FREEDOM FIGHTER FOR BURMA: April 2008
ငါတို့အားလုံးရဲ့အမေ ပြန်လာပြီ

Wednesday, April 30, 2008

မောင်လွမ်းဏီနှင့်သူဧ။် Poetry Politics

B


သူပုန်
(မောင်လွမ်းဏီ)


လတ်ဆတ်စိမ်းပြာ ဧရာဝတီ
ညှီစို့ စို့ ရနံ့ ထုံလွမ်း
ပန်းတွေမျှော်ဆီး ခရီးရှည်ဝေး
မပြီးသေးတဲ့ကဗျာတစ်ပုဒ်
အနာဂတ်ကို ကုပ်ဂွဆီးလို့ ။ ။


မာနယ်ပလော
(မောင်လွမ်းဏီ)

စက်လှေသံတွေ လုံးလားထွေးလား
သင်တိုင်းဖုံထားတဲ့ သေနပ်များ
နေခြည်ငတ်မွတ် နှင်းထုများ
လူတွေအားလုံးလိုလိုက
သောင်းရင်းကို ကျားတစ်ကောင်လိုမွေးထား
ဒီမှာလေ
မွေးဖွားနေတဲ့ ကလေးတစ်ဦးဦး
‘‘ပေါ်ဦးသက်’’ ဝင်စားလေမလား ။ ။


ဗုံးခိုကျင်း
(မောင်လွမ်းဏီ)

မြားတစ်စင်းလို လှေ
နဒီရေဆန် ဖြတ်သန်း
ဇာတ်လမ်းတစ်ခုထဲက နောက်ခံသီချင်း
(ယာယီအားဖြင့်)
လမင်းနဲ့ မိတ်ပျက်ဖူးတယ် ။ ။


စပါးတားကပ်(စ်)လက်သစ်
(မောင်လွမ်းဏီ)

ငါက
ကဗျာဆရာ
သူက
ကွန်ပျူတာ။

ကွန်ပျူတာ
ကဗျာမရေးတက်ဘူး
ဒါပေမဲ့
ကဗျာတွေတော့
သိမ်းဆည်းပေးတတ်တယ်။

တစ်နေ့ သားတော့
ကွန်ပျူတာက
ငါ့ဆီ သေနပ်တောင်းတယ်။

မြန်မာပြည်ကို
သူရောက်ဖူးသွားပြီလေ ။ ။


နောင်ရိုးမျိုးဆက်
(မောင်လွမ်းဏီ)

မောင်ပြန်ကို
ဒေါင်းအလံနဲ့ တိုက်မဟေ့
ပြည်သူ့ ရှေ့ ကစိန်ခေါ်သံ
အမှောင်ခေတ်ကို ကျော်ဖြတ်ရန်
ခွပ်ဒေါင်းတွန်ကျူးဟိန်းပွက်ညံ ။

လှည်းနေလှေအောင်း
မြင်းဇောင်းမကျန်ခဲ့
မြတ်သော သွေး ချွေး
နှင်းအပ်နံတဲ့
ငါတို့ ရဲ့တော်လှန်ရေး
ဒီမိုကရေစီအရေးတော်ပုံ
မြေမိုးသိမ့်သိမ့် တုန်လေသတည်း ။ ။


ငါးရောင်ခြယ်
(မောင်လွမ်းဏီ)

ပြည့်ဝမ်းမီး တောက်
သံဃာလျှောက်သည်
အံ့လောက်ပါသော ဒို့ တိုင်းပြည်။ ။

အပြည့်အစုံသို့ >>>

Tuesday, April 29, 2008

ထောက်လှမ်းရေး အရာရှိဟောင်း ဗိုလ်မှူးအောင်လင်းထွဋ် (အငြိမ်းစား)၏ တပ်မတော်သားများ၊ အစိုးရ၀န်ထမ်းများနှင့် မိသားစုများသို့ အိတ်ဖွင့်ပေးစာ

B




အပြည့်အစုံသို့ >>>

A hip-hop poetry reading for Free Burma in Tokyo

B

Popular Japanese writer, rapper, and TV personality Seiko Ito performed a hip-hop poetry reading at a concert today in which he vigorously called on the Burmese military regime to stop killing unarmed monks and to begin dialogue.


Burma Information Network
Tokyo, Japan
April 19, 2008




အပြည့်အစုံသို့ >>>

Monday, April 28, 2008

ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းထဲ မြန်မာနိုင်ငံ ဘာကြောင့်ရောက်သွားသလဲဆိုတာ ..

B



နိဒါန်း
-----
တချိန်က ကြွယ်ဝခဲ့တဲ့ မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံစာရင်းထဲ ဘာကြောင့်ရောက်သွားရသလဲဆိုတော့ ခပ်ရှင်းရှင်းပြောရရင် စဉ်းစားဆင်ခြင်ဥာဏ်မရှိတဲ့ အစိုးရကြောင့်ပါပဲ။ ဘာလို့ စဉ်းစားဆင်ခြင်ဥာဏ်မရှိဘူးလို့ ပြောသလဲဆိုတာ ပြီးခဲ့တဲ့ စက်တင်ဘာသံဃာ့အရေးအခင်းနဲ့ အခု ပြည်ပနိုင်ငံတွေမှာ ကျင်းပနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ကြိုတင်ဆန္ဒမဲပေးပွဲတွေမှာ စဉ်းစားဆင်ခြင်ဥာဏ်မရှိဘဲ ကမူးရှူးထိုး ရမ်းရမ်းကားကား ကိုင်တွယ်ခဲ့ပုံကို သုံးသပ်ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။ တစ်ခုချင်း ကျွန်တော် ဆွေးနွေးပါမယ်။

စက်တင်ဘာသံဃာ့အရေးအခင်း
---------------------------------
စက်တင်ဘာသံဃာအရေးအခင်း ဘာကြောင့်စရသလဲ။ လောင်စာဆီဈေးတွေ ရုတ်တရက် ခုန်တက်သွားလို့ ပိုမိုကျပ်တည်းကြမယ့် ပြည်သူတွေရဲ့ ဘ၀ကို စာနာပြီး မခံမရပ်နိုင်ဖြစ်ရတဲ့ သံဃာတော်တွေ လမ်းမပေါ်ကို ထွက်လာကြလို့ပါ။

၁) အဲဒီလို လောင်စာဆီဈေးတွေ မတက်ခင် ကနဦးမှာ ကြိုတင် ကြေညာခြင်း မပြုဘဲ လုပ်ချင်ရာ လုပ်တော့ ဘာဖြစ်လဲဆိုပြီး လုပ်ခဲ့တာက အမှားတစ်ခုပါ။

၂) နိုင်ငံတကာမှာ ဈေးတွေ တက်ကုန်လို့ ငါတို့လဲ လိုက်တက်တာ တရားတယ်ဆိုပြီး လုပ်မိတဲ့ ပထမအမှားကို ရလိုရငြား ဇွတ်အတင်း ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးကွယ်တာက အမှားတစ်ခုပါ။

၃) ဗုဒ္ဓဘာသာဝင်အများစုနေထိုင်တဲ့ မြန်မာနိုင်ငံမှာ ဘုရားသားတော် သံဃာတော် အချို့ကို ရိုက်နှက်ခဲ့တာ အမှားတစ်ခုပါ။

၎) အဲလို ရိုက်နှက်တာကို မကျေနပ်လို့ သံဃာတော်တွေ ထွက်လာတာကို ပြေပြေလည်လည် တောင်းပန်ပြီး ကြေအေးအောင် ဆောင်ရွက်ရမယ့်အစား လက်နက်အားကိုးနဲ့ ဖိနှိပ်တာ အမှားတစ်ခုပါ။

၅) သံဃာတော်တွေနဲ့ ပြည်သူပြည်သားတွေကို ရက်ရက်စက်စက် ဖမ်းဆီးနှိမ်နင်းသတ်ဖြတ်ခဲ့တဲ့တာက အမှားတစ်ခုပါ။

၆) ဂျပန်သတင်းထောက်ကို အနီးကပ် ချိန်ရွယ် ပစ်သတ်ခဲ့တာကို မတောင်းပန်ရုံမက မတော်တဆ ကျည်သင့်ပြီး သေခဲ့တာပါလို့ လိမ်တာက အမှားတစ်ခုပါ။

ကျွန်တော် အကြမ်းဖြင်းသုံးသပ်ပြသွားတဲ့ အတောအတွင်းမှာကို အစိုးရကျူးလွန်ခဲ့တဲ့ အမှားက ခြောက်ခု တိတိ ရှိပါတယ်။ ဒါတွေဟာ လိမ္မာပါးနပ်စွာနဲ့ ဖြေရှင်းခဲ့မယ်ဆိုရင် အခုလောက်ထိ အခြေအနေဆိုးသွားစရာ အကြောင်း မရှိပါဘူး။ အဲဒီ စက်တင်ဘာက အမှားတွေကို ဘယ်လို ဖြေရှင်းခဲ့သင့်သလဲ။

၁) လောင်စာဆီ ဈေးတွေ မတက်ခင် တတ်သိနားလည်တဲ့ ပညာရှင်တွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး ပြည်သူတွေကို ကြိုတင် သတိပေးသင့်တယ်။ မပြောမဆို ဈေးအဆမတန် ခုန်တက်လိုက်ခြင်းအားဖြင့် လူတွေကို ရှော့ခ်ရစေပါတယ်။

၂) နိုင်ငံတကာမှာ ဈေးတွေ တက်ကုန်တယ်။ ဒါပေမယ့် အားလုံးက ကြိုတင် ကြေညာကြတယ်။ ပြီးတော့ ဖြည်းဖြည်းချင်း ဈေးကို ဆွဲတင်ကြတယ်။ မြန်မာအစိုးရလုပ်သလို ဗြုန်းစားကြီး အဆမတန်တက်သွားတာမျိုး ဘယ်နိုင်ငံမှာမှ မလုပ်ဘူး။

၃) သံဃာတော်တွေကို ရိုက်နှက်တယ်ဆိုတာ တကယ့်ကို မကြားဝံ့မနာသာ အပြုအမူမျိုးပဲ။ ငရဲမကြောက်တဲ့ လူရိုင်းတွေ လူသတ်ဖို့ လက်မရွံ့တဲ့ကောင်တွေကို ငါတို့ လက်သပ်မွေးထားတယ်ဆိုတာ ဒီအပြုအမူအနေ ပြလိုက်တယ်။ တာဝန်ရှိသူတွေ အနေနဲ့ အဲဒီအဖြစ်အပျက်ကို သိသိချင်း ပြေလည်အောင် တောင်းပန်ခဲ့ဖို့ သင့်တယ်။ သံဃာတော်တွေဟာ အမျက်အာဃာတထားတတ်သူတွေ မဟုတ်ဘူးဆိုတာ မမေ့သင့်ဘူး။

၎) ပထမ အကြိမ်တောင်းပန်ဖို့ ပျက်ကွက်ခဲ့တာကို နောင်တမရတဲ့အပြင် သံဃာအတုအယောင်တွေလို့ စွပ်စွဲပြောဆိုလိုက်တော့ မီးပြင်းအောင် ပိုမြှိုက်ပေးလိုက်သလို ဖြစ်သွားတယ်။ ဒီအခြေအနေမှာ တိုင်းသိပြည်သိ ၀န်ချတောင်းပန်ရင် မီနိုင်ခဲ့သေးတယ်။ ဒါပေမယ့် ခေါင်းမာစွာနဲ့ မတောင်းပန်ခဲ့ဘူး။

၅) လက်နက်နဲ့ ဖိနှိပ်ရင် အားလုံးပြီးသွားမှာပဲလို့ ယူဆပြီး ကမ္ဘာသိလူသတ်ပွဲကြီး ဆင်နွှဲတယ်။ ဒါပေမယ့်လည်း အင်တာနက်ကျေးဇူးကြောင့် ယုတ်မာမှုတွေ ကမ္ဘာကသိပြီး အရှက်လုံးလုံးကွဲခဲ့ရတယ်။ ဒါတောင် နောင်တ မရဘဲ အာပေါင်အာရင်းသန်သန်နဲ့ မျက်နှာပြောင်တိုက်ပြီး အော်နေသေးတယ်။ ခွေးလှေးခုန်လို့ ဖုန်မထဘူးဆိုတာကို သတိရမိရင် ဒီလို လုပ်မယ်မထင်ဘူး။

၆) ဒီလို နိုင်ငံတကာ သတင်းထောက်ကို ပစ်သတ်ရရိုး ထုံးစံ မရှိဘူး။ စစ်မြေပြင်မှာတောင် အဲလို မပစ်ရဘူး။ အဲဒါကို တာဝန်ယူပြီး တောင်းပန်ရင်ပြီးမယ့်ကိစ္စကို ကျည်မတော်တဆထွက်သွားလို့ သေရတာပါဆိုပြီး ဘူးခံငြင်းလိုက်တယ်။ ဓာတ်ပုံတွေ ဗီဒီယိုတွေ ဖုံးမရ ဖိမရထွက်လာမှ မြန်မာအစိုးရဟာ လူလိမ်လူကောက်တွေပဲဆိုတာ ကမ္ဘာက ကောင်းကောင်း လက်ခံလိုက်တယ်။

စက်တင်ဘာအရေးအခင်းမှာ မစဉ်းစား မဆင်ခြင်ဘဲ ဆုံးဖြတ်ခဲ့တဲ့ အမှားတွေ အပေါ်ယံတွေးကြည့်တာတောင် အဲဒီလောက် များနေတယ်။ ဘယ်သူမှ မသိလိုက်ဘဲ အတွေးမှား အဆုံးဖြတ်မှားလို့ ထိုးကျွေးလိုက်ရတဲ့ နိုင်ငံတော် သိက္ခာတွေ နိုင်ငံတော် ဘဏ္ဍာတွေ ဘယ်လောက် များနေပြီလဲ။ ဒီလို အုပ်ချုပ်မှုညံ့ဖျင်းပုံနဲ့ မြန်မာပြည် တနေ့တခြား ဆုတ်ယုတ်လာတာ သိပ်တော့ မထူးဆန်းဘူး။

ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ကြိုတင်ဆန္ဒမဲပေးပွဲများ
-------------------------------------------------------
အခု ပြည်ပနိုင်ငံတွေမှာ ကျင်းပနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ကြိုတင်ဆန္ဒမဲပေးပွဲတွေမှာ အနိုင်မရရ အောင် နည်းမျိုးစုံနဲ့ လှည့်စားပြီး လုပ်နေကြတယ်။ ၁၈ နှစ်ပြည့်ပြီးသူတိုင်း မဲပေးပိုင်ခွင့်ဆိုတာ နိုင်ငံသားတိုင်း ရပိုင်ခွင့်ရှိတဲ့ အခြေခံ လူ့အခွင့်အရေး ဖြစ်တယ်။ ဒါကို လက်တလုံးခြားလုပ်ပြီး အနိုင်ရအောင် ဆောင်ရွက်နေကြတာဟာ အတော်လေးကို ရှက်ဖို့ ကောင်းတဲ့ ကိစ္စပဲ။
၁) အစ္စရေးက မြန်မာသံရုံးမှာ မဲပေးလို့ ရပြီဆိုတာတောင် ကြိုမကြေညာဘဲ သံရုံးအသိုင်းအ၀ိုင်းနဲ့ နီးစပ်သူတွေ၊ သံရုံးက လူတွေနဲ့ပဲ မဲပေးပွဲ ကျင်းပလိုက်ကြတယ်။ ဒါလို လုပ်ခြင်းဟာ စဉ်းစားဆင်ခြင်ဥာဏ်မဲ့လွန်းတယ်။

၂) ဂျပန်မှာ ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကို မဲထည့်ခွင့် မပေးဘဲ ဆန္ဒပြကြတော့ ဂျပန်ရဲတွေကို လှမ်းခေါ်ပြီး သူတို့အကူအညီနဲ့ ဆန္ဒမပြနိုင်အောင် ကြိုးစားတယ်။ အဲဒီမှာ ဂျပန်ရဲတွေနဲ့ ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ပြီး လက်ကျိုးတဲ့သူကျိုး မေ့လဲတဲ့သူလဲနဲ့ အတော် ဒုက္ခရောက်ရတယ်။ အားလုံး အဆင်ပြေပြေနဲ့ မဲပေးနိုင်အောင် ဖန်တီးပေးရမယ့် အစား ဆန့်ကျင်ဘက်တွေကို ဖန်တီးတယ်။

၃) စင်္ကာပူမှာ မြန်မာ ၃ သောင်းကနေ ၅ သောင်းကျော် ရှိတဲ့အနက် ၁ သောင်းလောက်ကိုပဲ ရွေးပြီး ဖိတ်စာတွေ ပို့ခဲ့တယ်။ အဲဒီသူတွေကိုသာ မဲပေးခွင့်ရှိသူတွေ ဆိုပြီး သတ်မှတ်တော့ ကျန်တဲ့သူတွေ ဒေါသထွက်မယ်ဆို ထွက်ချင်စရာပဲ မဟုတ်လား။ အဲဒီလို မတရားလုပ်တဲ့သတင်းတွေ စင်္ကာပူက သတင်းစာတွေထဲ ပါလာတော့ မြန်မာသံရုံးအနေနဲ့ အရှက်ကွဲရပြန်ရော။ ဖိတ်စာ မရတဲ့သူ တချို့ကိုတော့ မဲပေးချင်ရင် အခွန်ဆောင်ထားတဲ့ ပြေစာပြရမယ်ဆိုပြီး လုပ်ပြန်တယ်။ ကိုယ့်အခွင့်အရေးအတွက် ရတဲ့ မဲတစ်ပြားကို ရဖို့ သံရုံးကို အခွန်ဆောင်မှ ပေးမယ်ဆိုတာတော့ မတရားလုပ်တာပဲ။ တကယ်တော့ ဒီမှာ တရားဝင်လုပ်ကိုင်နေသူ အများစုဟာ စင်္ကာပူအစိုးရကို အခွန်ဆောင်ပြီး နေထိုင်လုပ်ကိုင်နေသူတွေပဲ။ အခွန်နှစ်ထပ်မကောက်ပါဘူးလို့ စင်္ကာပူအစိုးရနဲ့ လက်မှတ်ထိုးထားပြီး နောက်ကွယ်ကနေ တစ်လတစ်လ မတရားကောက်နေတဲ့ ၀င်ငွေခွန် ဒေါ်လာသန်းချီဟာ ဘယ်ကို ပျောက်ပျောက်သွားသလဲ။ ပြည်တွင်းအခွန်ဦးစီးဌာနကို လွှဲပေးရတယ်။ ဘဏ္ဍာရေးဝန်ကြီးဌာနကို လွှဲပေးရတယ်ဆိုပြီး တစ်ယောက်ကို တစ်ယောက် လွှဲချရင်း နောက်ဆုံးတော့ စစ်အသုံးစရိတ်အဖြစ် အသွင်ပြောင်းသွားမှာ အသေအချာပဲ။


နိဂုံး
----
ပြည်တွင်းမှာ တရားမျှတတဲ့ ပြည်သူ့ဆန္ဒခံယူပွဲကို ကျင်းပပေးမယ်ဆိုတဲ့ မြန်မာအစိုးရဟာ ပြည်ပက လက်တစ်ဆုပ်စာ မြန်မာတွေက တညီတညာတည်း "နိုး" မဲတွေ ပေးလိုက်မှာကို ကြောက်နေကြတယ်။ နိုင်ငံတကာလေ့လာသူတွေ လာပြီး စောင့်ကြည့်ကြီးကြပ်ခွင့် ပေးမထားတဲ့ ပြည်တွင်းက မဲရုံတွေမှာ ကိုယ့်စိတ်ကြိုက် မဲလိမ်ရင် ရနိုင်ပါလျက်နဲ့ ပြည်ပနိုင်ငံတွေက မြန်မာသံရုံးတွေမှာ အဲလို တင်းမာမှုတွေ အဆီးအတားတွေ လျှောက်လုပ်တော့ ကိုယ်ကြောက်တာ လူသိတာပေါ့။ ရန်ကုန် တစ်မြို့လုံးမှာ မဲပေးနိုင်သူ ဦးရေ လေးသန်းကျော်ရှိတယ်လို့ သတင်းတစ်ပုဒ်မှာ ဖတ်ရတယ်။ အဲဒီမှာ မဲမလိမ်ချင်လည်း တစ်နိုင်ငံလုံး မဲလိမ်လို့ ရတဲ့ နေရာတွေ အပြည့်ပဲ။ ပြည်ပမှာ ရောက်နေတဲ့ မြန်မာတွေ အားလုံးကို မဲပေးခွင့်ပေးပြီး ရန်ကုန်လို မြို့ကြီးတွေမှာ နိုင်ငံတကာက လေ့လာသူတွေ စောင့်ကြည့်ခွင့်ပေးလိုက်မယ်ဆိုရင်တောင် အခြား နယ်တွေမှာ လိမ်ချင်တိုင်း လိမ်လို့ ရတာ စဉ်းစားဆင်ခြင်ဥာဏ်ရှိသူတိုင်း တွေးမိမှာပါ။ အခုတော့ အားလုံးနဲ့ ပြောင်းပြန်တွေချည်း လိုက်လုပ်နေတာ တွေ့နေရတော့ တာပါပဲ။

လာမယ့် မေလ(၁၀) ရက်နေ့ကျရင်လည်း ဘာတွေ စဉ်းစားဆင်ခြင်ဥာဏ်မရှိ လျှောက်လုပ်ဦးမလဲဆိုတာ ကြိုမတွေးတတ်အောင် ပါပဲ။ အရူးကို လင်လုပ်နေရသလိုပဲဆိုတဲ့စကားလို အရူးပလ္လင်ပေါ်ရောက်နေတဲ့ ခေတ်အခါကိုး။ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းထဲ မြန်မာနိုင်ငံ ဘာကြောင့်ရောက်သွားသလဲဆိုတဲ့ မေးခွန်း ကျွန်တော့်ကို မေးလာမယ်ဆိုရင်တော့ ဒီဆောင်းပါးကို အစအဆုံး တစ်ခေါက်ထပ်ဖတ်ကြည့်ရင် သဘောပေါက်သွားပါလိမ့်မယ်လို့သာ ဖြေချင်ပါတယ်။

ညီညီ(သံလွင်)

အပြည့်အစုံသို့ >>>

ကိုရီးယားက ပို့ တဲ့ကဗျာ

B


ကြိုးကြာ ထံသို့ 
(Y မြစ်ချို)

လေထဲလွင့်မျော
နာပျော်ဖွယ်တေး
ကြိုးကြာငှက်တို့ အသံပေးတယ်။

မိုင်ထောင်ချီ နွေခရီး
ရွှေအတိပြီး အဆုံးသတ်စေကွယ်။ ။

(အေသင်နှင့် ဇော်မင်းထွေးတို့ ကိုရည်ညွှန်းပါသည်။)


အပြည့်အစုံသို့ >>>

Sunday, April 27, 2008

မဲဆောက်သို့ ပေးသောစာ

B



ရဲဘော်ကြီး ကိုလွမ်းဏီရေ-
‘‘ကမ်းကြည့်ငှက်” လို့ အမည်ပေးထားတဲ့ မိုင်၃၀၀၀ ခရီးရှည်ချီတက်ပွဲ ရန်ပုံငွေရှာဖွေရေး ကွန်ရက်အကြောင်း ကျနော်တို့ Freedom Fighter blog ထဲမှာ ခင်ဗျားဝင်မေးထားတာတွေ့ လို့ ဒီစာကိုရေးလိုက်တာပါ။
အမေရိကန်အနောက်ခြမ်း Oregon ကနေ အရှေ့ ဘက်ခြမ်း New York အထိ မိုင်၃၀၀၀ကျော် ချီတက်နေကြတဲ့ အေသင် နဲ့  ဇော်မင်းထွေး တို့ နှစ်ယောက်ဆီကို ကျနော်နဲ့ မိုးသီးဇွန် နဲ့ ဖုန်းဆက်အားပေးစကားပြောကြရာကနေ ဒီ‘‘ကမ်းကြည့်ငှက်’’ အစီအစဉ်လေးကို စိတ်ကူးရမိတာပါပဲ။
ဒီစိတ်ကူးကို Sanfrancisco က မိုးမခမီဒီယာလုပ်နေတဲ့ မောင်ရစ်ကို ပြောပြတယ်။ အမေရိကန် မှာနေတဲ့ မြန်မာဘလော့ဂါ မသဒ္ဓါနဲ့ တိုင်ပင်တယ်။ မိုင်၃၀၀၀ ချီတက်နေတဲ့ရဲဘော် ၂ ယောက်အကြောင်း ဆရာမောင်စွမ်းရည်တို့ ၊ ဒေါ်မာမာအေးတို့ ၊ ကိုလားရှိုးသိန်းအောင်
တို့ ကို ပြောပြတော့ ဒီလူကြီးတွေကလည်း ခရီးရှည်ချီတက်နေတဲ့ လူငယ်နှစ်ယောက်ဆီကို ဖုန်းတွေဆက်ပြီးအားပေးကြပါတယ်။

အမေရိကန်မှာရှိတဲ့ မြန်မာနိုင်ငံသားတွေထဲက ဘယ်သူမဆို မိုင်၃၀၀၀ ချီတက်ပွဲကို ထောက်ခံတဲ့သူ အားလုံးကို စုစည်းဖို့ စိတ်ကူးရလိုက်တယ်။ အဲ့ဒီ့မှာ ကမ်းကြည့်ဌက်လို့ အမည်ပေးပြီး ရန်ပုံငွေရှာဖွေဖို့ စတင်လိုက်တာပါ။
အဖွဲ့ ဝင်တွေဆိုတာကတော့ ကမ်းကြည့်ဌက်မှာပါဝင်ပြီး အေသင်နဲ့ ဇော်မင်းထွေးတို့ ကို အမြဲတမ်းဖုန်းဆက်အားပေးနေတဲ့သူတွေ ၊ ချီတက်ပွဲအကြောင်း ကိုယ့်နိုင်ငံသားတွေကြားမှာ သတင်းပေးနေတဲ့သူတွေ ၊ လမ်းလျှောက်နေတဲ့လူတွေလိုအပ်တဲ့ ငွေကြေးကို ရှာဖွေစုဆောင်းပေးနေတဲ့သူတွေကို နာမည်ဖော်ပြပေးထားတာပါ။ တချို့ လည်း နာမည်ဖော်ပြခွင့်မပြုပေမဲ့ စိတ်ဓာတ်နဲ့ ငွေကြေးအကူအညီ ပေးတဲ့သူတွေလည်းရှိပါတယ်။
အစကတော့ အမေရိကန်က အင်အားစုတွေလောက်နဲ့ ပဲ စုစည်းကြည့်ဖို့ မှန်းထားတာ ၊ နောက်တော့ Y မြစ်ချိုတို့ လို တောင်ကိုရီးယားက
ရဲဘော်တွေနဲ့ လည်းချိတ်မိ ၊ ဂျပန်က ရဲရင့်သက်ဇွဲတို့ အဖွဲ့ တွေနဲ့ လည်း ချိတ်မိရုံတင်မက သြစတြေးလျက ညီမလေး ရှေးရေစက်တို့ နဲ့ 
ပါချိတ်မိသွားတာပါ။
ကိုလွမ်းဏီရေ- အေသင်က ABSDF တပ်ရင်း ၆၀၁ ကတဲ့ ၊ အသက် ၃၅ နှစ်ရှိပြီ။ ဇော်မင်းထွေးက ၂၇ နှစ်။ သူက အေဘီရဲဘော်ဟောင်း တစ်ဦးရဲ့သား။
ကျနော်တို့ FREEDOMFIGHTER ဘလော့ဂ်မှာ တင်ထားတဲ့ ဗီဒီယိုမှာကြည့်ရင်တွေ့ နိုင်ပါတယ်။ သူတို့ ကိုင်ဆောင်ချီတက်နေတဲ့ အလံက
ABSDF အလံ နဲ့ အမေရိကန် အလံတွေပဲလေ။
ကုလသမဂ္ဂလုံးခြုံရေးကောင်စီမှာ မြန်မာ့အရေးကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးဖို့ အကြောင်း စာသွားတင်မယ့်သူတို့ ရဲ့
ခရီးရှည်ကြီးကို ကျနော်တို့ အားပေးဂုဏ်ပြုရမယ်လေ။ သူတို့ အစီအစဉ်က ရှစ်ရက်၊ရှစ်လ၊နှစ်ထောင့်ရှစ် မတိုင်မီ New York အရောက်
ပဲ။ ရှစ် လေး လုံး နှစ်၂၀ ပြည့် အထိမ်းအမှတ်ပေါ့။ ဒါကြောင့်ရည်ရွယ်ချက်အောင်မြင်အောင် ကျနော်တို့ ကမ်းကြည့်ငှက်က ဘေးကလိုက်လံ စောင့်ရှောက်ကူညီပေးတဲ့ သဘောပါပဲ။
New York မှာ သူတို့ ကို လူထုအခမ်းအနားနဲ့ ကြိုဆိုဖို့ ကျနော်နဲ့ မိုးသီးဇွန် တိုင်ပင်ထားပါတယ်။ အဲ့ဒီ့ပွဲမှာ ကျနော်တို့ ကဗျာဆရာတွေက
ကဗျာရွတ်ဆိုပြီး ဂုဏ်ပြုကြရင်မကောင်းဘူးလား။
မဲဆောက် ကွန်မြွန်းတစ်ခုလုံးကလည်း မိုင်၃၀၀၀ ချီတက်ပွဲကို ထောက်ခံအားပေးလိမ့်မယ်လို့ ယုံကြည်ပြီးသားပါ။ သူတို့ ချီတက်နေတုန်း ဒီကြားထဲမှာပဲ မေလ ၁၀ ရက်ဟာ ပြည်တွင်းမှာ တိုက်ပွဲတွေပြင်းထံနေတော့မယ်။ ဒေါက်တာလွဏ်းဆွေစကားနဲ့ ပြောရရင် ‘‘ပုရစ်ဖူးတွေ နွေမှာဝေ ၊ စစ်ဘီလူးတွေမေမှာသေ’’ မယ့် အချိန်ပဲ။
အဲ့ဒီတော့ ကိုလွမ်းဏီလဲ မေတိုက်ပွဲနဲ့ တပါတည်း မိုင်၃၀၀၀ ချီတက်ပွဲ အတွက်လည်း ရှေ့ တန်းကပါဝင်စေချင်ပါတယ်။ ခင်ဗျားနာမည်ကို ကမ်းကြည့်ဌက်မှာထည့်လိုက်ပြီ။ ကဗျာဆရာတစ်ယောက်ရဲ့နောက်မှာ သူ့ ပြည်တွေအများကြီးရှိတယ်လေ။
အခုလောလောဆယ် အေသင်တို့ ၂ ယောက် Nebraska ပြည်နယ်ထဲကို မိုင် ၁၀၀ လောက် ဝင်လာပါပြီ။ သူတို့ မိုင်၁၃၀၀ ကျော် ခရီးပေါက်ခဲ့ပြီ။
မဲဆောက် ဒေါင်းရင်ပြင်က ကဗျာဆရာများ FREEDOMFIGHTER ဘလော့ဂ်အတွက် စာမူများ ပေးပို့ နိုင်ကြပါတယ်ခင်ဗျား။

FREEDOMFIGHTER FOR BURMA
create:စစ်နိုင်မင်း (၁၆)
Advise:အောင်ဝေး (၅၄)


အားလုံးကိုအမြဲသတိရလျက်-
အောင်ဝေး(ခေတ္တ-Michigan)

အပြည့်အစုံသို့ >>>

Saturday, April 26, 2008

ဒေါင်းတွန်သံ

B


ဒေါင်တွန်သံ
(စစ်နိုင်မင်း)

ဒေါင်းတစ်ကောင်ဟာဖြင့်
ခြသေ့င်္တစ်ကောင်လောက် မဟိန်းနိုင်မဟောက်နိုင်ပေမဲ့
ချိုသာတဲ့ တွန်သံတော့ရှိပါတယ်လေ။

ဒေါင်းတစ်ကောင် တွန်သံဟာ
အလွန်ချိုသာပေမဲ့
ခြသေ့င်္တစ်ကောင်ရဲ့ ဟိန်းဟောက်သံဟာ
ခြိမ်းခြောက်နေတာနဲ့ တူပါတယ်လေ။

ခြင်္သေ့တစ်ကောင်မှာ မာန်ရှိသလို
ဒေါင်းတစ်ကောင်မှာလည်း မာန်ရှိပါတယ်လေ။

ဒေါင်းတစ်ကောင်ဟာ အမြင့်ကပျံနိုင်ပေမဲ့
ခြသေ့င်္တစ်ကောင်ဟာဖြင့် အမြင့်ကမပျံနိုင်ပါဘူးလေ။
ဒါကြောင့်ဒေါင်းက အမြင်ကျယ်ကျယ်နဲ့ အဝေးကို
လှမ်းမြင်နိုင်ပေမဲ့
ခြင်္သေ့ကတော့ မမြင်နိုင်ဘူး။

ဒေါင်းတွန်သံကိုကြားသောလူတွေဟာ
အလွန်ကြည်နူးသလို၊
ခြင်္သေ့တစ်ကောင်ရဲ့ ဟိန်းဟောက်သံကို
ကြားရသော လူတွေက
အလွန်စက်စုပ် ရွံရှာကြတယ်လေ။

အပြည့်အစုံသို့ >>>

မောင်သာရရဲ့ ကဗျာတစ်ပုဒ်

B


ကျီးနှင့်ခင်ပုပ်
(မောင်သာရ)

ချုပ်နေ့ ကျုးက
ရူးမူးတုန်လဲ့၊ ကိုးရာမဲ့ဟု
ကျီးကဲ့သို့ လျှင် မတွေးချင်။

ခင်ပုပ်လည်းငှက်
ညဥ့်လည်းနက်
ထွက်၍တိုက်ခိုက်သည်တကား။ ။

(ကျဉ်တုပ်ခံဝံ့ မခံဝံ့ ဝတ္ထုမှ)










အပြည့်အစုံသို့ >>>

Friday, April 25, 2008

သားရွှေအိုးထမ်းတာကို မြင်ချင်တာပါ

B




သားရွှေအိုးထမ်းတာကို မြင်ချင်တာပါ

ရွာဘေးက - သာအေး

နိုးဗုတ် - ဗုတ်နိုးနဲ့ ပတ်သက်လို့ အတော်များများ ဆွေးနွေးပြီးကြပါပြီ။ လိုမယ်ထင်လို့ နည်းနည်းဖြည့်ချင်ပါတယ်။ ကျနော့်အမြင် နအဖရဲ့ဆန္ဒခံယူပွဲမှာ နိုး-ဗုတ် ဖြစ်စေ၊ ဗုတ်-နိုး ဖြစ်စေ အခြေခံဥပဒေကြမ်းဟာ အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ ယူဆတယ်။ နိုးဗုတ်ဆိုပြီး တညီတည်း မဲရုံမသွားကြရင် (၅၀ရာနှုန်းပြည့်မှာ မဟုတ်လို့) ဆန္ဒခံယူပွဲ အထမမြောက်။ မဲရုံသွားပြီး ဗုတ်နိုးလို့ တညီတည်း ကန့်ကွက်ကြရင် (ကန့်ကွက်မဲ အများနဲ့) အခြေခံဥပဒေ အတည်မဖြစ်။ (အနည်းအပါး ညစ်ခံရလျှင်ပင် ) နှစ်ခုစလုံးဟာ နိုင်ခြေရှိပါတယ်။ သို့သော် ကျနော်တို့တတွေေ၀၀ါးပြီး တယောက်တပေါက်နဲ့ နိုးဗုတ် တချို့၊ ဗုတ်နိုး တဖုံ၊ (ပယ်မဲ တနည်း)ဆိုရင် မဲတွေပြားပြီးတော့ ဗုတ်-ရက်စ်က သေချာပေါက်နိုင်သွားမယ်၊ ဒါကို စိုးရိမ်စရာရှိတယ်။ ဒါကြောင့် တခုတည်းကိုပဲ တညီတညွတ်တည်း ၀ိုင်းအောဖို့လိုမယ်။ အခုခါ အင်အယ်ဒီက ဗုတ်နိုးကို ရွေးလိုက်တော့ ရှင်းသွားပါပြီ၊ လူထုအားလုံး ဗုတ်နိုးရုံပဲရှိ ပါတော့တယ်။

ဒီစာတင်ပြခြင်တာ ဒီနေရာမှာပါ။ အင်အယ်ဒီက ဗုတ်နိုး ရွေးတာကို ၊ ဒေါက်တာလွဏ်းဆွေ ဘလော့ဂ်မှာ (တိုက်ပွဲဝင်ဖို့ ရှေ့ကဦးမဆောင်ဘဲ ) လူထုကို ဆိတ်အုပ် နွားအုပ် မောင်းသလို ကန့်ကွက်မဲပေးကြလို့ မောင်းနေတယ်ဆိုတဲ့ ထင်မြင်မှုကို တွေ့ရတယ်။ အဲတာမျိုး မဟုတ်ဘူးဆိုတာ အမြင်ရှင်းစေဖို့ပါ။ အားလုံး သိကြတဲ့အတိုင်း အတွေးအခေါ်တွေ ရှုပ်ထွေး၊ နည်းဗျုဟာတွေ ထွေပြားနေတဲ့အချိန်မှာ၊ ရှင်းရှင်းလင်းလင်း လမ်းပြဖို့ လူထုက တောင်းဆိုတဲ့အတွက် အင်အယ်ဒီက ပြတ်ပြတ်သားသား လမ်းညွှန်လိုက်တယ်။ အရေးကြုံတဲ့အခါ လက်မရှောင်ဘဲ ဦးဆောင်လိုက်တာ ဖြစ်ပါတယ်။ တိုက်ပွဲသဏ္ဍန်ချင်း မတူညီပေမယ့် ဒါဟာ တိုက်ပွဲတခု မဟုတ်ပါလား။

တကယ်တော့လည်း ဒီတိုက်ပွဲမှာ ခေါင်းဆောင်တွေတာဝန်ဆိုပြီး လွှဲရမယ့် အခြေအနေ မဟုတ်ပါဖူး။ သခင်ဗသောင်း ပြောခဲ့သလို လူတိုင်း လူတိုင်းဟာ ခေါင်းဆောင်တွေ ဖြစ်ပါတယ်။ လူတိုင်းဟာ သူ့နေရာနဲ့သူ ခေါင်းဆောင်ချည်းပဲ။ လူတိုင်းခေါင်းဆောင်ရမယ့် တိုက်ပွဲဖြစ်တယ်။ လူတိုင်းဟာ ငါသည် ခေါင်းဆောင်ဆိုတဲ့ ပိုင်းဖြတ်ချက်ကို ခံယူရပါမယ်၊ ဒါမှ အောင်မြင်မယ်။ သူတို့က ခေါင်းဆောင်ပဲ၊ ၀န်ကြီးဖြစ်ရင် သူတို့ပဲဖြစ်မှာဆိုတဲ့ အတွေးအခေါ် (ပယောဂ) ၀င်လာရင်တော့ မတိုက်ရခင် ပျက်မှာသေချာတယ်။

နောက်တခု၊ ဆရာတို့ ဆုပ်ကိုင်ထားတဲ့ နိုးဗုတ်လုပ်ရမယ်ဆိုတာနဲ့ ပတ်သက်လို့ နည်းနာကိစ္စ ဆွေးနွေး ချင်ပါတယ်။ နိုးဗုတ်ကို တင်နေတာဟာလည်း တိုင်းပြည်အကျိုး လူထုအကျိုး ဒီမိုကရေစီချစ်စိတ်ကို ရှေ့ရှုတယ်ဆိုတာ ယုံကြည်ပါတယ်။ ဒီနည်းလည်း အောင်မြင်နိုင်တယ်လို့ ကျနော့်ယူအဆ တင်ပြခဲ့တယ်။ မြန်မာပြည်လူထုရဲ့ လက်ရှိ ဆွေးနွေးချက်တွေ ခြုံကြည့်ပြီး တိတိကျကျ ဆွဲထုတ်ရင်၊ နအဖရဲ့ လမ်းပြမြေပုံ အဆင့်(လေး)ဖြစ်တဲ့ ဒီဆန္ဒခံယူပွဲကိုတိုက်ဖို့ ထိရောက်သော နည်းနာ(၃)မျိုးကို တွေ့ရပါမယ်။

နည်းနာ(၁) - လူထုလုပ်ရှားမှုနဲ့ ဆန္ဒခံယူပွဲ မဖြစ်မြောက်အောင် ဆန္ဒပြပွဲများ ဖော်ထုတ်။ နိုး-ရက်ဖယ်ရန်ဒမ်။ (ဒါဆို ဆန္ဒခံယူပွဲ ပျက်ပြယ်)
နည်းနာ(၂) - မဲပေးပွဲ ရောက်လာတဲ့အခါ၊ မဲရုံမသွား။ နိုး-ဗုတ်။ (ဆန္ဒခံယူပွဲ အထမမြောက်)
နည်းနာ(၃) - မဲရုံသွား ကန့်ကွက်မဲပေး။ ဗုတ်-နိုး (အခြေခံဥပဒေကြမ်း အတည်မဖြစ်)

နည်းနာ(၁)ကို မြေအောက်အဖွဲ့အစည်းတွေပဲ လုပ်လို့ရမယ်။ မြေပေါ်ပါတီတွေ လုပ်မရ၊ လုပ်လိုလျှင် မြေအောက်ဆင်း လုပ်ကြရမယ်။ ဒါကြောင့် အင်အယ်ဒီက လုပ်လျှင်လည်း တရားဝင် ကြေညာမရ၊ ကြေညာမည်လည်း မဟုတ်။

နည်းနာ(၂)ဆိုလျှင် ဆန္ဒခံယူပွဲဥပဒေ ပုဒ်မ(၂၄)(ဇ)နဲ့ ငြိမယ်၊ ထားပါ ငြိရင်ငြိ ထိပ်တိုက်တွေ့၊ အောင်မြင်နိုင်တယ်။ ဆိုပါစို့ နည်းနာ(၂)နဲ့ (၃)ကို ဘယ်တခုဖြစ်ဖြစ် လူထုညီရင် လုပ်လို့ရတယ်။ (၂)နဲ့(၃)ဟာ အတူတူပဲဖြစ်စေ၊ အဲဒီအထဲက နည်း(၃)ကို အင်အယ်ဒီက ရွေးလိုက်ပါတယ်။ (၂)နဲ့(၃)ရဲ့ အားကောင်းချက် အားနည်းချက်တွေကို အသီးသီး ဆွေးနွေးခဲ့ကြလို့ မဖေါ်ပြလိုတော့ပါ ။ အရေးကြီးတာက တညီတညွှတ်ထည်း တခုထည်းကို ပုံအောဖို့ မဟုတ်ပါလား ။ အဲတာကြောင့် အခြေခံဥပဒေ အတည်မဖြစ်ဖို့ (ဗုတ်-နိုး ) မဲရုံသွား ၊ ကန့်ကွက်မဲပေးဖို့ပဲလို့ ယျေဘူယျဆိုချင်ပါတယ်။

ထပ်ဆောင်းတင်ပြလိုတာက ဗုတ်နိုးဆိုရင် သာမန်ပြည်သူတွေတင်မကပဲ အရပ်ဖက် အမှုထမ်းတွေ၊ လက်နက်ကိုင် အမှုထမ်းတွေ၊ ပြည်သူ့ရဲတွေ၊ တပ်မတော်သားတွေ၊ စွမ်းအားရှင် ကြံ့ဖွံ့အမည်ခံတွေကအစ (ပြည်သူဘက်) ပါဝင်ဖို့ လွယ်ကူလာနိုင်တယ်။ နို့မဟုတ်ရင် အခက်အခဲရှိမယ်။ သတ္တိကြောင့် မဟုတ်ဘူး၊ အခြေအနေနဲ့ ဆိုင်ပါတယ်။

ဆရာတို့မှာ စိုးရိမ်ချက်တခု စွဲနေတာကို တွေ့နေရတယ်၊ အဲတာက လူထုက မဲသွားပေးရင် ဆန္ဒခံယူပွဲကို အသိအမှတ်ပြုသလိုများဖြစ်ပြီး ၁၉၉၀ ရလဒ်များ ပျက်ပြယ်လေမလားဆိုတဲ့ သံသယကြီးပဲ။ စိုးရိမ်စရာမရှိပါဗျား၊ ဆန္ဒခံယူပွဲဟာ (အဆင့်လေးမြောက်) ရုဒ်မက်ရဲ့ လိုင်းဖြစ်တယ် ။ အင်အယ်ဒီဟာ အဲဒီရုဒ်မက်လိုင်းရဲ့ အဆင့်တစ် အမျိုးသားညီလာခံကိုပင် တက်ခဲ့ပြီးပြီပဲ၊ မူမမှန်လို့ ဆန့်ကျင်ပြီး ပြန်ဆုတ်ခဲ့တယ်၊ ၁၉၉၀ ပြည့်ရလဒ် မပျက်ခဲ့ပါဘူး။ ခုလည်း အခြေခံဥပဒေကြမ်းကို ထောက်ခံမဲပေးရင်တော့ တမျိုးဖြစ်မယ်၊ ကန့်ကွက်ဖို့ ကြေညာပြီး ၀င်တာမို့ ၁၉၉၀ ရလဒ်ကို ဘယ်လိုမှ ထိခိုက်မည် မထင်ပါ။

နဲနဲတိုးပြီး စဉ်းစားစရာ တခုက နည်းနာ(၁)အရ အောင်မြင်ရင် ဆန္ဒခံယူပွဲ ပျက်ပြယ်မယ် မှန်တယ်။ ဒါပေမယ့် ( တိုက်ပွဲကို ရှေ့ဆက် အဆင့်မမြှင့်နိုင်ရင်) ဆန္ဒခံယူပွဲ ပျက်ရုံပဲရှိမယ်၊ ရုဒ်မက်ရဲ့ အဆင့်(၄) ပျက်ရုံပဲရှိမယ်၊ အခြေခံဥပဒေမူကြမ်းကြီးဟာ ပျက်မသွားသေးဘူး၊ ဒါဆိုရင် ဆန္ဒခံယူပွဲ နောက်တခုပြန်လုပ်လို့ ရသလို ဖြစ်နေတယ်။ ဒီအတိုင်းပဲ နည်းနာ(၂) နိုးဗုတ် အောင်ရင် ဆန္ဒခံယူပွဲ အထမမြောက်တာပဲဖြစ်မယ်၊ ဒီ ဥပဒေအကြမ်းကြီးဟာ ပျက်မသွားသေး၊ ဆန္ဒခံယူပွဲတခု ပြန်လုပ်လို့ရနေတဲ့ သဘောရှိတယ်။ ရုဒ်မက် အဆင့်လေးထဲက မထွက်သေးဖူး၊ အဆင့်လေးထဲမှာပဲ လည်နေသေးတယ်။ နည်းနာ(၃) ဗုတ်နိုးက နိုင်သွားပြီ ဆိုရင်တော့ ဥပဒေအကြမ်းဟာ အတည်မဖြစ်တော့ဖူး၊ ပျက်သွားပြီ။ ဒီမူကြမ်းပျက်ရင် အဆင့်လေးကိုကျော် ဥပဒေအကြမ်းကို စခဲ့တဲ့ (အဆင့်တစ်) အမျိုးသားညီလာခံပါ တဆက်တစပ်ထဲ ထိပြီ။ ဆန္ဒခံယူပွဲ အသစ်လုပ်ချင်ရင် အစကပြန်စ၊ ညီလာခံအသစ်လုပ် မူကြမ်းအသစ် ပြန်ရေးရတော့မယ်။ ရုဒ်မက်ပျက်ပြီပဲ။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ကန့်ကွက်ပြီးရင် အင်အယ်ဒီ ဘာလုပ်ဖို့ အစီအစဉ်ရှိသလဲ ( ဒီလိုမေးခွန်းမျိုး ဒီဗွီဘီက ဒေါက်တင်မောင်သန်းလည်း ပြောတယ်)။ ရှိတာပေါ့ဗျာ၊ ရှင်းရှင်းလေးပဲ။ ဖွဲ့စည်းပုံအတည်မဖြစ်ရင် နအဖ အထိနာမယ် ( ဆရာကျော်ဝင်းပြောတဲ့ နအဖကိုယ်တိုင်က ဖွဲ့စည်းပုံကို အတည်ဖြစ်မှာ မလိုလားဖူးဆိုတဲ့ စိတ်ကူးကို ဘေးဖယ်ထား ) သူ့ဘက်က အကြပ်အတည်း တွေ့မယ် ။ စစ်အစိုးရဟာ သဲနဲ့ဆောက်ထားတဲ့ အိမ်လိုမျိုး တနေရာပြိုရင် လျှောကနဲ အားလုံးပြိုသွားစရာရှိတယ်။ အဓိကကတော့ လူထုပါ၊ လူထုလှုပ်ရှားမှုတွေ တဆင့်ပြီးတဆင့် မြှင့်တက်လာရမယ်။ အမြင့်ဆုံး အခြေအနေတခုမှာ ၁၉၉၀ရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ (သို့ ) အင်အယ်ဒီ (သို့) စီအာပီပီ (သို့ ) တစုတပေါင်းတည်း ဦးဆောင်ပြီး လူထုအစိုးရတရပ်ဖွဲ့။ ဒါ လုပ်ငန်းအစီအစဉ်ပါပဲ။ အသေးစိတ်ကတော့ လုပ်ကြပေါ့ဗျာ။ ဒါကို အင်အယ်ဒီက ဖွင့်ပြောနေရဦးမှာလား။ အင်အယ်ဒီမှာ ဒီလိုမျိုး အစီအစဉ်မရှိဘူးထင်ရင် ဒီလိုလုပ်ပါလို့ အားလုံးက ၀ိုင်းဝန်း တိုက်တွန်းကြရမှာပေါ့ဗျာ။ တိုက်တွန်းနေတာတွေလည်း ရှိပါတယ်။

အင်အယ်ဒီမှာ အားနည်းချက်တွေ ရှိကောင်းရှိပါလိမ့်မယ်။ ဖိနှိပ်သူနဲ့ ဖိနှိပ်ခံဘ၀မှာ ကြုံရစမြဲပါ၊ ဂျပန်ခေတ် တုန်းကလည်း တော်လှန်ရေး ခေါင်းဆောင်တွေပေါ် အားမလို အားမရ ဖြစ်ခဲ့ကြတာပါပဲ။ ခုလည်း အင်အယ်ဒီ ခေါင်းဆောင်တွေကို ဆရာတို့လိုပဲ အားမလို အားမရ ဖြစ်နေကြတာတွေ အနည်းနဲ့အများ ရှိပါတယ်။ သို့သော် ဒီအားမရမှုဟာ လွန်ကျွံရင် ရန်သူ့အကြိုက် ဖြစ်သွားပြီး အသုံးချသွားနိုင်တယ်။ အချင်းချင်း အကြည်ညို ပျက်နိုင်တယ်၊ ညီညွတ်ရေး ပျက်နိုင်တယ်။ ညီညွတ်ရေးပျက်ရင် ကျားဆွဲတာ ခံရပါလိမ့်မယ်။

ချုပ်ရရင် ဒီတပွဲမှာ၊ သားလုပ်စာ အဖေ့လုပ်စာ ကိစ္စတွေ အငြင်းမပွားကြသေးဘဲ သားရွှေအိုးထမ်းတာ မြင်ရလေအောင် မိမိနဲ့နည်းနာချင်း မတူတာရှိရင် ထိန်းသိမ်းထား၊ မဲမပြားစေဖို့ တမျိုးတည်းသော နည်းနာသုံးပြီး မဲရုံသွား ကန့်ကွက်မဲ ပုံအောဖို့သာ လုပ်ကြပါစို့လို့ အခိုင်အမာ တိုက်တွန်းချင်ပါတယ်။

ရွာဘေးက - သာအေး

(ဒေါက်တာလွဏ်းဆွေ ဘလော့ဂ်မှ ယူပါသည်။)

အပြည့်အစုံသို့ >>>

ကြည်အောင်ရဲ့ မေလအတွက်ကဗျာ

B



သစ္စာတိုင်
(ကြည်အောင်)

ဒီတောင်ရိုး
ကျားဆိုးပေါရဲ့ ။ ။

မောင့်အချစ်
မျှစ်ချိုးလိုက်ခဲ့ ။ ။





အပြည့်အစုံသို့ >>>

မြန်မာမှာမမေ့ ကမ္ဘာမှာမမေ့

B

မြန်မာမှာမမေ့ ကမ္ဘာမှာမမေ့
(စစ်နိုင်မင်း)


ဘုရားသားတော် သံဃာတွေကို
ကြိုးပစ်ဖမ်းလို့ 
ရိုတ်ကြ သတ်ကြ ။

ပြည်သူကပေး ပြည်သူကကျွေး
ပြည်သူဝယ်ပေး စစ်သေနတ်နဲ့ 
ပြည်သူကိုးကွယ် ဒို့ သံဃာအား
ရိုတ်နက်ကြတဲ့
ဒီစစ်တပ်။

ဘုရားအလုပ် ၊ တရားအလုပ်
ရှုပ်ပြနေတဲ့
ဗိုလ်စုတ်တွေဟာ
စက်တင်ဘာမှာ
ဇာတိပြခဲ့။

သံဃာတွေရဲ့ စက်တင်ဘာ
မြန်မာကသိသလို ကမ္ဘာကအသိပေါ့ ၊

၂၀၀၇ ရဲ့ စက်တင်ဘာဟာ
ဒို့ သမိုင်းမှာ ရာဇဝင်တင်ခဲ့ ၊

၂၀၀၈ ရဲ့ မေလဟာ
စစ်ဘီးလူးတွေ ကျဆုံးမှာ ။ ။

အပြည့်အစုံသို့ >>>

Wednesday, April 23, 2008

Walk ON ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုသီဆိုထားသော

B

အပြည့်အစုံသို့ >>>

Tuesday, April 22, 2008

မေးခွန်းများ 1

B

သင်ဟာ
သင့်အတွက် ဘာတွေလုပ်ပြီးပြီလဲ၊
သင့်ကိုယ်သင် ပြန်မေးကြည့်ပါ၊

သင်ဟာ
အခုရောဘာတွေ လုပ်နေသလဲ၊
နောင်ရောဘာတွေ လုပ်ဦးမလဲ၊

သင်ဟာ
လူစဖြစ်ပြီး လူရယ်လို့ သိတတ်စ အရွယ်ကတည်းက
လူတွေအတွက် အကျိုးပြုလုပ်းငန်းတွေ
ဘာတွေလုပ်ဖူးသလဲ၊
ဘာတွေကိုရောလုပ် ပြီးပြီလဲ၊

သင့်အတွက်
အချိန်ဆိုတာ တန်ဖိုးရှိပါသလား၊

သင်ဟာ
အချိန်တွေကိုဘယ်လို အသုံးချပါသလဲ၊

သင်ရဲ့
အနာဂတ်အတွက် ဘာတွေရည်ရွယ်ထားသလဲ၊

သင်ဟာ
သင့်ကိုယ်သင် Self Important Person လို့ ယူဆထားပါသလား
(ဒါမှမဟုတ်)
သင့်ကိုယ်သင် Very Important Person လို့ ယူဆထားပါသလား ၊

သင်ဟာ
သင့်ကိုယ်သင် ယုံကြည်မှုရှိပါသလား၊

သင့်ကြောင့်
လူတွေ ဘယ်လောက်များ ဒုက္ခရောက်ခဲ့သလဲ၊

သင်ဟာ
လူတွေကို ချစ်ခင်ပါသလား၊
လူတွေကရော သင့်ကို ချစ်ခင်ကြပါသလား၊

သင်ဟာ
ပျံနေတဲ့ ငှက်ကလေးတွေကို
မြင်ဖူးပါလိမ့်မယ် ။ ။
(ဆက်ရန်)

စစ်နိုင်မင်း

အပြည့်အစုံသို့ >>>

မိုးရွာထဲက ဘဝ

B

မိုးရွာထဲက ဘဝ
(စစ်နိုင်မင်း)

မိုးရွာထဲ ဈေးရောင်းရင်း
ပြန်လာတဲ့အမေ
ဘယ်ကပြန်လာမမေးပါနဲ့ ။

လေတိုက်မှယိမ်း မိုးတွေကချိမ်း
မိုးမသဲခင် ပြန်လာလေပေါ့
ဈေးရောင်းပစ္စည်း မကုန်မှာစိုးတဲ့
အမေ့ရဲ့စိတ်
ပစ္စည်းလေးကုန်မှ ဝမ်းသာအားရ
ပြန်လာတတ်တာ အမေပါ။

မိုးတွေကသဲ ခံတောင်းကိုဆွဲ ဈေးရောင်းဖို့ ပြင်
အိမ်တစ်အိမ်က ဟိုရှေ့ ကဘာသံပါလိမ့်လို့ မေး
ရွာထဲမှာ ဈေးရောင်းတဲ့ ဈေးသယ်မလေးပေါ့လေ။

တစ်နေ့ လုပ်မှ တစ်နေ့ စားရတဲ့အမေ့ဘဝ
ဈေးရောင်းရင်းနဲ့ ဖောက်သည်ရလို့ 
ဝမ်းသာတတ်တာ အမေပါ။

ရွာထဲမှာတော့ဈေးသည်အမေကြွယ်ခေါ်လို့ 
ဝမ်းသာတဲ့အမေ၊
အဖေများတော့ ဘယ်ရောက်နေပါလိမ့်
သတင်းလေးသဲ့သဲ့ကြားတော့ နိုင်ငံရေးထဲ
ရောက်နေရောပေါ့၊

ဒီတော့ အမေ ဝမ်းနည်းရပြန်ပြီပေါ့။ ။


အပြည့်အစုံသို့ >>>

Monday, April 21, 2008

မိုင်၃၀၀၀ ခရီးရှည်ချီတက်ပွဲ

B

အပြည့်အစုံသို့ >>>

Sunday, April 20, 2008

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ရေး အင်္ဂလိပ်ကဗျာ

B

Free bird towards a Free Burma
(By Daw Aung San Suu Kyi)

My home...
where I was born and raised
used to be warm and lovely
now filled with darkness and horror.

My family...
whom I had grown with
used to be cheerful and lively
now living with fear and terror.

My friends...
whom I shared my life with
used to be pure and merry
now living with wounded heart.

A free bird...
which is just freed
used to be caged
now flying with an olive branch
for the place it loves.

A free bird towards a Free Burma.

အပြည့်အစုံသို့ >>>

Saturday, April 19, 2008

မိုင်၃၀၀၀ ခရီးရှည် ချီတက်ပွဲ(ရန်ပုံငွေ ရှာဖွေရေး ကွန်ရက်)

B




ကမ်းကြည့်ဌက်

နွေကန္တာရဲ့ ခရီးကြမ်း..
အများအတွက် လမ်းသစ်ရှာသူများအတွက်

ရေကြည်ရာ..မြက်နု
အများကောင်းစားမှု..ရှာဖွေသူများအတွက်

မုန်တိုင်းနဲ့  အန္တရာယ်လမ်း.
လှိုင်းကြမ်းခရီး လှော်ခတ်သူများအတွက်.

ကူညီ ပါဝင်ပေး
ကမ်းကြည့်တဲ့ဌက်ကလေး..
သံလွင်ခက်ကလေး..ချီလာပေးပါရစေ။

************************

မိုင် ၃၀၀၀ ကျော်..မနီးတဲ့ခရီး..
မျိုးးချစ်စိတ် အရင်းတည်ပြီး
သတ္တိသွေးချွေး နဲ့ ရင်းနှီး
ငြိမ်းချမ်းရေး၏ လွတ်မြောက်လမ်း
လျှောက်လှမ်းသူများအတွက်.
စောင့်ရှောက်ပေးရန်
(ကမ်းကြည့်ဌက်)
မိုင်၃၀၀၀ ခရီးရှည် ချီတက်ပွဲ ရန်ပုံငွေ ရှာဖွေရေး ကွန်ရက်။
(မသဒ္ဓါ ခံစားရေးဖွဲ့ ပေးပါသည်။)

အဖွဲ့ ဝင်များ


၁) မောင်စွမ်းရည် ( နယူးယောက်)
၂) မာမာအေး. (ဖို့ ဝိန်း)
၃) မောင်စိုးချိန် (ဖို့ ဝိန်း)
၃) လားရှိုးသိန်းအောင် ( တက်ဆက်)
၎) အောင်ဝေး ( မစ်ရှီဂန်)
၅) မောင်ရစ် (မိုးမခ မီဒီယာ) (ဆန်ဖရန်စ္စကို)
၆) မေစန္ဒာစိုးညွန့် (နယူးယောက်)
၇) ဦးဃောသိတ (ရွှေဝါရောင်) (နယူးယောက်)
၈) တင်မိုးလွင်( နယူးဂျာစီ)
၉) နေတင်မြင့် (ကယ်လီဖိုးနီးယား )
၁၀) Y မြစ်ချို (ကိုရီးယား)
၁၁) ရဲရင်သက်ဇွဲ (ဂျပန်)
၁၂) ရှေးရေစက်(သြစတြေးလျ)
၁၃) ခင်စန္ဒီတင့် (နယူးယောက်)
၁၄) မင်းရွှေအေး (ဖို့ ဝိန်း)
၁၅) မောင်လွမ်းဏီ (မဲဆောက်)
၁၆) စစ်နိုင်မင်း (www.boboburma.blogspot.com) နှင့်
၁၇) မသဒ္ဓါ ( http://thadar.blogspot.com/) ပါဝင်ပါသည်။

ဆက်သွယ်ရန်
thadarmay@gmail.com

kagway@gmail.com

Athein168@MSN.com

ရန်ပုံငွေထည့်ဝင်လှူဒါန်းရန်
Zaw Min Htwe
Bank of America
Account No - 211 093 0208

(သို့ မဟုတ်)

လှူဒါန်းလိုသူများ..ဒီ ဓါတ်ပုံပေါ်မှာ click လုပ်ပါ။


http://88portland.wordpress.com/contribute/

အပြည့်အစုံသို့ >>>

လွတ်မြောက်ရေးအတွက် ခြေလှမ်းများ

B



ရှန်ဟိုင်းမှသည် ယင်အန်းဆီ
ချီတက်တောင်ပေါ်
လျှိုမြောင်ဖြတ်သန်း။

မိုင်၆၀၀၀ ကျော်
‘မော်’ နဲ့ ‘ချု’ တို့ 
တော်လှန်ခရီးကြမ်း။

အိုရီဂွန်မှ နယူးယောက်
နှစ်ယောက်တည်း စစ်ကြောင်း
ခွပ်ဒေါင်းအလံ
အမေရိကန်အလံ
ရန်-ငါပြတ် ခြေလှမ်း။

မိုင်၃၀၀၀ ကျော်
‘‘အေ’’ နဲ့  ‘‘ဇော်’’ တို့ 
တိုက်ပွဲခေါ်တဲ့လမ်း။ ။

(မိုင်၃၀၀၀ ခရီးပြင်းနှင်နေသော
အေသင်နှင့် ဇော်မင်းထွေးသို့ )
အောင်ဝေး

အပြည့်အစုံသို့ >>>

Friday, April 18, 2008

ဒေါ်အောင်ဆန်းစုကြည် ALBUM

B

ဒီ Album ကို ကျနော့် ကွန်ပျူထဲမှာ စုဆောင်းထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံတွေနဲ့ တည်ဆောက် ထားပါတယ်... ကျနော် တည်ဆောက်ထားတဲ့ ဒီAlbum ကိုနှစ်သက်ပါရင် လာကြည့်ရုံသက်သက် မဟုတ်ဘဲ comment လေးများရေးနိုင်ပါတယ်။













အပြည့်အစုံသို့ >>>

Wonderful Tonnight

B

အပြည့်အစုံသို့ >>>

ကန့် ကွက်မဲပေးကြစို့  သင်္ကြန်တေးသီချင်း

B

အပြည့်အစုံသို့ >>>

Thursday, April 17, 2008

အောင်ဝေး စစ်တမ်း

B


(တနှစ်အတွင်း အနိုင်တိုက်ရေး၊ အာဏာသိမ်းပိုက်ရေး လမ်းစဉ်)
အောင်ဝေး


နိဒါန်း

ဤစစ်တမ်းသည် မြန်မာ့ဒီမိုကရေစီ တော်လှန်ရေးအတွက် တိုက်ပွဲဝင် ကဗျာဆရာတဦး၏ အကြံပြုစစ်တမ်း ဖြစ်သည်။ ဤစာတမ်းတွင် ကာယကံရှင်က သူ၏ ပုဂ္ဂလိက အမြင်ကို ဓမ္မဓိဌာန်ကျကျ ကြိုးစားတင်ပြထားပါသည်။ ထို့ကြောင့် တဦးချင်း သဘောသက်ဝင်နေသဖြင့် ဤအကြံပြု စာတမ်းကို ကာယကံရှင်၏ အမည် နှင့် တွဲလျက် “အောင်ဝေး စစ်တမ်း” ဟု အမည်ပေးပါသည်။ ခေါင်းစဉ်ငယ်အဖြစ် “တ နှစ်အတွင်း အနိုင်တိုက်ရေး၊ အာဏာသိမ်း ပိုက်ရေး လမ်းစဉ်” ဟု ဖော်ပြ ထားပါသည်။ ယင်းခေါင်းစဉ်ငယ်မှာ ဤစစ်တမ်း၏ ရည်ရွယ်ချက် အဓိပ္ပါယ်အချုပ် ဖြစ်သည်။

၁။ ဘာကြောင့် တနှစ်အတွင်း အနိုင်တိုက်ရေး၊ အာဏာသိမ်းပိုက်ရေးလဲ။

ယနေ့ မြန်မာ့နိုင်ငံရေး သမိုင်းလက်တွေ့ အခြေအနေများအရ မြန်မာပြည်သူ လူထုကြီးသည် မဆလ စစ်အစိုးရ (၂၆)နှစ်တာ အုပ်စိုးမှုကို ဖြုတ်ချသည့် ပထမ ဒီမို ကရေစီ တော်လှန်ရေးကို ၁၉၈၈ ခုနှစ်တွင် ဆင်နွှဲခဲ့သည်။ ထိုစဉ်က Students-led ကျောင်းသားများ ဦးဆောင် အသေခံ တိုက်ယူ၍ ရခဲ့သော အောင်ပွဲ အပေါ် တွင် အမြတ်ထုတ် အာဏာ သိမ်းသွားခဲ့သည့် စစ်တပ်အစိုးရ န၀တ/နအဖ၏ (၁၉)နှစ်တာ ဖိနှိပ်အုပ်ချုပ်မှုကို အန်တုပြီး မြန်မာပြည်သူ လူထုကြီးသည် ဒုတိယ ဒီမို ကရေစီ တော်လှန်ရေးကို ၂၀၀၇ခုနှစ် မကြာသေးခင် ရက်များက ဆင်နွှဲခဲ့သည်။ ယခု ထို Sanghas-led သံဃာတော်များ ဦးဆောင် အသေခံတိုက်ယူ၍ ရခဲ့သော အောင်ပွဲ အပေါ်တွင် နအဖ စစ်အစိုးရက ထပ်မံ အမြတ်ထုတ် နေပြန်ပြီ ဖြစ်သည်။

ဘယ်လို အမြတ်ထုတ် နေသလဲ။
ရှင်းပါသည်။ ယခု ဒုတိယ လူထုတိုက်ပွဲကို မလွန်ဆန် မခုခံနိုင်တော့သော နအဖ စစ်ခေါင်းဆောင်များသည် ဒီမိုကရေစီခေါင်းဆောင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရေးကို သွေးရူးသွေးတန်း အပူတပြင်း လုပ်ဆောင်လာပါသည်။ ယင်းသို့ တွေ့ဆုံဆွေးနွေးရေး ဖြစ်ပေါ်လာဖို့ သံဃာ တော်များ၊ ကျောင်းသားများ၊ ပြည်သူများက လူထု တပ်ပေါင်းစု ကြီးဖွဲ့ပြီး တခဲနက် တောင်းဆို ဆန္ဒပြခဲ့ခြင်းပဲ မဟုတ်ပါသလော။ ဤကဲ့သို့ နအဖ စစ်အုပ်စုကို တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းပေါ်သို့ မတက်မဖြစ် တက်ရတော့သည့် အခြေအနေသို့ ရောက်အောင် တိုက်ရိုက်ဖိအား ပေးနိုင်ခဲ့ခြင်းမှာ ယခု ၂၀၀၇ ဒုတိယ လူထုတိုက်ပွဲ၏ အကြီးအကျယ်ဆုံး အောင်မြင်မှု ဖြစ်သည်။ သို့ရာတွင် နအဖ စစ်အစိုးရသည် ကောက်ကျစ်ယုတ်မာ လှည့်ဖြားတတ်သည့် ဖက်ဆစ်ညာဉ်အတိုင်း ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံဆွေးနွေးရေးကို ဗန်းပြပြီး အာဏာကို ရေရှည်ထိန်းချုပ်သွားနိုင်ရန် ကြိုးစားနေခြင်းသာဖြစ်သည်။ ဤအချက်မှာ မြန်မာ့ဒီမိုက ရေစီ တော်လှန်ရေး အောင်ပွဲခံရေးနှင့် စစ်အာဏာရှင်စနစ် အမြတ်ပြတ် ချေမှုန်းနိုင်ရေးအတွက် အလွန်အရေးကြီး လက်ငင်းကျသော အချက်ဖြစ်သည်။

ထို့ကြောင့် မြန်မာပြည်သူလူထုကြီး အနေဖြင့် စစ်အုပ်စု အလိုကျ “အတုအယောင် တွေ့ဆုံဆွေးနွေးရေး” ကို ငေးမောမျှော်လင့် ယုံစားမနေကြဘဲ မိမိတို့၏ တိုက်ပွဲ အရှိန်အဟုန်ကို အပြင်းအထန် မြှင့်တင် ကာ အချိန်အတို တောင်းဆုံးအတွင်း အမြန် ဆုံး အနိုင်တိုက်ပြီး အမြန်ဆုံး ပြည်သူ့အာဏာကို သိမ်းပိုက် ကြရတော့မည် ဖြစ်သည်။

၂။ ဘယ်လို အနိုင်တိုက်မလဲ၊ ဘယ်လို အာဏာသိမ်းပိုက်မလဲ။

မြန်မာပြည်သူ လူထုကြီးအဖို့ ယခုအခါ ပွဲသိမ်း ဆင်နွှဲကြရမည့် တနည်း “တတိယနှင့် နောက်ဆုံး” ဒီမိုကရေစီ တော်လှန်ရေး ဖြစ်သည့် ဤတိုက်ပွဲတွင် အဓိက အားဖြင့် ရှောင်ရန်နှင့် ဆောင်ရန်များကို ဦးစွာ သိထားရန် လိုပေသည်။

ရှောင်ရန် အချက်(၂)ရပ် ရှိသည်။
ပထမအချက်မှာ အကြမ်းမဖက်ရေး (Non-violence) မူကို အသေဆုပ်ကိုင်ထားခြင်းနှင့် ဒုတိယအချက်မှာ စေ့စပ်ကြေအေးရေး (Compromise) မူတို့ဖြစ် သည်။

ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သည့် သံဃာတော်များ၏ ဆုတောင်းမေတ္တာပို့သည့် အကြမ်းမဖက်နည်းမှာ နအဖ စစ်အုပ်စု၏ အကြမ်းဖက် ချေမှုန်းမှုကို ခံခဲ့ရသည်မှာ လူတိုင်း အသိပင်ဖြစ်သည်။ ရှေ့ဆက် တိုက်ရမည့် တိုက်ပွဲ စဉ်များတွင် မြန်မာပြည် သူလူထုသည် အကြမ်းမဖက်ရေးမူကိုပဲ ဆက်လက် စွဲကိုင်နေဦးမည်၊ တနည်း မေတ္တာလက်နက်ဖြင့်သာ ရင်ဆိုင်နေဦး မည်ဆိုလျှင် လူသတ်သမား ရှေ့မှောက် မှာ လည်စင်းခံပေးသလို ဖြစ်နေပေတော့မည်။ ဤသို့ကား ဘယ်နည်းနှင့်မှ အဖြစ်မခံနိုင်တော့ပါ။ (ထိုသို့ မဟုတ်ဘဲ အကြမ်းမဖက်ရေး လမ်းစဉ်ကိုသာ အသေဆုပ်ကိုင် တိုက်ပွဲဝင်ရမည်ဆိုလျှင် ထိုသို့ ယုံကြည်သူများ ရှေ့ဆုံးမှ ဦးဆောင် ချီတက်ပြီး ပိုးစက်ပက်စက် အသေခံကြမှ ဖြစ်ပါလိမ့်မည်။)

ဒီမိုကရေစီ တောင်းဆိုနေသော ဆန္ဒပြသမားတိုင်းတွင် မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ရှိသည်ဟု ယူဆပါသည်။ အမှန်က ဥပဒေဘောင် အတွင်းတွင် ငြိမ်းချမ်း စွာ ဆန္ဒပြ တောင်းဆိုနေသော ပုဂ္ဂိုလ် တဦးတယောက်၏ အသက်အန္တရာယ်နှင့် လုံခြုံမှုအတွက် ဥပဒေက အကာအကွယ် ပေးရမည်ဖြစ်သည်။ သို့သော် မြန်မာ နိုင်ငံတွင် ဒီမိုကရေစီ မရှိသဖြင့် ထိုဥပဒေ မရှိပါ။

ထို့ကြောင့် ဆန္ဒပြသမားများသည် မိမိကိုယ်ကို မိမိသာ ခုခံကာကွယ် ရတော့မည် ဖြစ်သည်။ “သေ-နာ တ၀၊ မုဒိန်း စသည်၊ ရာဂ ပြေအောင်၊ လူသွေးဆောင်၊ သေ အောင် ခုခံခွင့်” ဟူ၍ ရာဇ၀တ် ဥပဒေမှာ အခိုင်အမာ ဖော်ပြထားပါသည်။ ထိုအခါ ဆန္ဒပြသမားတိုင်းသည် စစ်တပ်က အကြမ်းဖက်နှိမ်နင်း ဖြိုခွဲလာမှုအပေါ် ခုခံ ကာကွယ်ရန် လိုအပ်လာပါက တိုက်ပွဲ၏ ဦးတည်ချက်ကို မထိခိုက်စေသောနည်းဖြင့် ပြန်လည် အကြမ်းဖက် ရင်ဆိုင် တုံ့ပြန်နိုင်ရမည် ဖြစ်သည်။

ဒုတိယအချက်ဖြစ်သည့် စေ့စပ်ကြေအေးရေးမူမှာ ရန်သူကို ဒူးထောက် အရှုံးပေးသော မူဖြစ်သဖြင့် ဤသစ္စာဖောက်ရေးမူကို အထူးပင် ရှောင်ကြဉ်ရန် လိုအပ် ပေသည်။ ရန်သူက အတုအယောင် အခွင့်အ ရေး၊ အနည်းငယ် မဖြစ်စလောက်ကလေး ပေးလိုက်ရုံနှင့် အချို့နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူများသည် ရန်သူနှင့် ပူးပေါင်းသွားပြီး ပြည်သူလူထုအပေါ် သစ္စာဖောက်ခဲ့သည့် အစဉ်အလာဆိုးများ မြန်မာ့သမိုင်းတွင် ရှိခဲ့ဖူးပါသည်။ ဥပဒေတွင်း မြေပေါ်တိုက်ပွဲတွင် ကျောရိုးပျော့သူများ ဖြစ်လေ့ဖြစ်ထရှိသည့် ရောဂါဖြစ်သည်။

သို့ဖြစ်ရာ ဤရှောင်ရန်ရှိသည့် အချက်နှစ်ချက်ကို ဒီမိုကရေစီ တောင်းဆိုနေသော ဆန္ဒပြသမား မည်သူမဆို ခေါင်းဆောင်ဖြစ်စေ၊ နောက်လိုက်ဖြစ်စေ အားလုံးက သတိကြီးကြီးထားပြီး ရှောင်ကြဉ်သွားရန် လိုပါသည်။

ယခု မြန်မာပြည်သူလူထုကြီး ဆင်နွှဲနေသော အရေးတော်ပုံမှာ သာမန် ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြပွဲ အဆင့်မျိုး မဟုတ်တော့ပါ။ ယခု မိမိတို့ ဆင်နွှဲနေသည်မှာ (၄၅)နှစ်တာ ဖိနှိပ်အုပ်ချုပ်လာသည့် စစ် အာဏာရှင်စနစ်ကို အပြီးအပိုင် ဖြုတ်ချဖို့ ကြိုးပမ်းသည့် တော်လှန်ရေး (Revolution-Resistance) တရပ်ဖြစ်ကြောင်း သဘောပေါက်ထားကြလျှင် တော်လှန်ရေးကို တော်လှန်ရေးနှင့်တူအောင် တိုက်ပွဲဝင် သွားကြရမည် မဟုတ်ပါလော။

၃။ တော်လှန်ရေးကို တော်လှန်ရေးနှင့် တူအောင်လုပ်

ယခုတိုက်ပွဲတွင် ဆောင်ရန်ရှိသည့် အချက်များမှာ …
(၁) သားသုံးသား’ ပေါင်းစည်းရေးကို မဖြစ်မနေ ကြိုးပမ်းရန်နှင့်
(၂) လူထုတိုက်ပွဲ အရှိန်အဟုန်မြှင့်သည့် အနေဖြင့် ဥပဒေတွင်း တိုက်ပွဲနှင့် ဥပဒေပ တိုက်ပွဲများ ဆက်စပ်ပေးရန်တို့ ဖြစ်သည်။

၁၉၈၈ ပထမ ဒီမိုကရေစီ တောင်းဆိုမှု တိုက်ပွဲကို ကျောင်းသားများ ဦးဆောင်ခဲ့ကြသည်။ (Students-led) ၂၀၀၇ ဒုတိယ ဒီမိုကရေစီ တောင်းဆိုမှု တိုက်ပွဲကို သံဃာတော်များ ဦးဆောင်ခဲ့ကြသည်။ (Sanghas-led) ယခု ၂၀၀၈ တတိယနှင့် နောက်ဆုံး တိုက်ပွဲတွင် စစ်သား (တပ်မတော်သား) များ လူထုတိုက်ပွဲထဲ ပူး ပေါင်းပါဝင်လာပြီး သူတို့ကိုယ်တိုင်က စစ်အာဏာရှင် ခေါင်းဆောင်များကို အန်တု စိန်ခေါ်သည့် အခြေအနေမျိုး မလွဲမသွေ ဆိုက်ရောက်လာရန် ပြည်သူ လူထုကြီးက ဆွဲဆောင်စည်းရုံး သိမ်းသွင်း သွားရမည်ဖြစ်သည်။ ထိုအခါ စစ်သား+ဘုရားသား(သံဃာ)+ကျောင်းသား+“သားသုံးသား” ပေါင်းစည်း ညီညွတ်ပြီး စစ်သားများကပင် လိုအပ်ချက်နှင့်အညီ တိုက်ပွဲကို ဦးဆောင်သွားမည့် Soldiers-led အနေအထားကို မုချဆိုက်ရောက် လာရပေမည်။ ဤအချက်မှာ ဆန္ဒပြ သမားများက စိတ်ရှည် ရှည်နှင့် လိမ္မာပါးနပ်စွာ စည်းရုံးလုပ်ဆောင် သွားရမည့် ကိစ္စဖြစ် သည်။

ဒုတိယ ဆောင်ရန် အချက်ဖြစ်သည့် လူထုတိုက်ပွဲ အရှိန်အဟုန်မြှင့်တင်ရေးတွင် အောက်ပါကိစ္စများ လုပ်ဆောင်ရန် လိုပေသည်။
ပထမဦးစွာ ဥပဒေတွင်းတိုက်ပွဲတွင် မြေပေါ်/မြေအောက် အဖွဲ့အစည်းများ တော်လှန်ရေး ရေချိန်နှင့်အပြိုင် တပြေးညီ ဆက်စပ်ညီညွတ် ပေါင်းစည်းနေဖို့ဖြစ် သည်။
မြေပေါ်တွင် NLD ရှိသည်။ သံဃာတပ်ပေါင်းစုရှိသည်။ ၈၈ မျိုးဆက်၊ ဗကသ၊ တကသ ကျောင်းသားအဖွဲ့များ ရှိသည်။ သုံးရောင်ခြယ်၊ အကြမ်းမဖက်၊ CNG လူငယ်အဖွဲ့များရှိသည်။ နိုင်ငံရေး တက်ကြွလှုပ် ရှားသူများ ရှိသည်။ တတ်သိပညာရှင်များ ရှိသည်။ ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များရှိသည်။ အလုပ်သမား လယ်သမား သမဂ္ဂများရှိသည်။ ဤမြေပေါ် အင်အားစုများ အားလုံး “လူထုဒီမို ကရေစီ မဟာမိတ်များအဖွဲ့” (Mass's Alliances for Democracy) အဖြစ် စုစည်းရပ် တည် ကြရမည်။

မြေပေါ်တွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (၁၇)ဖွဲ့လည်း ရှိနေသည်။ ဥပဒေတွင်း တိုက်ပွဲ မြေအောက်တွင် ထွက်ပြေး တိမ်းရှောင်နေရသော နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အချို့၊ ကျောင်းသား ခေါင်းဆောင်အချို့နှင့် သံဃာ့ ခေါင်းဆောင်အချို့ ရှိသည်။
ယင်းမြေပေါ် မြေအောက် ဥပဒေတွင်းတိုက်ပွဲကို ဥပဒေပတိုက်ပွဲနှင့် ဆက်စပ် ချိတ်တွယ်ပေးရမည်။
ဥပဒေပတိုက်ပွဲတွင် လက်နက်ကိုင် အဖွဲ့အစည်းနှင့် လက်နက်မကိုင်သော အဖွဲ့အစည်းဟူ၍ ရှိသည်။
လက်နက်ကိုင်အဖွဲ့အစည်းတွင် အဓိကအားဖြင့် KNU နှင့် သူ၏တပ် KNLA ရှိသည်။ ABSDF (ကျောင်းသားတပ်မတော်) အပါ အ၀င် KNPP က ဦးဆောင် ဖွဲ့စည်းထားသည့် တိုင်းရင်းသား စစ်ရေးမဟာမိတ်အဖွဲ့ ရှိသည်။ (ဤအဖွဲ့တွင် ကရင်နီ၊ ရခိုင်၊ ရှမ်း၊ ချင်း စသည့် တိုင်းရင်းသား လက်နက်ကိုင် အင်အားစု ၆စု ပါ ၀င်သည်။)
လက်နက်မကိုင်သော ဥပဒေပ အဖွဲ့အစည်းများအဖြစ် NLD(LA)၊ လူ့ဘောင်သစ်ပါတီ၊ NCUB၊ NCGUB၊ DAB၊ FDB စသည့် ကမ္ဘာအနှံ့ နိုင်ငံရေး အဖွဲ့အစည်း များရှိသည်။

ဥပဒေတွင်း လူထုတိုက်ပွဲ အရှိန်အဟုန် မြင့်လာသည်နှင့်အမျှ နယ်စပ်က၊ ပြည်ပက ဥပဒေပ နိုင်ငံရေး လှုပ်ရှားမှုများကလည်း နိုင်ငံတကာက မြန်မာ့အရေးကို အာရုံစိုက်လာပြီး စစ်အစိုးရကို ဖိအားပေးလာ အောင် ကြိုးပမ်း ကြရပါမည်။ ထို့အတူ လက် နက်ကိုင် တိုက်ပွဲကလည်း စစ်ရေး အရှိန်အဟုန်မြင့်ပြီး၊ အကျပ်ရိုက် အရူးမီးဝိုင်း ဖြစ်နေသော ရန်သူကို ဖိအားပေး ချေမှုန်းနိုင် ဖို့ လိုပါသည်။

ဥပဒေတွင်းနှင့် ဥပဒေပ တိုက်ပွဲများ ဆက်စပ်ရေးတွင် အထူးသတိထား ကိုင်တွယ်ရမည့် ကိစ္စမှာ အစိုးရနှင့် အပစ်အခတ် ရပ် စဲပြီး ဥပဒေတွင်း ရပ်တည်နေသော တိုင်းရင်းသား လက်နက်ကိုင် ငြိမ်းချမ်း ရေးအဖွဲ့ (၁၇)ဖွဲ့၏ ပြဿနာဖြစ်သည်။ ယင်းအဖွဲ့ အစည်းများသည် စစ်အစိုးရနှင့် Gentleman's agreement ရှိထားသဖြင့် သူတို့ အဖွဲ့အစည်းများ အနေနှင့် လမ်းမပေါ် ထွက်ပြီး လူထုနှင့်အတူ လိုက်ပါ ဆန္ဒပြ ၍လည်း မဖြစ်၊ တောထဲပြန်ဝင်ပြီး စစ်အစိုးရကို လက်နက်ကိုင် ပြန်တိုက်ခိုက်ဖို့လည်း မဖြစ်သည့် ဘေးကျပ်နံကျပ် အခြေအနေတွင် ရောက်ရှိနေပေသည်။ ဤပြဿနာကို ဒီမိုကရေစီ အင်အားစုများက ညင် သာ သိမ်မွေ့စွာ ကိုင်တွယ်ဖြေရှင်း နိုင်ဖို့လိုသည်။ အရေးကြီးသည်မှာ အဆိုပါ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက လူထုတိုက်ပွဲအပေါ် သဘောထား တည့်မတ်မှန် ကန်နေဖို့ပင် ဖြစ်ပါသည်။
သို့ဖြစ်၍ တိုက်ပွဲတပွဲ တိုက်မည်ဆိုလျှင် တိုက်ပွဲ၏ သေနင်္ဂဗျူဟာ လိုသည်။ တိုက်ပွဲ၏ နည်းပရိယာယ် လိုသည်။ တနည်း တိုက်ပွဲ၏ ဦးတည်ချက်နှင့် တိုက်ပွဲ၏ ပုံသဏ္ဍာန် ဖြစ်သည်။

၎။ တိုက်ပွဲ ဦးတည်ချက်နှင့် ပုံသဏ္ဍာန်

ပထမဦးစွာ မိမိနှင့် ရန်သူတို့၏ တိုက်ပွဲ အနေအထားကို မှန်ကန်စွာ သုံးသပ်နိုင်ဖို့ လိုသည်။ တိုက်ပွဲတိုင်းတွင် ရန်သူနှင့် မိမိအကြား၌ အနေအထား (၃) ရပ်ရှိ သည်။
ပထမ - မိမိဘက်က သေနင်္ဂဗျူဟာ ခံစစ်အနေအထား
ဒုတိယ - မိမိနှင့် ရန်သူ သေနင်္ဂဗျူဟာ တန်းတူရည်တူ အနေအထား
တတိယ - မိမိဘက်က သေနင်္ဂဗျူဟာ ထိုးစစ်အနေအထား

ယခု မြန်မာပြည်သူ လူထုကြီး ရောက်ရှိနေသည့် အနေအထားမှာ မိမိဘက်က သေနင်္ဂဗျူဟာ ထိုးစစ်အနေ အထားဖြစ်သည်။ စစ်အုပ်စု ခေါင်းဆောင်များက ဒေါ်အောင်ဆန်းစုကြည်နှင့် အပူတပြင်း တွေ့ဆုံ ဆွေးနွေးဖို့ သွေးရူးသွေးတမ်း လုပ်နေရသည်မှာ နအဖဘက်က သေနင်္ဂဗျူဟာခံစစ်သို့ ကျရောက်သွားခြင်း မဟုတ်ပါလော။

ယခု မိမိတို့ သေနင်္ဂဗျူဟာ ထိုးစစ်အနေအထားမှာ ရောက်နေပြီ။ ဘယ်လို ပွဲသိမ်း သေနင်္ဂဗျူဟာကို ကျင့်သုံးမလဲ။ တနည်း ပွဲသိမ်းတိုက်ပွဲ၏ ဦးတည်ချက်က ဘာလဲ။
အောက်ပါ ကြွေးကြော်သံ (၃)ရပ်သည် တိုက်ပွဲ၏ ဦးတည်ချက် ဖြစ်ရမည်။
(၁) ဒေါ်အောင်ဆန်းစုကြည်နှင့် တကွ နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံး လွှတ်ပေးရေး
(၂) ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီအပါအ၀င် အတိုက်အခံ နိုင်ငံရေးပါတီ အင်အားစုများက တဖက်၊ အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက တဖက်၊ စစ်အစိုးရ ကိုယ်စားလှယ်များက တဖက် ပါဝင်သော သုံး ပွင့်ဆိုင် ဆွေးနွေးပွဲ အမြန်ဆုံး ကျင်းပရေး
(၃) ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် ပါဝင်သော ကြားဖြတ်အစိုးရ အမြန်ဆုံး ဖွဲ့စည်းရေး (အတိုကောက် အားဖြင့် နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ပေးရေး၊ သုံးပွင့်ဆိုင်ဆွေးနွေးပွဲ ကျင်းပရေး၊ ကြားဖြတ်အစိုးရ ဖွဲ့စည်းရေး) ဤကြွေးကြော်သံ (ဦးတည်ချက်) သုံးရပ်သည် တနှစ်အတွင်း အနိုင်တိုက်ရေး၊ အာဏာသိမ်း ပိုက်ရေး လမ်းစ၏ သေနင်္ဂဗျူဟာ ဖြစ်ရမည်။

သေနင်္ဂဗျူဟာကို နည်းပရိယာယ်များဖြင့် အကောင်အထည် ဖော်ရသည်။ ဘယ်လို နည်းပရိယာယ်လဲ။ တနည်း တိုက်ပွဲ၏ ပုံသဏ္ဍာန်က ဘယ်လိုလဲ။
လူထုတိုက်ပွဲ၏ ပုံသဏ္ဍာန်မှာ ရှင်းပေသည်။
“လူထုဒီမိုကရေစီ မဟာမိတ်များအဖွဲ့” (Mass's Alliances for Democracy)က ဦးဆောင်၍ ဥပမာ - ရွှေတိဂုံဘုရားတွင် သပိတ်စခန်းဖွင့်မည်။ လမ်းပေါ်ထွက်၍ ငြိမ်းချမ်းစွာ သပိတ်မှောက် စီတန်းလှည့် လည်မည်။ နေပြည်တော် သိမ်းပိုက်ရေး ကြွေး ကြော်မည်။
စည်းကမ်းရှိခြင်းသည် တိုက်ပွဲ၏ ပုံသဏ္ဍာန်တခုဖြစ်သည်။ အမှန်တရားနှင့် ကိုက်ညီခြင်းသည် တိုက်ပွဲ၏ ပုံသဏ္ဍာန်တခု ဖြစ်သည်။
ပြည်တွင်း ပြည်ပ ကွန်ပျူတာ အင်တာနက် ဘလော့ဂါများ၊ ပြည်ပ ရေဒီယို ရုပ်မြင်သံကြား မီဒီယာများသည် တိုက်ပွဲ၏ ပုံ သဏ္ဍာန်တခု ဖြစ်သည်။
သံဃာ့ဦးသျှောင်အဖွဲ့ အပါအ၀င် ပြည်ပရောက် မြန်မာပြည်ဖွား တိုင်းရင်းသား လူမျိုးပေါင်းစုံသည် တိုက်ပွဲ၏ ပုံသဏ္ဍာန်တခု ဖြစ်သည်။

အခြားပုံသဏ္ဍာန်များ - လူထုက လူထုရန်သူ နအဖအစိုးရ၏ လက်ကိုင်တုတ်များဖြစ်သည့် ကြံ့ဖွတ်၊ စွမ်းအားရှင်နှင့် သတင်းပေးများကို ဥပမာ - ရပ်ကွက်လူထုက မြို့ပြ ပြောက်ကျားပုံစံ လက်သည်မပေါ်အောင် ဟန့်တား ဖြိုခွင်းသည့် နည်းမျိုးကိုလည်း ကျင့်သုံးနိုင်သည်။ ထိုလက်တဆုပ်စာ လက်ကိုင်တုတ်များ ရပ်ကွက်ထဲ တွင် မနေရဲတော့ဘဲ စိတ်ချောက်ချား တုန်လှုပ်ပြီး ထွက်ပြေးသွားအောင် ရပ်ကွက်လူ ထုက ခြိမ်းခြောက်နေရမည်။
အရေးတော်ပုံတွင် တက်ကြွစွာ ပါဝင်နေသော ဆန္ဒပြသမား တဦးချင်းသည် တိုက်ပွဲ၏ ဦးတည်ချက်နှင့် မလွဲချော်လျှင် မိမိစိတ် ကူးရှိသလို မိမိနည်း မိမိဟန်ဖြင့် ထိုကြံ့ဖွံ့၊ စွမ်းအားရှင်၊ သတင်းပေးများကို အမျိုးမျိုး နှောက်ယှက် ဒုက္ခပေးနိုင်သည်။
တိုက်ပွဲ၏ အရေးကြီးဆုံး ပုံသဏ္ဍာန်မှာ ဦးဆောင်မှုနှင့် နောက်လိုက်မှု မှန်ကန်ညီညွတ်နေဖို့ပင် ဖြစ်သည်။

နိဂုံး

တော်လှန်သော အတွေးအခေါ်တရပ် မရှိဘဲနှင့် တော်လှန်သော အရေးတော်ပုံတရပ် မရှိနိုင်ပါ။ ထို့အတူ တော်လှန်သော တပ်ဦး (ခေါင်းဆောင်မှု) တရပ် မရှိဘဲနှင့်လည်း တော်လှန်ရေး အောင်ပွဲမခံနိုင်ပါ။
အထက်တွင် ဖော်ပြခဲ့သော ကြွေးကြော်သံ (ဦးတည်ချက်) သုံးရပ်သည် တိုက်ပွဲ၏ အတွေးအခေါ်ဖြစ်ရမည်။ လူထုဒီမိုကရေစီ မဟာမိတ်များအဖွဲ့ (Mass's Alliances for Democracy) သည် ဦးဆောင်တပ်ဦး ဖြစ်ရမည်။
အထူးထပ်မံ၍ ပြောလိုသည်မှာ …
အကြမ်းမဖက်ရေးမူကို အသေဆုပ်ကိုင် မထားစတမ်း … ။
ရန်သူနှင့် မစေ့စပ် မကြေအေး စတမ်း။
စည်းကမ်းရှိ ညီညွတ်ပြီး အမှန်တရားနှင့် ကိုက်ညီသော အင်အားမျိုးကို ထူထောင်စတမ်း။
ဒေါ်အောင်ဆန်းစုကြည်နှင့် တော်လှန်ရေးအပေါ် သစ္စာမဖောက်စတမ်း။
တနှစ်အတွင်း အနိုင်တိုက်စတမ်း။ အာဏာသိမ်းပိုက် စတမ်း။

အောင်ဝေး (မြန်မာနိုင်ငံ ကဗျာဆရာ)
(ခေတ္တ - ပုန်းခိုကျင်း တနေရာ)
၁၂-၁၀- ၂၀၀၇

နောက်ဆက်တွဲ

စာတမ်းတွင် ဖော်ပြခဲ့သော
(၁) နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ပေးရေး
(၂) သုံးပွင့်ဆိုင် ဆွေးနွေးပွဲ ကျင်းပရေး
(၃) ကြားဖြတ်အစိုးရ ဖွဲ့စည်းရေး

ဤကြွေးကြော်သံ သုံးရပ်မှာ လူထုတိုက်ပွဲ အရှိန်အဟုန်အတိုင်း မမှိတ်မသုန် တဆင့်ချင်း တထစ်ချင်း အကောင်အထည် ပေါ်လာရမည်မှာ မုချဖြစ်သည်။

ပထမအဆင့် ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာမည်။ ဒုတိယအဆင့် ဒေါ်အောင်ဆန်းစုကြည် သုံးပွင့်ဆိုင် ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးလာမည်။ တတိယအဆင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပါဝင် သော ကြားဖြတ်အစိုးရ ဖြစ်ပေါ်လာမည်။ ဤအချိန်တွင် မြန်မာ့နိုင်ငံရေး အလှည့်အပြောင်းအတွက် အရေးအကြီးဆုံး အခြေအနေ သို့ ရောက်လာပြီ ဖြစ်သည်။

ကြားဖြတ်အစိုးရ ပေါ်ပေါက်လာလျင် နအဖအစိုးရနှင့် အတူတကွ နအဖအစိုးရ၏ လမ်းပြမြေပုံ (၇)ချက်၊ အမျိုးသားညီလာခံ နှင့် သူတို့ရေးဆွဲသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ စသည့် အားလုံးလိုလို ပယ်ဖျက်ပြီးသား ဖြစ်သွားလိမ့်မည်။

ထို့ကြောင့် ကြားဖြတ်အစိုးရ ပေါ်ပေါက်လာဖို့ အထူးအရေးကြီး လိုအပ်သည်။ ကြားဖြတ်အစိုးရ ပေါ်ပေါက်လာမှသာ ထိုကြားဖြတ်အစိုးရက အောက်ပါ အရေးကြီး ကိစ္စများကို အလျင်အမြန် ဆောင်ရွက်နိုင် မည်။
ပထမ - ကြားဖြတ်အစိုးရက ၁၉၉၀ပြည့် ရွေးကောက်ပွဲ ရလဒ်များကို အတည်ပြု ကြေညာပေးရမည်။
ဒုတိယ - ကြားဖြတ်အစိုးရက ပြည်သူ့လွှတ်တော် ခေါ်ယူပေးရမည်။ ထိုလွှတ်တော်ကမှ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲ အတည် ပြု ပြဌာန်းပြီး ဥပဒေနှင့်အညီ ကြားဖြတ်အစိုးရထံမှ အာဏာလွှဲပြောင်း ရယူရမည် ဖြစ်သည်။ ဤသည်မှာ ဒီမိုကရေစီ အကျဆုံး နှင့် သိက္ခာအရှိဆုံး အာဏာလွှဲပြောင်းရေး လုပ်ငန်းစဉ် ဖြစ် သည်။ (တရားမ၀င် စစ်အစိုးရအတွက် အကောင်းဆုံး ထွက်ပေါက် လည်း ဖြစ်သည်။)

ဒီမိုကရေစီအစိုးရ မပေါ်ပေါက်သေးခင်၊ တနည်း အာဏာလွှဲပြောင်း မယူရသေးခင် ကြားဖြတ်အစိုးရ တာဝန်ယူထားသော ကြားကာလတွင် အောက်ပါ အချက် များကို နားလည်လိုက်နာဖို့ လိုသည်။
ပထမအချက် - ကေအန်ယူ အပါအ၀င် တောတွင်း လက်နက်ကိုင် အဖွဲ့များ၏ ထိုးစစ်များကို ရပ်နားထား ရမည်။
ဒုတိယအချက် - တပ်မတော်အပေါ် နားလည်မှု ပေးရမည်။
တတိယအချက် - ပြည်ထောင်စုကြီး တစည်းတလုံးတည်းရှိရေး၊ အမျိုးသားပြန်လည် ပေါင်းစည်းရေး တို့ကို ဦးထိပ်ထားရမည်။

ကြားဖြတ်အစိုးရက လွှတ်တော်ခေါ်ပေးပြီး လွှတ်တော်က ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲနေစဉ်ကာလတွင် တောတွင်းလက် နက်ကိုင် အဖွဲ့များသည် ကြားဖြတ် အစိုးရနှင့် အကြိုငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ကျင်းပနိုင်မည်။ ဤအဆင့်တွင် လက်နက် ကိုင် အင်အားစုများအနေနှင့် ‘စစ်ရေးချို - နိုင်ငံရေးပို’ မူကို ကျင့်သုံးရ မည်။

တပ်မတော်နှင့် ပတ်သက်၍ မြန်မာလူထုကြီးက အောက်ပါအတိုင်း နားလည်လက်ခံ ပေးရမည်။
(၁) တပ်မတော်သည် ဒီမိုကရေစီ အစိုးရတည်ဆောက်ရေးတွင် ပြည်သူလူထုနှင့် လုပ်ဖော်ကိုင်ဖက်ဖြစ်သည်။
(၂) တပ်မတော်သည် တိုင်းပြည်အပေါ် သစ္စာခံသည်။ အစိုးရသည် ပြည်သူလူထုက ရွေးချယ်တင်မြောက်ထားသော ပြည်သူ လူထုကိုယ်စားပြု အဖွဲ့အစည်း ဖြစ် သည်။ တပ်မတော်သည် အစိုးရလက်အောက်မှာ ရှိရမည်။
(၃) နိုင်ငံတော် အာဏာသည် ပြည်သူလူထုထံမှ ဆင်းသက်စေရမည်။ တပ်မတော်သည် ပြည်သူလူထုကို ကာကွယ် စောင့် ရှောက်ပေးရန် တာဝန်ရှိသည်။

ကြားဖြတ်အစိုးရ တာဝန်ယူထားသည့် ကြားကာလ သို့တည်းမဟုတ် ဒီမိုကရေစီအစိုးရ ပေါ်ထွန်းစကာလတွင် အမျိုးသား ပြန်လည်ပေါင်းစည်းရေးအတွက် ပြည် တွင်း အခြေစိုက် နိုင်ငံရေးအင်အားစုများနှင့် “ပြည်တော်ဝင် လာမည့်” ပြည်ပအခြေစိုက် နိုင်ငံရေး အင်အားစုများအကြား သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်မ လာဖို့ အထူး အရေးကြီးသည်။ စစ်မှန်သော ပြည်ထောင်စုစနစ် ပေါ်ပေါက်နိုင်ရန် တိုင်းရင်းသားလူမျိုးပေါင်းစုံကြားတွင် ချစ်ကြည်ရင်းနှီးမှု အထူးအရေးကြီးသည်။ ပြည်ထောင်စုကြီး တစည်းတလုံးတည်း ရှိရေးအတွက် တပ်မတော်နှင့် တိုင်းရင်းသား ပြည်သူလူထုကြီး တရပ်လုံးတွင် ပြင်းပြသော တာဝန်ယူလို စိတ်ရှိရန် အထူးအရေးကြီးသည်။
ဤကဲ့သို့ တနှစ်အတွင်း အနိုင်တိုက်ပြီးပြီ။ အာဏာသိမ်းပိုက်ပြီးပြီဆိုလျှင် မြန်မာပြည်သူ လူထုကြီး၏ သမိုင်းစာ မျက်နှာသစ်၊ ဘ၀သစ်ကို စတင်နိုင်ပြီ ဖြစ်ပါ သည်။
နောက်ဆုံး ပြောလိုသည်မှာ တိုင်းရင်းသား ပြည်သူလူထုကြီး တရပ်လုံးသည် စစ်အာဏာရှင်စနစ်ကို ဖြုတ်ချနေစဉ်မှာရော၊ ဒီမိုကရေစီ အစိုးရကို ထူထောင်နေ စဉ်မှာပါ တိုက်ပွဲစဉ်တလျှောက်လုံး “ဒေါ်အောင်ဆန်းစုကြည်” နှင့် တသားတည်း ရှိနေဖို့ပင် ဖြစ်ပါကြောင်း။
ဤတွင် အောင်ဝေးစစ်တမ်း ပြီးပါပြီ။ ။

အပြည့်အစုံသို့ >>>

အန်တီစု ကိုယ်တိုင်ရေး ကဗျာ

B


အန်တီစုရဲ့ ကိုယ်တိုင်ရေး မြန်မာကဗျာတပုဒ်ကို ပြန်လည်မျှဝေပေးပါတယ်။
အင်တာနက်ပေါ်က ကြမ်းတမ်းယုတ်ညံ့သော စကားများ သုံးစွဲကြကုန်သော မသူတော် အပေါင်းတို့ ၊ စစ်မှန်သော စံပြထိုက်သော စိတ်ဓါတ်ကို အတုယူကြပါကုန်လော့။ မိမိကိုယ်ကိုပင် မလေးစားနိုင်သော အဖြစ်သို့ မရောက်ရှိရန် ကိုယ်တိုင်ကြိုးစားရမည်သာ ဖြစ်ပါ၏။

မိခင်၏ နှောင်ကြိုးကို ဖြေပါအံ့

သည်းစွာသောအနာကို ကုစားပါအံ့
သမီး၏လုံ့လ၀ီရီယဖြင့် နာလန်ထူပါစေအံ့...

မွေးကျေးဇူးကို မသိတတ်သော
ထိုသူတို့အား
သိနားလည်အောင် ဆွဲဆောင်နိုင်စွမ်းကို
သမီးအားပေးပါလေ...

တွေ့ရအံ့သော ဘေးရန်တို့ကို
သမီးထီမည်မဟုတ်...

တဘ၀တွင် တခါသာသေရသည်ဖြစ်၍
အဘယ်နည်းနှင့်သေရသည်ဖြစ်စေ
သမီး၌မထူးခြား...

သမီး၏ စိတ်ကူးတို့သည်
အကယ်အဖြစ်သို့ ရောက်သောအချိန်တွင်
အသင်တို့သည်လည်း ပျော်မြူးကြရမည်...

အခြားအခြားသော သူတို့၏
ရှုတ်ချခြင်း
ကဲ့ရဲ့ခြင်း
မုန်းတီးရွှံရှာခြင်း
နာမည်ဖျက်ခြင်းတို့ကို
သမီး အလျဉ်း ဂရုမပြု...

မိခင်ထံမှ ဒါမှငါ့သမီး ဟူသော
ကျုးရင့်သံကိုသာ တောင့်တပါ၏...

လောကတွင် မိခင်၏ကျေးဇူးကို
အသိတတ်ဆုံးသမီး ဖြစ်ရပါလို၏။ ။

အောင်ဆန်းစုကြည်

အပြည့်အစုံသို့ >>>

Tuesday, April 15, 2008

ဗန်းမော်တင်အောင် အတွေးအခေါ်

B



‘‘ရာစုတစ်နစ်မှာ
မျိုးဆက်လေးခုရှိတယ်။

အဘိုးတွေ အဘွားတွေက
နယ်ချဲ့ ကို တော်လှန်ခဲ့ကြတယ်။

အဖေတို့ လက်ထက်ကျတော့
ဖက်ဆစ်ဂျပန်တွေကို မောင်းထုတ်ခဲ့ကြပြန်တယ်။

သားတို့ ဟာ ဒီရာစု(၁၈၈၅-၁၉၈၅)ရဲ့
နောက်ဆုံးမျိုးဆက်တွေပဲ။

တချို့ က သမိုင်းရဲ့တာဝန်ကို
ရဲရဲရင့်ရင့် ထမ်းဆောင်ခဲ့ကြတယ်။

တချို့ ကျတော့
သမိုင်းတာဝန် မကျေပွန်ကြဘူး။

လူတစ်ယောက်ရဲ့ တန်ဖိုးကို
သူဖြတ်သန်း ကျော်လွှာနေတဲ့ခေတ်ကြီးက
သူ့ ပခုံးပေါ် တင်ပေးလိုက်တဲ့
သမိုင်းတာဝန်ကို
သူဘယ်လောက် သယ်ပိုးထမ်းဆောင်ခဲ့တယ်
ဆိုတဲ့အချက်နဲ့ 
တိုင်းတာရမှာပဲ’’


ဗန်းမော်တင်အောင် (၁၉၂၀-၁၉၇၈)
(မကွယ်လွန်မိသားအား ပြောကြားချက်များမှ)
၉ ဇွန် ၁၉၂၀ ဖွား၊
၂၃ အောက်တိုဘာ ၁၉၇၈ လွန်။


(မှတ်တမ်း)

အပြည့်အစုံသို့ >>>

အောင်ဝေးရဲ့  နာမည်

B



နာမည်
(အောင်ဝေး)


ကျနော့်သားက မေးတယ်
‘ကြယ်တွေမှာ
နာမည်ရှိသလားဖေဖေ’တဲ့။


မြစ်ကမ်းနဖူးမှာ
ထိုင်တဲ့ည
သားကကောင်းကင်ကို
ငုံ့ ကြည့်နေတယ်
ကျနော်က
ကြယ်တွေတလက်လက်ထ
ရေစီးထဲငေးလို့ ။

‘‘အေး-မတော်တဲ့ကြယ်တွေမှာ
နာမည်မရှိဘူး
တော်တဲ့ကြယ်တွေကျတော့
... ... ... ...
... ... ... ...
... ... ... ...’’

အဲ့ဒီလို အဲ့ဒီလို
ကြယ်တလုံးချင်းစီရဲ့ နာမည်
ကျနော်ပြောပြ။


‘‘ဖေဖေ-ဒါဆိုရင်ကမ္ဘာပေါ်မှာ
သားနာမည်နဲ့ ကြယ်လည်း
ရှိမှာပေါ့နော်’’

ကျနော် သားကိုပြုံးကြည့်
ခေါင်းညိတ်ပြတော့
သားကပျော်သွားပြီး
ကျနော့် မျက်လုံးထဲမှာ
သူ့ နာမည်နဲ့ ကြည်ကိုရှာတွေ့ သွားတယ်။

သားက ဖအေထက်
ပိုပြီးတော်ရမယ် မဟုတ်လား။

ကျနော်က သားကိုထမ်းလို့ 
ကျနော့်ကို မြစ်ကမ်းပါးကထမ်းလို့ 
အိမ်ပြန်လာတဲ့လမ်းမှာ
ခေတ်ကလည်းစိးတုန်းပါ။

ဖအေ နဲ့ သား
လွမ်းမိတဲ့ တရားမှာ
နာမည်တွေလည်း စိးဆင်းနေတုန်းပေါ့။ ။

(၁၉၉၉)

အပြည့်အစုံသို့ >>>

Monday, April 14, 2008

အကယ်၍် အကယ်၍် အကယ်၍်

B


အကယ်၍်
မင်းအသိုင်းအ၀ိုင်း တုန်လှုပ်ခြောက်ခြားပြီး
ဒါတွေဟာ မင်းကြောင့်လို့ ဝိုင်းဝန်းအပြစ်တင်ကြတဲ့အခါ
မင်းဟာ တည်ငြိမ်းစွာနဲ့ ရင်ဆိုင်မယ်ဆိုရင်...

အကယ်၍
အားလုံးမင်းကို မယုံသင်္ကာဖြစ်လာတဲ့အခါ
သူတို့ ကို နားလည်စွာ ခွင့်လွှတ်ရင်းနဲ့ 
မင်းကိုမင်း ယုံကြည်မှုအပြည့်ရှိမယ်ဆိုရင်...

အကယ်၍
စောင့်သင့်တဲ့အချိန်ကို စောင့်နိုင်ပြီး
အဲဒီအတွက်လည်း မမောမပမ်း နေနိုင်မယ်ဆိုရင်..

ဒါမှမဟုတ်
မင်းရဲ့ အကြောင်း မဟုတ်မတရား မုသားစကားကြားရတဲ့အခါ
မင်းကလည်း အလိမ်အညာတွေနဲ့  မတုန့် ပြန်းဘူးဆိုရင်...


ဒါမှမဟုတ်
မင်းကို လူတကာက ၀ိုင်းဝန်းမုန်းတီးတဲ့အခါ
မင်းကလည်း အမုန်းတွေ ပြန်မပွားဘူးဆိုရင်..

အကယ်၍
စိတ်ကူးယဉ်အိမ်မက်တွေဟာ
မင်းအပေါ် မလွှမ်းမိုးစေပဲ
စိတ်ကူးနိုင်မယ်ဆိုရင်...
ပြီးတော့ အတွေးအခေါ် စိတ်ကူးတွေဟာ
မျှော်မှန်းချက် သက်သက်သာမဖြစ်စေပဲ တွေးခေါ်နိုင်မယ်ဆိုရင်...

အကယ်၍
အောင်မြင်မှု သုခနဲ့ ဆုံရှံးမူတွေဒုက္ခတွေကို ကြုံတွေ့ ရတဲ့အခါ
တူညီသော လောကဓံတရားတွေပါရယ်လားလို့ 
ခံယူနိုင်မယ်ဆိုရင်...

အကယ်၍
မင်းရဲ့ အမှန်စကားတွေကို
လူလိမ်လူညာတွေက လှည့်စားပြောင်းလဲပြီး
မုသားအဖြစ် ထောင်ချောက်ဆင် ညစ်တဲ့အခါ
မင်းဟာ တည်ငြိမ်းစွာနဲ့ နားကြားနိုင်မယ်ဆိုရင်

အကယ်၍
မင်းဘ၀တစ်ခုလုံးပေးပြီး
အရိပ်တကြည့်ကြည့်နဲ့  ဖြည့်ဆည်းခဲ့ရတဲ့ အရာရာကို
ဖျက်ဆီးခံလိုက်ရပြီးတဲ့နောက်
အင်မတန်မှသေးငယ်တဲ့ တန်ဆာပလာ အရာရာနဲ့ 
ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင်...

အကယ်၍
မင်းနိုင်ခဲ့သမျတွေအားလုံး
ကြွေတလှည့် ကြက်တခုန်ပမာ
တလှည့်တခါတည်းနဲ့  ဆုံးရှးသွားခဲ့ရင်

ပြီးတော့

အစကနေ ပြန်စရမယ်ဆိုရင်

ပြီးတော့တခါ
ဆိုးလှတဲ့ကံကြမ္မာရယ်လို့ 
ဘယ်သောအခါမှ ညည်းညူမနေဘူးဆိုရင်

အကယ်၍
သူများတကာတွေ လုပ်ပြီးသွားကြလို့ 
အချိန်တော်ကြာမှ မင်းအလှည့်ရောက်လာတဲ့အခါ
မင်းတယောက်တည်းနဲ့ ပဲ
အားနဲ့ မန်နဲ့  ဇွဲသတ္တိရှိရှိ ဆက်ကြိုးစားမယ်ဆိုရင်

အဲဒီလိုပဲ
မင်းမှာစိတ်အင်အားကလွဲလို့  ဘာဆိုဘာမှ မရှိတော့အခါ
အဲဒီစိတ်အင်အားကို ခိုင်မာစွာနဲ့ ပဲ
လက်ဆုပ်လက်ကိုင်ထားနိုင်မယ်ဆိုရင်...

အကယ်၍
လူတွေနဲ့  ထိတွေ့ ဆက်ဆံ ပြောဆိုတဲ့အခါ
ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင်

ဒါမှမဟုတ်
မင်းဧကရဇ်တွေနဲ့ အတူ လမ်းလျှောက်နေရပေမယ့်
မာန် မာန သွေး မကြွေးဘူးဆိုရင်

အကယ်၍
ရန်သူကဖြစ်စေ မိတ်ဆွေကဖြစ်စေ
မင်းကို နာကျည်းအောင် မလုပ်နိုင်စေရင်

အကယ်၍
လူတိုင်းကို တန်ဖိုးထားလေးစားပေမယ့်
စွဲလန်းမှု သံယောဇဉ်တွေ ထားမနေဘူးဆိုရင်

အကယ်၍
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တမိနစ်အတွင်းမှာ
အဓိပ္ပါရှိတဲ့ စက္ကန့် ခြောက်ဆယ်အဖြစ် အသုံးချနိုင်မယ်ဆိုရင်

ငါ့သားရေ....
မင်းဟာ... အရာရာရှိတဲ့ အရာရာဖြစ်တဲ့ ကမ္မာကြီးကို ဆုပ်ကိုင်လို့ 
အရာရာ ဘာမဆို မင်းစွမ်းနိုင်ပြီပေါ့....
အဲ့ဒီတော့ မင်းဟာလည်း ယောင်္ကျားကောင်းတယောက်ပဲပေါ့...။ ။

ဒေါ်အောင်ဆန်းစုကြည်(ဘာသာပြန်သည်)

အပြည့်အစုံသို့ >>>

Sunday, April 13, 2008

မဲဆောက်ကြေညာချက်

B


ရန်-ငါ မပြတ်လို့ 
သံဃာ အသတ်ခံရတာ။

သွေးကြွေးမှာ
ဆွေးနွေးစရာမရှိ။ ။

အောင်ဝေး
မြန်မာနိုင်ငံကဗျာဆရာ

အပြည့်အစုံသို့ >>>

အမေ နဲ့ သမီး

B


Lu Du Daw Amar is still with us.
Daw Aung San Suu kyi is still with us.
Mother & Daughter are still with us.

LU DU DAW AMAR
NOVEMBER 29, 1915 b
APRIL 7, 2008 d

အပြည့်အစုံသို့ >>>

B


အချစ်ရေ.....
မြေနဲ့ ကောင်းကင်
မြင်နေသမျှ
အလှခေတ်ဦး
ဖူးသစ်လာမှာပါပဲကွယ်ယုံပါ။ ။

မောင်လေးအောင်
(ချစ်သူတို့ ဧ။် အလှဆုံးခေတ်ဦးသို့ ကဗျာမှ)

အပြည့်အစုံသို့ >>>

ပြည်သူသို့ ပန်ကြားချက်

B



ပြည်သူသို့ ပန်ကြားချက်
ကဗျာဆရာ အောင်ဝေး


၁။ ကျနော်သည် ပြီးခဲ့သည့် ၂၀၀၇ ခုနှစ်၊ သြဂုတ်- စက်တင်ဘာ မြန်မာ့ဒီမိုကရေစီ တောင်းဆိုမှု ရွှေဝါရောင် တော်လှန်ရေးကြီးတွင် သံဃာလှုပ်ရှားမှု ဦးစီးကော်မတီနှင့် အနီးကပ် ပူးတွဲ၍ ဦးဆောင် ပါဝင်ခဲ့ပါသည်။

၂။ ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ (၂၆)ရက်နေ့မှစ၍ စစ်တပ်က ဆန္ဒပြသူများကို အကြမ်းဖက် နှိမ်နင်းဖြိုခွင်း လာသည့်အခါ ကျနော် ရန်ကုန်မြို့ထဲတွင် တနေရာပြီး တနေရာ ပြောင်းရွှေ့၍ တိမ်းရှောင် ပုန်းအောင်း နေခဲ့ရ ပါသည်။

၃။ အစိုးရအကြမ်းဖက်ဝါဒ (State Terrorrism) အောက်တွင် ကြာရှည် ပုန်းအောင်၍ မရနိုင်တော့သည့်အ တွက် ၂၀၀၇ ခုနှစ် အောက်တိုဘာလ (၉)ရက်နေ့တွင် ကျနော် ရန်ကုန်မြို့မှ တိတ်တဆိတ် ထွက်ခွာလာခဲ့ ပါသည်။


၎။ ထိုင်းနိုင်ငံအတွင်းသို့ ကျနော် ၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ (၁၃)ရက်နေ့တွင် ရောက်ရှိခဲ့ပါသည်။

၅။ ကျနော်သည် တက္ကသိုလ်ကျောင်းသားဘ၀တွင် ၁၉၇၆ မှိုင်းရာပြည့် အရေးအခင်း၌ တကြိမ်၊ ကဗျာဆရာ ဘ၀တွင် ၁၉၈၉ ဒေါ်အောင်ဆန်းစုကြည်၏ ဧရာဝတီတိုင်း ခရီးစဉ်၌ တကြိမ်၊ ၁၉၈၉ အာဇာနည်နေ့ အရေးအ ခင်း၌ ဒေါ်အောင်ဆန်းစုကြည် အထိန်းသိမ်းခံနေရစဉ်၌ တကြိမ် စုစုပေါင်း (၃)ကြိမ် နိုင်ငံရေး ပုဒ်မ(၅)ဖြင့် ထောင်ကျခံခဲ့ရပါသည်။

၆။ ယခု ကျနော် တိုင်းပြည်ကို စွန့်ခွာလာခဲ့ခြင်းမှာ (လွတ်လပ်မှု ဆုံးရှုံးနေသော) တိုင်းပြည်ကို ပြန်လည် ရလို သောကြောင့် ဖြစ်ပါသည်။

၇။ ပြည်ပတွင် ရောက်ရှိနေထိုင်စဉ် ကျနော်သည် မပြီးဆုံးသေးသော အမိမြေ ဒီမိုကရေစီတော်လှန်ရေးအ တွက် ...
(က) ပြည်တွင်းပြည်ပ နိုင်ငံရေးအင်အားစုများနှင့် လက်တွဲ၍ စစ်အာဏာရှင်စနစ် ဖြုတ်ချရေးနှင့် …
(ခ) ပြည်တွင်းပြည်ပ ဥပဒေပညာရှင်များနှင့် တိုင်ပင်၍ စစ်အစိုးရနှင့် အပေါင်းအပါများအား လူထုခုံရုံးတင် ပြစ်ဒဏ်စီရင်နိုင်ရေးတို့ကို ဆက်လက်၍ အားသွန်ခွန်စိုက် ဆောင်ရွက်သွားမည်ဟု ကတိပြုပါသည်။

၈။ ယခုအချိန်တွင် ကျနော်တို့နိုင်ငံ၏ သေရေးရှင်ရေး အဓိကပြဿနာမှာ ဘုံရန်သူ (နအဖ စစ်အစိုးရ)ကို အမြစ်ပြတ် ချေမှုန်းရေး ဖြစ်ပါသည်။

၉။ ယနေ့လူထုတိုက်ပွဲတွင် ‘ဘက်’ နှစ်ဖက်သာ ရှိပါသည်။ တဖက်မှာ ဒေါ်အောင်ဆန်းစုကြည်ဘက်ဖြစ်၍ ကျန်တဖက်မှာ နအဖစစ်အုပ်စုဘက် ဖြစ်ပါသည်။ ကြားမရှိပါ။

၁၀။ အထူးသဖြင့် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ တပ်မတော်အတွင်းမှ ဒီမိုကရေစီ လိုလားသော တပ်မှူးတပ်သားများ၊ ပြည်သူ့အခွန်စား ၀န်ထမ်းများ၊ ထို့အပြင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဘယ်ဘက်က ရပ်မလဲ။ ကြားနေ၍ မရတော့ပါ။ ပြတ်သားဖို့ လိုပါပြီ။

၁၁။ ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာကပင် အသိအမှတ် ပြုထားရသော မြန်မာ့ဒီမိုကရေစီခေါင်းဆောင်၊ လူထုခေါင်းဆောင် ဖြစ်ပါသည်။ နအဖ စစ်အစိုးရသည် သံဃာသတ်သော သာသနာဖျက် ဖက်ဆစ်များ ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်အား ဆန့်ကျင်သူများသည် နအဖ ဖက်ဆစ်များနှင့်အတူ မြန်မာ့လူထု၊ ကမ္ဘာ့လူထုများ၏ မြေမြှုပ်သင်္ဂြိုဟ်ခြင်းကို မလွဲမသွေ ခံရပါလိမ့်မည်။

၁၂။ ယနေ့ မြန်မာ့တော်လှန်ရေးသည် အဆင့်နှစ်ဆင့်ကို စနစ်တကျ ကူးပြောင်းသွားရပါမည်။ ပထမအဆင့်မှာ စစ်အာဏာရှင်စနစ်ကို အပြီးအပိုင် ဖြုတ်ချပြီး ဒီမိုကရေစီအစိုးရ တည်ဆောက်ရန်နှင့် ဒုတိယအဆင့်မှာ တိုင်းပြည် ပြန်လည်ထူထောင်ရန် ဖြစ်ပါသည်။ ထို ဒုတိယအဆင့်သို့ ရောက်မှ တိုင်းရင်းသားအရေး၊ ပြည်ထောင်စုအရေးကို ငြိမ်းချမ်းစွာ ညှိနှိုင်းအဖြေရှာရန် ဖြစ်ပါသည်။ ယခုအချိန်တွင် ဒီမိုကရေစီ ရရှိရေးသည် ပထမဖြစ်ပါသည်။

၁၃။ လွတ်လပ်မှုရှိလျှင် တရားမျှတမှုသည်လည်း သူ့အလိုလို ရှိလာပါလိမ့်မည်။ လွတ်လပ်ပြီး တရားမျှတလျှင် ငြိမ်းချမ်းရေးသည် အာမခံချက် ရှိလာပေမည်။ သို့ဖြစ်၍ တိုင်းရင်းသား ပြည်သူလူထုအပေါင်းသည် လွတ်လပ်မှုအတွက် မဆုတ်မနစ် ညီညီညွတ်ညွတ် ဆက်လက် တိုက်ပွဲဝင်သွားကြပါရန် အလေးအနက် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။

- စစ်အာဏာရှင်စနစ် မုချကျဆုံးရမည်။
- ဒီမိုကရေစီအရေးတော်ပုံ မုချအောင်မြင်ရမည်။

အောင်ဝေး
(မြန်မာနိုင်ငံ ကဗျာဆရာ)

အပြည့်အစုံသို့ >>>

Saturday, April 12, 2008

ကန့်ကွက်မဲ ပေးကြရုံမှတပါး အခြား မရှိပြီ

B


အော်မိတ်ဆွေတို့  ကန့် ကွက်မဲ ပေးကြဖို့ မမေ့ကြပါနဲ့ ။

မတရားသောမဲကောက်ခံမူကို မဲမပေးပါ။

အပြည့်အစုံသို့ >>>

မြန်မာတို့ ရဲ့ ပျော်စရာသင်္ကြန် လာပြီလေ

B


အမိမြေမှ ချစ်လှစွာသော သူငယ်ချင်းများ ယခုနှစ်သင်္ကြန်မှာ ပျော်ရွှင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

အပြည့်အစုံသို့ >>>

နိုးထကြလော့ အို မြန်မာ

B



ပျံနေသော...ခွပ်ဒေါင်းများသို့  .....

အပြည့်အစုံသို့ >>>

I will fight for freedom

B

အပြည့်အစုံသို့ >>>

ဒီရင်ထဲက ကမ္ဘာမကြေ

B

အပြည့်အစုံသို့ >>>

Friday, April 11, 2008

ကန့် ကွက်မဲပေးကြစို့ 

B

အပြည့်အစုံသို့ >>>

Monday, April 7, 2008

ဒေါ်အောင်ဆန်းစုကြည်

B

အပြည့်အစုံသို့ >>>

/* EOT ----------------------------------------- */