသို့ >>>

Friday, September 24, 2010

တိုက်ပွဲသာ ၀င်လိုက်ကြပါစို့

B

၈၈၈၈ ကို အကြောင်းပြုလို့
ညီညာစွာ ပေါင်းစုလို့ပြခဲ့ပြီးပြီ
လူပင်လယ် နဲ့ သွေးကွက် အိုင်
သေနတ်ကိုင်ထား တဲ့ စစ်တပ်
အသိညဏ်ဗလာ ဖြူခါကျအောင်
မွဲနေတဲ့ စိတ်ဓါတ်တွေနဲ့ ရိုင်းပြစွာဆက်ဆံခဲ့တာ
တွေးချင်စရာ မရှိပါဘူး .....။


ကျောင်းသားတွေ သွေးမြေကျခဲ့တယ် ၊
လူတွေကို သတ်ပြခဲ့တယ် ၊
သံဃာတွေကို ဦးခေါင်းကို ရိုက်ခွဲခဲ့တယ် ။
ဒါတွေကို အတိတ်မှာ ထားခဲ့ပြီး
သူတို့တတွေ
ကြိုးဆွဲရာ ကကြမှာလား............. ။


ပါတီကို အကြောင်းပြု လူတစ်စုကလည်း
ကြွေးကြော်နေကြပြန်တယ်
ဒီလမ်းအမှန် ဒီမိုကရေစီကို ချဉ်းကပ်ပြန်သတဲ့ ။
ညဏ်မပါ ပလီပလာ အတတ်တွေနဲ့
ရီစရာ အတော်ပြောတတ်တယ်
ငါလည်းလေ လောကီသားပေမို့
ပွင့်လင်းစွာ ရှင်းရတော့
မြွေဆိုတာ အရေခွံလည်းပေမယ့်
သူ့အဆိပ်က သတ္တ၀ါတွေ သေကြေစမြဲ သာပ
ဖွေရှာကာ တွေးကြပါတော့ ----။

ငါတို့ အမျိုးတွေ သူခိုးတွေ ချည်းပါဘဲလို့
ကြွေးကြော်လို့ မာန်ဝင့် ချင်စရာ
ယူနီဖောင်းနဲ့ သူတောင်းစားတွေ
တောင်းစားနေကြ နေရာတကာ
သဒ္ဒါသလောက် ပေးခဲ့ကြပါတဲ့
သြော် မြန်မာပြည်ရယ် ဂုဏ်ယူစရာ
ကောင်းလိုက်ပုံက နေရာတကာ
သူတောင်းစားတွေ ချည်းပါဘဲ ...........။

သူရဲကောင်း တံဆိပ်တွေ ရင်မှာ ချိတ်ပြီး
သေနတ်တွေ ခါးမှာ ထိုးထားပေမယ့်
ကြောက်စိတ်တွေ ကတော့ သြချလောက်ပါပေတယ် ။
မိန်းမတစ်ယောက်ကို ရန်ရှာကာ ချုပ်ချင်တော့
အတင်းတွေ လည်ကာ တုတ်တာဖြင့်
မကြားဝံ့မနာသာ
အရှက်တရား ရယ် ကုန်ခမ်းနေပုံက
နှိုင်းစရာတောင် အတော်ရှားတာပ
စိတ်ပျက်ဖွယ်ရာ ............။

သာသနာတော် လှည့်ကာတွေးရင်လည်း
သုံးနှစ်သာ ကြာသေးတာပ
ပခုက္ကူမှာ အခြေပြုလို့ လူ့မိစ္ဆာ လူတစ်စု
အမျိုးဖျက်မည့် အကြံနှင့် ထိုးနှက်မည်ကြံလာ ကြသည် ။
ထိုအခါဝယ် ပြည်သူအပေါင်းတို့
ကြပ်တည်းလို့ ကျဉ်းမြောင်းလာ
ဝမ်းစာအရေး ပင် ခက်နေသေးတာရယ်ကြောင့်
ဒကာတွေ ပြေလည်စေ ကြောင်းသာပ
သံဃာတွေ ခြေညောင်းခံကာ
လှည့်လည်လို့ မေတ္တာပွားတယ်
မြန်မာပြည် သာသနာ လွှမ်းလိုက်ပုံက မေတ္တာသုတ်ရွတ်တာ
ရှင်ရဟန်း မဟုတ်ပါဘူးတဲ့ ဖမ်းချုပ်ကြတာ ........။

သြော်... တကယ်ပါလေ ဆက်ကာ မရေးချင်ဘူး
ဤမြေမှာလေ တက်ကာ ကြွေးကြော်လိုက်ချင်တာက
တမျိုးသားလုံး အတွက်
ပေးဆပ်စရာ တကယ်များတာဘဲ
တွဲလက်ကယ် ညီညာစွာဖြင့်
တူပျော်စွာ ချီတက်ကြမယ်
ရရာ လက်နက်ကိုင်ကာ စွဲလို့
တိုက်ပွဲသာ ၀င်လိုက်ကြပါစို့............။

ခင်မင်လေးစားလျှက်
ဗမာ့သွေး

အပြည့်အစုံသို့ >>>

Friday, June 18, 2010

ငြိမ်းချမ်းရေးရဲ့ ပြယုဂ် (သို့ မဟုတ်) အမေ ဒေါ်အောင်ဆန်းစုကြည်

B

ငြိမ်းချမ်းရေးရဲ့ ပြယုဂ် (သို့ မဟုတ်) အမေ ဒေါ်အောင်ဆန်းစုကြည်

အပြည့်အစုံသို့ >>>

Tuesday, May 25, 2010

The Voice Journal Vol.6 No.27

B


အပြည့်အစုံသို့ >>>

Monday, May 24, 2010

အရေးတော်ပုံ ရင်ခုန်သူများ - အောင်ဝေး

B

 

အပြည့်အစုံသို့ >>>

Sunday, May 16, 2010

National Anthem of Burma / Myanmar

B

အပြည့်အစုံသို့ >>>

Tuesday, May 11, 2010

B

အပြည့်အစုံသို့ >>>

Sunday, April 25, 2010

B

ပြည်သူ့ဂုဏ်ရည်ဆု ကိုကျော်သူကိုရွေးချယ်Click Here

အပြည့်အစုံသို့ >>>

Saturday, April 24, 2010

Voice of Burma

B

 

အပြည့်အစုံသို့ >>>

Tuesday, April 20, 2010

NLD LA Statement on Bomb Blast in Rangoon

B


အပြည့်အစုံသို့ >>>

Saturday, April 17, 2010

ရန်ကုန် သင်္ကြန် ဗုံးကွဲ မှု မျက်မြင်သက်သေတဦး၏ ဗီဒီယို

B


ပေးပို့ သူ ကင်ဒိုပါ

အပြည့်အစုံသို့ >>>

မြန်မာပြည် အာဏာရှင်စနစ် ဘယ်ကစသလဲ

B

 

အပြည့်အစုံသို့ >>>

Monday, April 12, 2010

လူပါးတော်တော် ၀ (ရေး ထက်အောင်ရှိုင်း ဆို စက္က)

B


You are the Shit Than Shwe from Thadar May on Vimeo.

အပြည့်အစုံသို့ >>>

Thursday, April 8, 2010

၅ကြိမ်မြောက် MBA ဂျာနယ်

B


အပြည့်အစုံသို့ >>>

Friday, April 2, 2010

ဒေါ်အောင်ဆန်းစုကြည်၏ အခြေခံရပ်တည်ချက်

B

Assk Stand
English Version
ASSK Position

အပြည့်အစုံသို့ >>>

Thursday, March 18, 2010

မေးခွန်းများ 2

B

သင်နဲ့ အချိန်ပြိုင်နေသလား
အချိန်က သင့်ကိုနိုင်နေသလား
သင်က အချိန်ကိုနိုင်နေသလား။

သင်နဲ့ ဘ၀ ပြိုင်နေသလား
ဘ၀က သင့်ကိုနိုင်နေသလား
သင်ကဘ၀ကို နိုင်နေသလား။

သင်နဲ့ မည်သူပြိုင်နေသလဲ
မည်သူက သင့်ကိုနိုင်နေလဲ
သင်ကရော မည်သူ့ကိုနိုင်နေလဲ။

အရာအားလုံးကို သင်အနိုင်ရချင်ရင်
သင်ဘာတွေလုပ်မလဲ၊
အရာအားလုံးကို သင်အရူံးပေးရရင်
သင်ဘယ်လိုနေမလဲ။
(ဆက်ရန်)
မျိုးချစ်လူငယ်

မေးခွန်းများ ၁
သင်ဟာ
သင့်အတွက် ဘာတွေလုပ်ပြီးပြီလဲ၊
သင့်ကိုယ်သင် ပြန်မေးကြည့်ပါ၊

သင်ဟာ
အခုရောဘာတွေ လုပ်နေသလဲ၊
နောင်ရောဘာတွေ လုပ်ဦးမလဲ၊
သင်ဟာ
လူစဖြစ်ပြီး လူရယ်လို့ သိတတ်စ အရွယ်ကတည်းက
လူတွေအတွက် အကျိုးပြုလုပ်းငန်းတွေ
ဘာတွေလုပ်ဖူးသလဲ၊
ဘာတွေကိုရောလုပ် ပြီးပြီလဲ၊

သင့်အတွက်
အချိန်ဆိုတာ တန်ဖိုးရှိပါသလား၊

သင်ဟာ
အချိန်တွေကိုဘယ်လို အသုံးချပါသလဲ၊

သင်ရဲ့
အနာဂတ်အတွက် ဘာတွေရည်ရွယ်ထားသလဲ၊

သင်ဟာ
သင့်ကိုယ်သင် Self Important Person လို့ ယူဆထားပါသလား
(ဒါမှမဟုတ်)
သင့်ကိုယ်သင် Very Important Person လို့ ယူဆထားပါသလား ၊

သင်ဟာ
သင့်ကိုယ်သင် ယုံကြည်မှုရှိပါသလား၊

သင့်ကြောင့်
လူတွေ ဘယ်လောက်များ ဒုက္ခရောက်ခဲ့သလဲ၊

သင်ဟာ
လူတွေကို ချစ်ခင်ပါသလား၊
လူတွေကရော သင့်ကို ချစ်ခင်ကြပါသလား၊ ။
(ဆက်ရန်)

အပြည့်အစုံသို့ >>>

Monday, February 22, 2010

သံဃာ့တပ်ပေါင်းစု အဖွဲကြီး၏ ABMA ဂျာနယ် (အတွဲ ၁။ အမှတ် ၂ )

B


အပြည့်အစုံသို့ >>>

Thursday, February 18, 2010

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ကြေညာချက်အမှတ် ၄ / ၀၂ / ၁၀

B


စာဖတ်ရန် ပုံပေါ်တွင် နှိပ်ပါ။

အပြည့်အစုံသို့ >>>

Saturday, February 13, 2010

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဌ သူရတင်ဦး ယနေ့ပြန်လည်လွတ်မြောက်

B

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဌ သူရတင်ဦး ယနေ့ပြန်လည်လွတ်မြောက်လာပြီး ပထမဆုံး ဗွီအိုအေနှင့်အင်တာဗျူး

အပြည့်အစုံသို့ >>>

B

Who is Aung San of Myanmar ?

Who is Aung San? What is his Speech? part ( 1 ) (Click Here)
Who is Aung San? What is his Speech? part ( 2 ) (Click Here)
General Aung San Or Our Hero (Click Here)
Bogyoke Aung San's Birthday (Click Here)
Bogyoke Aung San (Click Here)
Who is Aung San of Myanmar ? (Click Here)
Bogyoke Aung San Speech (Click Here)

Who really killed Aung San? Vol 1 (Click Here)

Who really killed Aung San? Vol 2 (Click Here)
Who really killed Aung San? Vol 3 (Click Here)
Who really killed Aung San? Vol 4 (Click Here)
Who really killed Aung San? Vol 5 (Click Here)

အပြည့်အစုံသို့ >>>

လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ (၉၅) နှစ်ပြည့်မွေးနေ့  ဂုဏ်ပြုအမှတ်တရ (သမီး ဒေါ်အောင်ဆန်းစုကြည်ရေးသားသည်)

B


အပြည့်အစုံသို့ >>>

ဗိုလ်ချုပ်အောင်ဆန်း၏ မိန့် ခွန်းများ

B


အပြည့်အစုံသို့ >>>

Friday, February 12, 2010

အလုပ်သမားသပိတ်တိုက်ပွဲများနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်

B


အပြည့်အစုံသို့ >>>

Wednesday, February 10, 2010

တရားဝင်စစ်ကျွန်မဖြစ်ဘို့-စစ်အခြေခံဥပဒေကို-ဆန့်ကျင်ကြစို့

B


အပြည့်အစုံသို့ >>>

တရားဝင်စစ်ကျွန်မဖြစ်ဘို့-စစ်အခြေခံဥပဒေကို-ဆန့်ကျင်ကြစို့

B


အပြည့်အစုံသို့ >>>

/* EOT ----------------------------------------- */