FREEDOM FIGHTER FOR BURMA: မေးခွန်းများ 1
ငါတို့အားလုံးရဲ့အမေ ပြန်လာပြီ

Tuesday, April 22, 2008

မေးခွန်းများ 1

B

သင်ဟာ
သင့်အတွက် ဘာတွေလုပ်ပြီးပြီလဲ၊
သင့်ကိုယ်သင် ပြန်မေးကြည့်ပါ၊

သင်ဟာ
အခုရောဘာတွေ လုပ်နေသလဲ၊
နောင်ရောဘာတွေ လုပ်ဦးမလဲ၊

သင်ဟာ
လူစဖြစ်ပြီး လူရယ်လို့ သိတတ်စ အရွယ်ကတည်းက
လူတွေအတွက် အကျိုးပြုလုပ်းငန်းတွေ
ဘာတွေလုပ်ဖူးသလဲ၊
ဘာတွေကိုရောလုပ် ပြီးပြီလဲ၊

သင့်အတွက်
အချိန်ဆိုတာ တန်ဖိုးရှိပါသလား၊

သင်ဟာ
အချိန်တွေကိုဘယ်လို အသုံးချပါသလဲ၊

သင်ရဲ့
အနာဂတ်အတွက် ဘာတွေရည်ရွယ်ထားသလဲ၊

သင်ဟာ
သင့်ကိုယ်သင် Self Important Person လို့ ယူဆထားပါသလား
(ဒါမှမဟုတ်)
သင့်ကိုယ်သင် Very Important Person လို့ ယူဆထားပါသလား ၊

သင်ဟာ
သင့်ကိုယ်သင် ယုံကြည်မှုရှိပါသလား၊

သင့်ကြောင့်
လူတွေ ဘယ်လောက်များ ဒုက္ခရောက်ခဲ့သလဲ၊

သင်ဟာ
လူတွေကို ချစ်ခင်ပါသလား၊
လူတွေကရော သင့်ကို ချစ်ခင်ကြပါသလား၊

သင်ဟာ
ပျံနေတဲ့ ငှက်ကလေးတွေကို
မြင်ဖူးပါလိမ့်မယ် ။ ။
(ဆက်ရန်)

စစ်နိုင်မင်း

No comments:

/* EOT ----------------------------------------- */