FREEDOM FIGHTER FOR BURMA: မင်းကိုနိုင်ဧ။်သစ္စာ
ငါတို့အားလုံးရဲ့အမေ ပြန်လာပြီ

Saturday, May 17, 2008

မင်းကိုနိုင်ဧ။်သစ္စာ

B


သစ္စာ
(မင်းကိုနိုင်)

အမျိုးသားရေးအတွက်
အသက်ပေးသွားသော
ရဲဘော်များအား
တိုင်တည်သစ္စာ ပြုပါ၏ ။
မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်၏သွေး မနီသေးလျှင်
အသင်တို့သွေး ပက်ဖျန်းပေး၍
ရဲဆေးတင်ပေးကြပါလေ။

မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်ဝိဥာဉ် ကြောက်စိတ်ဝင်၍
မချင့်မရဲ သတ္တိနည်းလျှင်
သင်တို့ဝိဥာဉ် ပူးကပ်ဝင်၍
ကျွန်ုပ်အား ထိန်းချုပ်သွားပါလေ။

မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်သည်ကား
အမျိုးဂုဏ်မောက် သစ္စာဖောက်ဟု
မထောက်မညှာ ပြုမိပါလျှင်
အသင်တို့၏ မညွတ်ပြောင်းသော
ခွပ်ဒေါင်းလက်ဖြင့်
ဝိုင်းညှပ်အပြစ်ပေးကြပါလေ။

မပြီးပြတ်သေး တော်လှန်ရေးအတွက်
ကျွန်ုပ်အသက် လမ်းတ၀က်မှ
ပေးဆပ်ရလည်း
လူ့ဘုံလမ်းခွဲ ၀မ်းမနည်းဘဲ
တာဝန်တရပ် ကျေပြွန်မှတ်၍
ထပ်ဆင့်ပျော်ဝင် ကျွန်ုပ်ဝိဥာဉ်သည်
ဒေါင်းအလံကိုဆွဲ လေတွင်ဝဲ၍
သင်တို့ရှိရာ ကျွန်ုပ်လာမည်
ရင်ဖွင့်ကြိုကြပါလေ။ ။

( ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က တော်လှန်ရေးအပေါ်မှာ ထားတဲ့ သူ့ရဲ့စိတ်သဘောထား၊ ခွပ်ဒေါင်း ရဲဘော်ရဲဘက်များနှင့် အတူရှိကြောင်း၊ ပေါ်လွင်အောင်ရေးသားထားသော "သစ္စာ" ဆိုတဲ့ ကဗျာပါ။ )

No comments:

/* EOT ----------------------------------------- */