
သမိုင်းမှာမင်း တရားခံဖြစ်မယ်
(တင်မိုး)
မင်းမမှန်ရင်
မင်းတရားခံဖြစ်မယ်၊
ငါမမှန်ရင်
ငါတရားခံဖြစ်မယ်၊
တရားဆိုတာ
ညှာလဲ မညှာ၊ ညာလဲ မညာ
သာဟေ နာစေမရှိ
ပကတိ သူ့ သဘောသူဆောင်ခြင်းပဲ။
ဒီနေ့ မင်းရဲ့လုပ်ရပ်ဟာ
နောင်နေ့ မင်းရဲ့အတ္ထုပ္ပတ်။
ဒီနေ့ မင်းရဲ့လုပ်ရပ်ဟာ
နောင်နေ့ မင်းရဲ့အနာဂတ်။
မပတ်သက်ချင်လို့ မရ
မစပ်ဆက်ချင်လို့ မရ။
မင်းဘဝကို မင်းကသာပြဌာန်းတယ်။
မင်း ဘာလဲ
မင်း ဘယ်သူလဲ
မင်းဟာ မင်းပဲ။ ။
(၂၀၀၀)
Sunday, May 4, 2008
တင်မိုးနှင့်သူ၏ Poetry Politics (3)
B
Subscribe to:
Post Comments (Atom)
လွတ်လပ်ခြင်းအတွက်တိုက်ပွဲဝင်နေ



Please use your liberty to promote ours.

No comments:
Post a Comment