FREEDOM FIGHTER FOR BURMA: အောင်ဝေးရဲ့  နာမည်
ငါတို့အားလုံးရဲ့အမေ ပြန်လာပြီ

Tuesday, April 15, 2008

အောင်ဝေးရဲ့  နာမည်

B



နာမည်
(အောင်ဝေး)


ကျနော့်သားက မေးတယ်
‘ကြယ်တွေမှာ
နာမည်ရှိသလားဖေဖေ’တဲ့။


မြစ်ကမ်းနဖူးမှာ
ထိုင်တဲ့ည
သားကကောင်းကင်ကို
ငုံ့ ကြည့်နေတယ်
ကျနော်က
ကြယ်တွေတလက်လက်ထ
ရေစီးထဲငေးလို့ ။

‘‘အေး-မတော်တဲ့ကြယ်တွေမှာ
နာမည်မရှိဘူး
တော်တဲ့ကြယ်တွေကျတော့
... ... ... ...
... ... ... ...
... ... ... ...’’

အဲ့ဒီလို အဲ့ဒီလို
ကြယ်တလုံးချင်းစီရဲ့ နာမည်
ကျနော်ပြောပြ။


‘‘ဖေဖေ-ဒါဆိုရင်ကမ္ဘာပေါ်မှာ
သားနာမည်နဲ့ ကြယ်လည်း
ရှိမှာပေါ့နော်’’

ကျနော် သားကိုပြုံးကြည့်
ခေါင်းညိတ်ပြတော့
သားကပျော်သွားပြီး
ကျနော့် မျက်လုံးထဲမှာ
သူ့ နာမည်နဲ့ ကြည်ကိုရှာတွေ့ သွားတယ်။

သားက ဖအေထက်
ပိုပြီးတော်ရမယ် မဟုတ်လား။

ကျနော်က သားကိုထမ်းလို့ 
ကျနော့်ကို မြစ်ကမ်းပါးကထမ်းလို့ 
အိမ်ပြန်လာတဲ့လမ်းမှာ
ခေတ်ကလည်းစိးတုန်းပါ။

ဖအေ နဲ့ သား
လွမ်းမိတဲ့ တရားမှာ
နာမည်တွေလည်း စိးဆင်းနေတုန်းပေါ့။ ။

(၁၉၉၉)

No comments:

/* EOT ----------------------------------------- */