FREEDOM FIGHTER FOR BURMA: ဒေါ်အောင်ဆန်းစုကြည်နှင့် သားဖြစ်သူ ပြန်လည် ဆုံတွေ့ကြပြီ (AFP သတင်းဌာန)
ငါတို့အားလုံးရဲ့အမေ ပြန်လာပြီ

Recent Posts

Recent

Tuesday, November 23, 2010

ဒေါ်အောင်ဆန်းစုကြည်နှင့် သားဖြစ်သူ ပြန်လည် ဆုံတွေ့ကြပြီ (AFP သတင်းဌာန)

B


နိုဝင်ဘာ ၂၃၊ ၂၀၁၀
ရန်ကုန်လေဆိပ်တွင် တွေ့ရသော သားအမိ ၂ ဦး နှင့် ၎င်းတို့ကို ကြည့်ပြီး ပျော်ရွှင်နေသူ ပရိသတ်များ (ဓာတ်ပုံ AP)
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြသည် ၁၀ နှစ်ကြာ ကွဲကွာနေသော သားငယ်နှင့် ယနေ့ နံနက်က ပြန်လည် တွေ့ဆုံနိုင်ခဲ့သည်။

ရန်ကုန်လေဆိပ်တွင် စောင့်နေသော ဒေါ်အောင်ဆန်းစုကြည် နှင့် ဘန်ကောက်မှ လေကြောင်းဖြင့် ရောက်လာသော ကင်မ် အဲရစ်တို့ တွေ့ကြခြင်း ဖြစ်သည်။

“ကျမ အင်မတန် ၀မ်းသာပါတယ်၊ အင်မတန် ပျော်ပါတယ်” ဟု ဒေါ်စုက AFP သတင်းဌာနကို ပြောသည်။

ပြုံးရယ်နေသော မိခင်ထံသို့ အဲရစ် ရောက်သွားပြီး လက်မောင်းတွင် ထိုးထားသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အမှတ်အသား ဆေးမင်ကြောင်ကို ပြခဲ့သည်တွေ့ရကြောင်း AFP သတင်းထောက်က ပြောသည်။





မိုးမခမှ ကူးယူဖော်ပြသည်

0 comments:

/* EOT ----------------------------------------- */