FREEDOM FIGHTER FOR BURMA
ငါတို့အားလုံးရဲ့အမေ ပြန်လာပြီ

Sunday, April 26, 2009

ဒို့ ကျောင်းသား

B


မင်းကိုနိုင်ကို ကိုရီးယားက ဆုပေး
Friday, 24 April 2009 19:29 အေးလဲ့

တောင်ကိုရီးယားနိုင်ငံမှ ၂၀၀၉ ခုနှစ် ဂွမ်န်ဂျူး(GwangJu) လူ့အခွင့်အရေးဆုကို ၈၈ မျိုးဆက်သစ်ကျောင်း သားခေါင်းဆောင် ကိုမင်းကိုနိုင်အား ရွေးချယ်လိုက်ကြောင်း အန်အယ်လ်ဒီ -အယ်လ်အေ (ကိုရီးယားဌာနခွဲ) ကပြောသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွတ်မြောက်နယ်မြေ (အန်အယ်လ်ဒီ-အယ်လ်အေ)(ကိုရီးယားဌာနခွဲ)မှ အတွင်းရေးမှူး၂ ဖြစ်သူ ကိုဇော်မိုးအောင်က“ နိုင်ငံတကာအသီးသီးက ဒီဆုရရှိဖို့ အတွက် စာရင်း တင်သွင်း ကြတယ်၊ အဲဒီအထဲမှာမှ မြန်မာနိုင်ငံက ကိုမင်းကိုနိုင်ကို ရွေးချယ်လိုက်ပြီဆိုတဲ့ အကြောင်း ဂွမ်န်ဂျူး မြို့မှာ ရှိတဲ့ may 18 Foundation က ဒီနေ့မနက် ၁၁ နာရီမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်”ဟု ပြောသည်။

ယင်းဆုပေးအပ်ပွဲအခမ်းအနားကို လာမည့် မေလ ၁၈ရက်နေ့ ညနေပိုင်းတွင် ဂွမ်န်ဂျူး မြို့ရှိ May 18 Memorial ခန်းမတွင် ချီးမြှင့်ပေးအပ်မည်ဖြစ်သည်ဟုလည်း ၎င်းကဆိုသည်။

ဂွမ်န်ဂျူး ဆုတွင် ရွှေတံဆိပ်ဆု အပါအဝင် ကိုးရီယားဝမ် သန်း၅၀ (အမေရိကန်ဒေါ်လာ ၅၀၀၀၀) နှင့် ဂုဏ်ပြု ဘွဲ့လက်မှတ်ကို ပေးအပ်ချီးမြှင့်မည် ဖြစ်ကြောင်းသိရသည်။

ယင်းဆုအတွက် ကိုရီးယား အန်အယ်လ်ဒီ အဖွဲ့က မတ်လတွင် အဆိုတင်သွင်းခဲ့ခြင်း ဖြစ်ပြီး ယင်းသို့ အဆို တင်သွင်းရန် ကိုမင်းကိုနိုင်၏ ကိုယ်ရေးသမိုင်းနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်း သား များ ကူညီစောင့်ရှောက်ရေးအသင်းနှင့် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဗဟိုဌာနချုပ်တို့မှ ကူညီပြုစုပေးခဲ့ ကြသည်။

ထိုဆုကို ကိုးရီးယားနိုင်ငံ နိုင်ငံရပ်ခြားမှ တသီးပုဂ္ဂလများ၊ အစုအဖွဲ့များနှင့် အဖွဲ့အစည်းတို့မှ လူ့အခွင့် အရေး လှုပ်ရှားသူ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး လုပ်ငန်းများလုပ်ကိုင်သူတို့ကိုချီးမြှင့်ခြင်းဖြစ်သည်။

၁၉၈၀ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံ စစ်အာဏာရှင် စနစ်ကို ဂွမ်န်ဂျူးမြို့ရှိ ကျောင်းသားများက ဆန့်ကျင် ဆန္ဒပြခဲ့သည့် ကျောင်းသားလှုပ်ရှားမှု၊ ဒီမိုကရေစီလူထုအုံကြွမှု စိတ်ဓာတ်ကို ဂုဏ်ပြုသောအားဖြင့် ယင်း လူ့ အခွင့်အရေးဆုကို ပေးအပ်ခြင်းဖြစ်ကြောင်းသိရသည်။

ထိုဆုကို ၂၀၀၄ခုနှစ်တွင်လည်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြု ချီးမြှင့် ခဲ့ပြီး ယင်း ဆုငွေနှင့် ရွှေတံဆိပ်ဆုကို ယခုအချိန်အထိ အန်အယ်လ်ဒီ အယ်လ်အေမှ ဆက်လက် ထိန်းသိမ်း ထားဆဲဖြစ်ကြောင်းလည်း ကိုဇော်မိုးအောင်က ပြောသည်။

ဂွမ်န်ဂျူး လူ့အခွင့်အရေးဆုကို ပေးအပ်ခဲ့သည်မှာ ယခုဆိုလျှင် ၁၀ နှစ် ပြည့်မြာက်ပြီဖြစ်ပြီး ၂၀၀၆ခုနှစ်နှင့် ၂၀၀၇ ခုနှစ်တွင် ပူးတွဲ ပေးအပ်ခဲ့သည်။ ဆုရသူများထဲတွင် အရှေ့တီမောမှ ရှနားနာ ဂတ်စ်မို၊ မြန်မာနိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည်၊ အင်ဒိုနီးရှားမှ ဝါဒတ်ရှ် ဟာဖီဇ်၊ အာဖဂန်နစ္စတန်မှ မာတာလိုင် ဇိုယာနှင့် အန္ဒိယမှ အိုင်ရွမ် ရှာမီလာတို့ဖြစ်သည်။

ယင်း အဖွဲ့နှင့် ဆုပေးပွဲမတိုင်မီ လာမည့်မေလ ၁၆ရက်နေ့တွင်လည်း May 18 Memorial ခန်းမတွင်ပင် မြန်မာ့ အရေးနှင့်ပတ်သက်ပြီး ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။

အပြည့်အစုံသို့ >>>

Wednesday, January 28, 2009

Daw Aung San Suu Kyi who is Myanmar Peaceful Leader or Glorious Mother.

B

Daw Aung San Suu Kyi who is Myanmar Peaceful Leader or Glorious Mother.

အပြည့်အစုံသို့ >>>

Monday, January 26, 2009

Please! Share love to the children of Myanmar

B

အပြည့်အစုံသို့ >>>

Wednesday, November 26, 2008

မိုးနဲ့ နှင်းနဲ့ အပြိုင်

B


မိုးနဲ့ နှင်းနဲ့ အပြိုင်

ဒီမှာတော့
မိုးတွေရွာပြီ
နှင်းတွေလည်းကျသည်
အချိန်လည်းရောက်ပြီ
တော်လှန်ရေးကို စရတော့မည်။

မိုးရွာလို့ မိုးစိုမှာစိုး
နှင်းကျလို့ သွေးအေးမှာမို့ 
သွေးမအေးခင် စကြပါစို့ ။ ။

စစ်နိုင်မင်း



အပြည့်အစုံသို့ >>>

Saturday, October 11, 2008

မစ်ရှီဂန် ကဗျာစု

B


ရွှေပြောင်းအိပ်မက်

ဧရာဝတီမှ မစ္စစ္စပီသို့ 
ငမိုးရိပ်မှ မစ်ရှီဂန်သို့ ။

မုဆိုးတွေ စည်းပျက်တော့
ယာခရိုးက
ချိုးလင်းပြာ ငှက်ကလေးလည်း
လွတ်ရာပြေးရတာပေါ့။

တရားမမျှတတဲ့အခါ
ဘ၀ဟာမလုံခြုံပါဘူး။

ရွှေဝါရောင် ညညတွေမှာ
ခဏခဏပြောင်းပြောင်းအိပ်ရတဲ့
ပုန်းခိုကျင်းကလေးတွေ။

ပြေးနေတဲ့ လူရဲ့စိတ်ဟာ
လေးလံလွန်းလှပါရဲ့။

အိပ်မက်ကို မစွန့် လွတ်နိုင်ဘူး
သွားလေရာ
အပင်ပန်းခံ လွယ်လွယ်သွားရတယ်။

ခုလည်းပဲ
ကိုယ့်ဝပ်ကျင်းကလေးထဲကိုယ်
ကိုယ့်အိပ်မက်နဲ့ ကိုယ်။

မပျော်ပါဘူး
တတိယနိုင်ငံဆိုတာ
ပထမနိုင်ငံမှမဟုတ်တာ။ ။

အောင်ဝေး
(အောက်တိုဘာ ၁၀ - ၂၀၀၈)

Mandalay Gazette,Oct-2008

အပြည့်အစုံသို့ >>>

Friday, October 10, 2008

Poetry of the fall

B


မမခင်ဦးစံပယ်သို့ တမ်းချင်း (၃)

မစ်ရှီဂန်မှာတော့
တစ်ဆောင်းသစ်ပြန်ပေါ့။

ကျွန်တော့်တိုင်းပြည်ကလေးပေါ်မှာ
ဒုက္ခမိုးတွေစွေစွေရွာနေရော့မယ်
ကျွန်တော်သိတယ်။

ရွှေဝါရောင်အောက်မေ့ဖွယ်
ရန်ကုန်လမ်းမတွေ
သွေးနဲ့ မျက်ရည် မတိတ်သေးဘူး
ကျွန်တော်သိတယ်။

လေပြင်းတွေမတိုက်ပါစေနဲ့ 
မုန်တိုင်းတွေမလာပါစေနဲ့ ။

ဝသန်မိုးဟာ အငြိုးကြီးတော့မယ်
နွားရိုင်းသွင်းချိန်
ကလေးတွေအပြင်မထွက်ပါစေနဲ့ ။

ဒီမှာတော့
နီးလာသိန်းအဖမ်းခံရတဲ့နေ့က
နယူးဂျာစီရောက် တင်းမိုးလွင်ရယ်လေ
တယ်လီဖုန်းထဲမှာ ရှိုက်ကြီးတငင်ငိုရှာတယ်။

၂၀၀၈ ဟာ အဆုံးအရုံးတွေကြီးလွန်းလှတယ်
ဒိုရာသန်းအေး(ဘိလပ်ပြန်သန်း)
ပဒိုမန်းရှာ
လူထုဒေါ်အမာ
မေရှင်
၂၀၀၈မှာ
ကျွန်တော်တို့ ပေးဆပ်လိုက်ရတာတွေများလွန်းပါရဲ့။

ကျွန်တော်တို့ ပြန်ရလိုက်တာကတော့်
ဦးဝင်းတင်တစ်ယောက်တည်းပါပဲလေ။

မနေ့က အင်တာနက်မှာ ဖတ်လိုက်ရတယ်
အင်းစိန်က ဈေးသည်မလေးတွေ
ဦးဝင်းတင် အိမ်ရှေ့ သွားချောင်းကြည့်ကြတယ်တဲ့။

“ဒီဆရာကြီးက ငါတို့ ဘ၀တွေကို
ကယ်တင်ပေးနိုင်လိမ့်မယ်”

ဈေးသည်မလေးတွေ ယုံကြည်သလို
ကျွန်တော်တို့ ယုံကြည်ဖို့ လိုတယ်။

ယုံကြည်ချက်က
မြားကိုဖြောင့်စေတယ်
တရားကို စောင့်စေတယ်။

ယုံကြည်ချက်က
ဓားကို ထက်စေတယ်
အားကို တက်စေတယ်။

ယုံကြည်ချက်က
တပ်ဦးကနေ ချီလိမ့်မယ်။

ယုံကြည်ချက်က
အလံကို မြင့်မြင့်ထူလိမ့်မယ်။

မကြာခင်
ဇာတ်သိမ်းခန်းရောက်တော့မယ်။

တကယ်ပါ
အမေရိကန်ဆောင်းဦးပေါက်မှာ
တစ်ယောက်တည်း
တိုင်းပြည်ကို လွမ်းရတာ
အရသာ အရှိဆုံးပါပဲ။ ။

အောင်ဝေး
(အောက်တိုဘာ ၁၀ - ၂၀၀၈)

အပြည့်အစုံသို့ >>>

Tuesday, September 23, 2008

သတင်းစာဆရာကြီး ဦးဝင်းတင် လွတ်မြောက်

B


ထောင်ထဲတွင် ၁၉ နှစ်ကျော်နေခဲ့ရသော သတင်းစာဆရာကြီး လွတ်မြောက်ပြီ


ချင်းမိုင်။ ။ အကျဉ်းထောင်အတွင်း ၁၉ နှစ်ကျော်ကြာနေခဲ့ရပြီးနောက် သတင်းစာဆရာကြီး ဦးဝင်းတင်သည် ယနေ့ အင်္ဂါနေ့ ညနေတွင် လွတ်မြောက်လာပြီ ဖြစ်သည်။

စစ်အစိုးရ၏ အဓိက အငြိုးထားခြင်း ခံခဲ့ရသည့် အသက် ၇၈ နှစ်အရွယ် ဦးဝင်းတင်သည် ယနေ့ လွှတ်ပေးသော အကျဉ်းသား ၉၀၀၂ ယောက်တွင် ပါဝင်ခဲ့ခြင်း ဖြစ်သည်။

ဦးဝင်းတင်သည် ယခုလောလောဆယ်တွင် မိတ်ဆွေရင်းဖြစ်သူ ဦးမောင်မောင်ခင်၏ နေအိမ်သို့ သွားရောက်နေထိုင်လျှက် ရှိသည်။

ညနေ ၄ နာရီတွင် ပြန်လည် လွတ်မြောက်လာပြီးနောက် ဦးဝင်းတင်က "ကျနော်က နိုင်ငံရေးသမားတယောက် ဖြစ်တဲ့အတွက် နိုင်ငံရေးပဲ ဆက်လုပ်မှာပဲ၊ အဲဒီကိစ္စကို အရှံးပေးဖို ဖိအားပေးတဲ့ ပုဒ်မ ၄၀၁ ကို လုံးဝ လက်မှတ်မထိုးခဲ့ဘူး။ ဒီနေ့ကစပြီးတော့ အမျီုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက် ထောက်ခံသွားမှာပဲ ဖြစ်တယ်။ ကျနော်အသက် ၈၀ ပြည်တော့မယ်။ ဒါပေမယ့် ရပ်မှာတော့ မဟုတ်ဘူး။" ဟု စာနယ်ဇင်းသမားများကို ပြောကြားသည်။

"တိုင်းပြည်မှာ ဒီမိုကရေစီ ဖြစ်ထွန်း ပေါ်ပေါက်လာတဲ့အထိ ကျနော် ဆက်လက်ပြီး တိုက်ပွဲဝင်သွားမယ်" ဟု ကျန်းကျန်းမာမာ ရှိနေသည့် ဦးဝင်းတင်က ရိုက်တာ သတင်းဌာနကို ပြောကြားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များဖြစ်သည့် ဗိုလ်ကြီး ၀င်းထိန်၊ မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာ မေ၀င်းမြင့်၊ စမ်းချောင်းလွှတ်တော်အမတ် ဦးခင်မောင်ဆွေ၊ တောင်ငူလွှတ်တော်အမတ် ဦးအောင်စိုးမြင့်၊ သပိတ်ကျင်းမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ဦးအေးသိန်း တို့လည်း အချုပ်အနှောင်မှ ပြန်လည် လွတ်မြောက်လာပြီ ဖြစ်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြန်ကြားရေး အဖွဲ့ဝင် ဦးသိန်းညွန့်က "သူတို့ လွတ်လာပြီဆိုတော့ ကျနော် အရမ်း ဝမ်းသာပါတယ်။ ဘာဘဲ ပြောပြောဗျာ၊ အမျိုးသာ ပြန်လည် သင့်မြတ်ရေးအတွက် ကောင်းတဲ့ဟာ ဖြစ်ပါစေဗျာ" ဟု မဇ္ဈိမကို ပြောသည်။

၂၀၁၀ ခုနှစ်တွင် စစ်အစိုးရက ကြီးမှူးပြုလုပ်မည့် ရွေးကောက်ပွဲများနှင့် ဆက်ဆိုင်ပြီး အကျဉ်းသား ၉၀၀၂ ယောက်ကို လွှတ်ပေးခြင်းဖြစ်သည်ဟု အစိုးရအာဘော် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

"မိမိအကျိုး၊ ဒေသ အကျိုးနှင့် ၂၀၁၀ ပြည့်နှစ်အတွင်း ကျင်းပမည့် တရားမျှတမှုရှိသော ရွေးကောက်ပွဲများတွင်လည်း အများပြည်သူတို့နှင့် အတူ နိုင်ငံတော် အကျိုးကို ထမ်းရွက်သွားနိုင်ရန် အတွက်လည်းကောင်း အကျဉ်းသား ၉၀၀၂ ဦးအား ပြစ်ဒဏ်ကျခံနေရခြင်းကို ရပ်စဲပေးလိုက်ပြီး သက်ဆိုင်ရာ အကျဉ်းစခန်း အသီးသီးမှ ပြန်လည် စေလွှတ်လိုက်သည်" ဟု မြန်မာ့အလင်း သတင်းစာတွင် ရေးသားထားသည်။

နိုင်ငံရေး အကျဉ်းသား ရှိသည်ဟူ၍ မည်သည့်အခါကမှ ၀န်ခံခဲ့ဖူးခြင်းမရှိသော စစ်အစိုးရက ဒီမိုကရေစီ ထွန်းကားရေးအတွက် အတိုက်အခံ နိုင်ငံရေး လှုပ်ရှားမှုများ ပြုလုပ်သောကြာင့် ဖမ်းဆီးခဲ့သူများနှင့် ပတ်သက်ပြီး ပြောဆိုထားခြင်း မရှိပေ။

နီးစပ်ရာမှတဆင့် လွတ်ကောင်း လွတ်လိမ့်မည် သတင်းကြားကာ ဦးဝင်းတင်၏ မိတ်ဆွေများနှင့် သူ့ကို လေးစားချစ်ခင်သူများက အင်းစိန်ထောင်ရှေ့တွင် ကြိုတင် စောင့်ဆိုင်းနေခဲ့ကြသလို နာမည်ဆိုးဖြင့် ကျော်ကြားသော အင်းစိန်ထောင်မှ ရာဇ၀တ်ပြစ်မှုဖြင့် ကျခံခဲ့ရသော အကျဉ်းသား ရာပေါင်းများစွာ လွှတ်ပေး၍ လာရောက် စောင့်ဆိုင်းနေသူများဖြင့် စည်ကားနေခဲ့သည်။

စောင့်နေကြရင်းနှင့် ထောင်ဗူးဝမှ အချိန်အတော်ကြာလင့်စွာ ထွက်မလာနိုင်သေးသည့်အတွက် သတင်းစာဆရာကြီး၏ မိတ်ဆွေများမှာ ယခင်တခေါက်ကဲ့သို့ ပြန်လည် ဖြစ်မည် စိုးရိမ်ပူပန်ခဲ့ကြပြီး ဦးဝင်းတင်ကို မြင်တွေ့ကြမှသာ သက်ပြင်းချနိုင်ကြသည်ဟု မဇ္ဈိမကို ပြန်လည် ပြောပြကြသည်။

အရှေ့တောင်အာရှ စာနယ်ဇင်း သမဂ္ဂမှ အလုပ်အမှုဆောင် အရာရှိ ရော်ဘီ အလမ်ပေက "အရှေ့တောင် အာရှ တလွှား၊ အာရှနဲ့ ကမ္ဘာ တ၀ှမ်းလုံးက သတင်းသမားတွေ အားလုံးဟာ ဦးဝင်းတင် လွတ်လာလို့ သိပ်ဝမ်းမြောက်ကြမှာပါ။ အကယ်လို့သာ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက် ကတည်းက အရှေ့တောင်အာရှမှာ သတင်း လွတ်လပ်ခွင့်အတွက် ရုန်းကန်ခဲ့ရတဲ့ ပြယုဒ်တခုကို ပြပါဆိုရင် ဦးဝင်းတင်ကို ပြရမှာပဲ။ အရင်က သူ့ရဲ့ ဒီမိုကရေစီရေးအတွက် မပျက်မယွင်း ကြိုးပမ်းနေတဲ့ စိတ်ကို သိရတော့ အတော်လေး ခံစားရပါတယ်။ သူကတော့ ဒီဒေသရဲ့ လွတ်လပ်စွာ ဖော်ထုတ် ပြောဆိုခွင့်ရဖို့် ကြိုးပမ်းမှုတွေ ဆက်လက် ဖြစ်ပေါ်လာဖို့ အတွက် အရေးပါတဲ့ စိတ်ဓာတ်ခွန်အား တရပ်အဖြစ် တည်ရှိနေမှာပါပဲ" ဟု ပြောသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ကနဦးတည်ထောင်ရာတွင် တဦးအပါအ၀င်ဖြစ်သူ ဦးဝင်းတင်ကို စစ်အစိုးရက ပါတီဝင်တဦး တရားမ၀င် ကိုယ်ဝန်ဖျက်ချရာတွင် သက်ဆိုင်ရာသို့ တိုင်ကြားခြင်းမရှိဟု ဆိုကာ ထိန်ချန်မှုဖြင့် ဖမ်းဆီး ထောင်ချခဲ့သည်။

နောက်ပိုင်းတွင် စစ်အစိုးရက ဦးဝင်းတင်သည် လူထုကို အစိုးရနှင့် ထိပ်တိုက်တွေ့အောင်လုပ်သူ ဒေါ်အောင်ဆန်းစုကြည်၏ အဓိက အကြံပေးပုဂ္ဂိုလ်ဟု စွပ်စွဲ ပြောဆိုခဲ့သည်။

ထောင်ကျနေစဉ်အတွင်း နိုင်ငံရေး ဆန့်ကျင် လှုပ်ရှားမှုကြောင့် ပြစ်ဒဏ်တိုးခံရသလို ပြစ်ဒဏ်ရက်စေ့ပြီ ဖြစ်သော်လည်း စစ်အစိုးရ၏ ဆင့်ကဲဆင့်ကဲ စွဲချက်တင်ကာ သက်တမ်းရှည်စေခြင်းဖြင့် ထောင်ကျ သက်တမ်း အကြာဆုံး နိုင်ငံရေးသမား ဖြစ်လာခဲ့သည်။

သို့သော်လည်း စစ်အစိုးရကို အရှုံးမပေးစတမ်း ကြံ့ကြံ့ခံ၍ ယုံကြည်ချက်ကို စွဲကိုင်သူအဖြစ် နိုင်ငံရေး လှုပ်ရှားသူများအကြားနှင့် အာဏာပိုင် အချို့ကပါ လေးစားခံရသူလည်း ဖြစ်သည်။

အသက် ၁၃ နှစ်မှ စတင်၍ သတင်းစာလောကသို့ ၀င်ရောက်လာခဲ့သော ဦးဝင်းတင်သည် ထောင်တွင်း ရှိနေချိန်တွင်လည်း တွေ့ဆုံဆွေးနွေး အဖြေရှာရေး စာတမ်းများ၊ နေအိမ်အကျယ်ချုပ် ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် တောင်းဆိုချက်များ၊ ထောင်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို တင်ပြသော စာတမ်းများ စသည်တို့ကို ရေးသားခဲ့သည်။

ဦးဝင်းတင်သည် UNESCO မှ ချီးမြင့်သော Guillermo Cano ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ရေးဆု (Guillermo Cano World Press Freedom Prize), ကမ္ဘာ့ သတင်းစာများ အသင်း၏ လွတ်လပ်ရေးအတွက် ရွှေကလောင်ဆု (Newspapers' Golden Pen of Freedom), နယ်စည်းမခြား သတင်းထောက်များ ဆု (Winner of Reporters Without Border) များကို ရရှိခဲ့သည်။

(တတိယအကြိမ် ထပ်မံဖြည်စွက် တင်ပြထားသည်)
--------------------------------------

ယခုအချိန်အထိ အတည်ပြုနိုင်သော လွတ်မြောက်လာသူများ

- အင်းစိန်ထောင်မှ သတင်းစာဆရာကြီး ဦးဝင်းတင်

- ဒေါ်အောင်ဆန်းစုကြည်၏ ရုံးအဖွဲ့ တာဝန်ခံ ဗိုလ်ကြီးဝင်းထိန်

- စမ်းချောင်းလွှတ်တော်အမတ် ဦးခင်မောင်ဆွေ

- မရမ်းကုန်း လွှတ်တော်အမတ် ဒေါက်တာ မေ၀င်းမြင့်

- တောင်ငူလွှတ်တော်အမတ် ဦးအောင်စိုးမြင့်

- သပိတ်ကျင်းမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ဦးအေးသိန်း

--------------------------------------

သူတို့ မှတ်ချက်


မိတ်ဆွေတဦးဖြစ်သူ ဦးလှဦး
"ရောက်နေတာက ညနေ ၄ နာရီလောက်မှာ။ ထောင်က အာဏာပိုင်တွေက လိုက်ပို့တာ။ ကျနော်က မနက်ကတည်းက သတင်းရတော့ ထောင်ကိုသွားတာ၊ အချုပ်ခန်းထဲမှာ မရှိတော့ဘူးဆိုတာ သိတော့ အထဲဝင်ပြီး သွားစုံစမ်းမယ် လုပ်တာ ဦးဝင်းတင်က အိမ်ရောက်နေပြီ။

"ရောက်ကတည်းက ခုစကားပြောနေတာ ၂ နာရီလုံးလုံး ရှိပြီ။ Non Stop စကားပြောနေတာ။ လူတွေက အများကြီးဘဲဗျာ။ သတင်းထောက်တွေလည်း ပါတယ်။ ကျနော်တောင် ထိန်းလို့ မရတော့ဘူး။

"ကျန်းကျန်းမာမာပါဘဲ။ အားလုံး ကောင်းပါတယ်။ မျက်စိတော့ နဲနဲကုရမယ်။

"သူက အရမ်းတက်ကြွတာ။ ထောင်အဝတ်အစားကို မချွတ်သေးဘူး။ ချွတ်ခိုင်းလို့ကို မရဘူး။ သူက သူ့ကိုယ်သူ ထောင်ကျလို့ သတ်မှတ်ထားတယ်တဲ့၊ အပြင်လူ မဟုတ်ဘူးတဲ့ အဲသလို ပြောနေတာ။"


ဝါရင့် နိုင်ငံရေးခေါင်းဆောင်တဦး ဖြစ်သည့် ဗိုလ်မင်းလွင်
"ဝမ်းသာပါတယ်၊ နှစ်ရှည်ချခံ နေရတာလေ၊ လွတ်ပေးတဲ့အတွက် ကြိုဆိုပါတယ်၊ နောက်တခုက အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက်လည်း အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ မျှော်လင့်တယ်၊ ဘာကြောင့်လဲဆိုတော့ အန်ကယ်တို့က နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွတ်မြောက်ဖို့အတွက် အကြံပြုနေတာပါ၊ တောင်းဆိုနေတာပါ၊"


ကရင်အမျိုးသား အစည်းအရုံး ဗဟိုဌာန သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗဒိုစောလှငွေ
"ဦးဝင်းတင်တို့လိုပေါ့လေ။ တကယ့် ကျနော်တို့ တိုင်းပြည်ရဲ့ ဘယ်လိုခေါ်မလဲ။ ဒီ ပုဂ္ဂိုလ်တွေက စတိတ်မန်းပေါ့ဗျာ။ အင်မတန်မှကို တမျိုးသားလုံးရဲ့ အကျိုးအတွက်ကလဲ တကယ် ပညာရှင်ကြီးတွေ။ ဒီလို ပုဂ္ဂိုလ်မျိုးဟာ ဟိုနဂိုကတည်းက ချုပ်ကို မချုပ်သင့်၊ ဖမ်းကို မဖမ်းသင့်ပဲနဲ့ ကျနော်တို့က သူတို့ရဲ့ အကြံဥာဏ်တွေနဲ့ ကျနော်တို့ရဲ့ တိုင်းပြည် စည်းလုံးညီညွတ်အတွက် ကောင်းကြောင်းတွေ လုပ်သင့်တာပေါ့လေ။ နောက်ပိုင်းမှာလည်းပဲ ဒီပုဂ္ဂိုလ်ကို လွှတ်မယ်၊ လွှတ်မယ်ဆိုပြီး မလွှတ်ပဲနဲ့ ထားခဲ့တယ်။ သို့သော်လည်း အခုအချိန်မှာ လွှတ်လိုက်တဲ့ အတွက်ကြောင့် ဒါကတော့ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ကို အလွန်တရာ နောက်ကျပြီးမှ လုပ်တယ်လို့ပဲ ကျနော်တို့ ထင်တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့လေ။ ဒါက ဝမ်းမြောက်ဝမ်းသာစရာပါပဲ။ ပုဂ္ဂိုလ်ကြီးတွေရဲ့ အနစ်နာခံမှုတွေ အမျှော်အမြင်ကြီးမှုတွေနောက် စေတနာအမှန်နဲ့ ခိုင်မာတဲ့ ဒီစိတ်ဓါတ်ရေးရာတွေကို ကျနော်တို့ အင်မတန် လေးစားပါတယ်။ ဒီပုဂ္ဂိုလ်တွေကနေ ထွက်လာသလိုပဲ အပြင်မှာလည်းပဲ ထွက်လာရုံသာမကဘူးပေါ့လေ။ ဒီပုဂ္ဂိုလ်တွေကို လွှတ်လိုက်တယ် ဆိုပြီးတော့ အသုံးချ ရုံလောက် နာမည်ပြပြီးတော့ ကမ္ဘာကို လှည့်စားဖို့။ တိုင်းပြည်ကို လှည့်စားဖို့ လွှတ်လိုက်တဲ့ ပုံစံမျိုးမဟုတ်ဘဲနဲ့ ဒီပုဂ္ဂိုလ်ကြီးတွေဟာ တကယ့်ကို ကျနော်တို့ အမျိုးသား အကျိုးအတွက်ကို၊ တစ်တိုင်းပြည်လုံးအတွက်ကို သူတို့ စွမ်းအားရှိသမျှ ဆောင်ရွက် နိုင်အောင် ဘာပဲဖြစ်ဖြစ် လက်ရှိ အစိုးရအနေနဲ့ တခါးဖွင့်ပေးသင့်တယ်။ အားပေး သင့်တယ်ပေါ့ အမျိုးသား စည်းလုံး ညီညွတ်ရေးကို တည်ဆောက်တဲ့ လက္ခဏာကောင်း တရပ် အဖြစ်ပေါ့လေ။ ဆက်လက်ပြီးတော့ ဦးဆောင်အစိုးရသစ်အတွက် လက်တွဲဆောင် ရွက်ဖို့အတွက် ကျနော်တို့အနေနဲ့ မျှော်လင့်တယ်လို့ ကျနော်တို့က အဲဒီလိုပဲ ပြောချင်တယ်။"
-------------------------------------


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြန်ကြားရေးအဖွဲ့ဝင် ဦးသိန်းညွှန့် ပြောကြားချက်

ဦးဝင်းတင်နဲ့ ဒေါက်တာ မေဝင်းမြင့် တို့ ကျနော်အမှုသည်၊ ကျနော် လိုက်ခဲ့တာပါ။ သူတို့ လွတ်လာပြီဆိုတော့ ကျနော် အရမ်း ဝမ်းသာပါတယ်၊ ကျနော် ရှေ့နေအဖြစ် နှစ်ခု ပြောချင်တယ်။ သူတို့ ဘယ်အကြောင်းနဲ့ပဲ လွတ်လာ၊ လွတ်လာ ကျန်တဲ့ နိုင်ငံသားတွေ ထောင်ချ၊ အချုပ်မှာ ရှိနေတဲ့ လူတွေကိုရော လွတ်လာတာကိုရော မြင်ချင်ပါတယ်။ ကျန်တဲ့ နိုင်ငံရေး အကျဉ်းသမားတွေ အပါအဝင် လွတ်လာတယ်ဆိုတော့ ဘာဘဲ ပြောပြောဗျာ၊ အမျိုးသာ ပြန်လည် သင့်မြတ်ရေးအတွက် ကောင်းတဲ့ဟြာ ဖစ်ပါစေဗျာ။ ကျနော် ဒီလောက်ပဲ ပြောချင်တယ်။
--------------------------------------


ဦးဝင်းတင်၏ မိတ်ဆွေကြီး ဦးမောင်မောင်ခင် ပြောကြားချက်

လွှတ်တော့ မလွှတ်သေးဘူးဗျ။ ထောင်ဗူးဝတော့ ရောက်နေပြီ။ မြင်ခဲ့တဲ့ လူတွေကတော့ သေချာပြောတာဘဲ။ ဦးဝင်းတင်နဲ့ ဒေါက်တာ မေဝင်းမြင့် တို့၊ နိုင်ငံရေးသမားကြီးတွေပေါ့ဗျာ။ နှစ်တွေ ထပ်ထပ် တိုးနေတဲ့ သူတွေကိုပေါ့ဗျာ။

ကျနော် ကြားတာကတော့ ၁၂း၃ဝ နာရီခွဲ ၁ ချက်တီးလောက်မှာ လူကြီးတွေက မိန့်ခွန်းချွေပြီး လွှတ်မယ်လို့ ပြောမယ်။ သတင်းတွေ လိုက်ပြီး စုစည်း လိုက်တဲ့အခါကျတော့ သေချာဘို့ တော်တော် နီးစပ်ပါတယ်။

ကျနော်တို့ကတော့ လွှတ်ပြီဆိုမှ လွတ်ပြီလို့ ကျနော်တို့ ယုံရမှာပေါ့နော်။

၂ဝ ရက်နေ့က ကျနော် သူ့ကို သွားတွေ့တယ်။ သူသိတယ်။ သူတို့ ထောင်သားတွေကို လွှတ်လိမ့်မယ်ကွ၊ အို၊ နာ၊ ကျိုး၊ ကန်း တွေကိုတဲ့။ အသက်ကြီးတဲ့ သူတွေ၊ နာမကျန်းတဲ့ သူတွေ။ ငါတော့ အဲဒါကို ငြင်းထားတယ်။ ငါ့ကို နိုင်ငံရေးအရ ဖမ်းရင်တော့ နိုင်ငံရေးအရ လွှတ်ရမယ်လို့ ကျနော် ပြောထားတယ်တဲ့။

သူ့ကို နိုင်ငံရေးအရ လွှတ်ရင်တော့ သူထွက်လာမှာပါ။

၂ဝဝ၅ ခုနှစ်ကလည်း မိန့်ခွန်းတွေ ပါတွေချွေ၊ သူ့အကြောင်းတွေ ပါတွေပြော၊ ထမင်းတွေ ဘာတွေ ကျွေးပြီးတော့ အထဲ ပြန်ခေါ်သွားတာ။

ကျနော်က ဒီမှာ တယ်လီဖုန်းတွေ စောင့်နေတာ။ လွှတ်လာရင် အစိုးဘက်က လူကြီးတွေ ကျနော့်အိမ်ကိုဘဲ လာပို့ပေးမှာပါ။ ကျနော့်အိမ်က ထောင်နဲ့ မျက်နှာချင်းဆိုင်မှာဘဲလေ။ ဒီမှာလည်း စောင့်နေကြတာ။
--------------------------------------


မြန်မာစံတော်ချိန် မွန်းလဲ ၂း၁၀ မိနစ်တွင် ဦးဝင်းတင်၏ မိတ်ဆွေကြီး ဦးမောင်မောင်ခင် ပြောကြားချက်

"နောက်ဆုံး ကြားရတဲ့ သတင်းကတော့ ထောင်ဗူးဝတော့ ရောက်နေပြီလို့ ကြားတယ်။ ညနေပိုင်းမှ လွတ်မယ်လို့ ကြားတယ်။

"ခုက လွှတ်တော့ လွှတ်နေတယ်ဗျ။ ခါးပိုက်နိုက်တွေ၊ သူခိုးတွေ၊ မှောင်ခိုတဲ့ မိန်းမတွေ၊ ချဲအမှုတွေနဲ့ ဖမ်းထားတဲ့ သူတွေလည်း တသုတ်ပြီး တသုတ် လွှတ်နေတာပဲလေ။

"လွတ်နေတာကတော့ ၉ဝ၊ ၁ဝဝ တော့ မကတော့ဘူး။ ထောင်ကားတွေနဲ့ လိုက်ပို့နေတယ်။ လုံခြုံရေးတွေတော့ မရှိပါဘူး။ ဒီနေ့တော့ လွှတ်မဲ့သူတွေရဲ့ မိသားစုဝင်တွေ အပြင်မှာ စောင့်နေတာတွေတော့ အများကြီးဘဲ ရာဂဏန်းတော့ ရှိတယ်။ တခြား အစောင့်တွေတော့ မရှိပါဘူး။

"ဦးဝင်းတင်ကို သွားစောင့်တာတော့ ကျနော်တို့ မိသားစုဘဲ ရှိမယ်။ နောက်ထပ် တနာရီခြား ခေါ်ပေးပါ။"

နောက်ဆက်တွဲကို ဆက်လက် ထုတ်ပြန်သွားမှာ ဖြစ်သည်။

(မဇ္ဈိမမှ ရယူသည်)

အပြည့်အစုံသို့ >>>

အကျဉ်းသား ၉၀၀၂ ဦးအား အကျဉ်းထောင်များမှ လွတ်မြောက်လာ

B

အပြည့်အစုံသို့ >>>

Sunday, September 7, 2008

ချစ်ခြင်းအားဖြင့်

B


မမခင်ဦးစံပယ်သို့ တမ်းချင်း (၂)

မမခင်ဦးစံပယ်ရယ်
မြေကြီးအောက်မှာ ငှက်တစ်ကောင်ရှိတယ်။
မြေကြီးအောက်ကငှက်ဟာ
တောင်ပံတစ်ဖတ်တည်းနဲ့ မြေကြီးကိုယက်ပြီး
ကောင်းကင်ပေါ်တက်လာနိုင်တယ်။
မြေကြီးအောက်ကငှက်ဟာ
တောင်ပံမပါဘဲနဲ့လည်း မြေကြီးထဲကထွက်ပြီး
မိုးပေါ်ကိုတက်လာနိုင်တယ်။
မြေကြီးအောက်ကငှက်ဟာ
ဂစ်တာတစ်လက်နဲ့လည်း ကမ္ဘာမြေငြိမ်းချမ်းဖို့ 
တေးတို့ နိုင်တယ်။
မြေကြီးအောက်ကငှက်ဟာ
ဂစ်တာမပါဘဲနဲ့လည်း ကမ္ဘာပေါ်ကစစ်ပွဲတွေရပ်စဲဖို့ 
တေးညှို့ နိုင်တယ်။
မမခင်ဦးစံပယ်ရဲ့
မြေကြီးအောက်ကငှက်ဟာ
သောင်ရင်းမြစ်ကိုဖြတ်ပြီးတော့လည်းသွားခဲ့ဖူးတယ်
သောင်ရင်းမြစ်ကို ကျော်ပြီးတော့်လည်းပြန်ခဲ့ဖူးတယ်။
မမခင်ဦးစံပယ်ရယ်
မြေကြီးအောက်ကငှက်ဟာ
ချစ်ခြင်းမေတ္ထာနဲ့ဥာဏ်ပညာကိုယုံကြည်သတဲ့။
မြေကြီးအောက်ကငှက်ဟာ
မမခင်ဦးစံပယ်ရဲ့ မိသားစုလူနာဖြစ်ခဲ့ဖူးသလို
ကျွန်တော့်ရဲ့ ရဲဘော်ရဲဘက် လူငယ်လည်းဖြစ်ခဲ့ဖူးတယ်။
မြေကြီးအောက်ကငှက်ဟာ
သီချင်းနဲ့မတောင်းရမ်းခဲ့ဖူးဘူး။
မြေကြီးအောက်ကငှက်ဟာ
မာနမဲ့ ဒူးထောက်အရှံးမပေးခဲ့ဖူးဘူး။
မြေကြီးအောက်ကငှက်-
သူဟာ “အတ္တမဲ့အလင်း”
မြေကြီးအောက်ကငှက်ဟာ
ပေါ်လစီသီချင်းတွေ မဆိုခဲ့သလို
ပေါ်လစီသီချင်းတွေလည်းမရေးခဲ့ဘူး။
ပေါ်လစီစတိတ်ရှိုးစင်ပေါ်ကိုလည်း
ဘယ်တော့မှမတက်ခဲ့ဘူးလေ။
မြေကြီးအောက်ကငှက်ကို
အာဏာ၊ ငွေကြေး ၊ရမ္မက်၊ ဂုဏ်ထူးဆောင်လက်မှတ်တွေနဲ့ 
မြှူဆွယ်လို့ မရဘူးလေ။
မြေကြီးအောက်ကငှက်ဟာ
ကမ္ဘာ့ဒုက္ခနဲ့အသည်းကွဲခဲ့ဖူးသလို
မြန်မာ့ဒုက္ခနဲ့လည်း အသည်းကွဲခဲ့ဖူးသူ။
မြေကြီးအောက်ကငှက်ဟာ
အတောင်ညောင်းလို့ အိပ်စက်ရတဲ့အခါ
ဆရာကြီးမင်းသုဝဏ်နဲ့ဘေးချင်းယှဉ်ပြီးအိပ်စက်ရတယ်။
မြေကြီးအောက်ကငှက်ဟာ
သေနတ်များကိုလည်းခုံမင်ပြီး
နှင်းဆီပန်းများကိုလည်း စွဲလမ်းသူဖြစ်တယ်။
မြေကြီးအောက်ကငှက်ဟာ
ရှစ်လေးလုံးအရေးတော်ပုံကို ကောင်းကောင်းရင်ခုန်ခဲ့ဖူးတယ်။
အကယ်၍ အသက်ထင်ရှားရှိနေဦးမယ်ဆိုရင်
မြေကြီးအောက်ကငှက်ဟာ
ရွှေဝါရောင်တော်လှန်ရေးကိုလည်း ကျိန်းသေရင်ခုန်ဦးမှာပဲ။
ရန်သူနဲ့မိတ်ဆွေ မခွဲခြားနိုင်ဘဲနဲ့ 
တော်လှန်ရေးလုပ်လို့ မရဘူးဆိုရင်
မမခင်ဦးစံပယ်ရဲ့
မြေကြီးအောက်ကငှက်ဟာ
တော်လှန်ရေးသမားစစ်စစ်ပေါ့။
တကယ်တော့ မမခင်ဦးစံပယ်ရယ်
မြေကြီးအောက်ကငှက်ဆိုတာ
ကောင်းကင်ကိုတောင် ငုံ့ကြည့်နိုင်စွမ်းရှိသူပေပဲ။
မြေကြီးအောက်ကငှက်ဟာ
ဘယ်လောက်တောင် ကြီးကျယ်သလဲဆိုရင်
ရာဇာဓိရာဇ် အရေးတော်ပုံကျမ်းကိုတောင်
ရုပ်ရှင်ရိုက်ပြဦးမတဲ့။
မမခင်ဦးစံပယ်ရဲ့
မယုံမရှိနဲ့
မြေကြီးအောက်ကငှက်ဟာ
သီချင်းနဲ့ပုန်ကန်သူ
အနုပညာသူပုန်စိတ်ကြီးသူ။
မမခင်ဦးစံပယ်ရယ်
မြေကြီးအောက်ကငှက်ကို
အနာဂတ်ကလည်း နှစ်လိုပေမယ်။
သူ့ကိုဂုဏ်ပြုဖို့ 
ကျွန်တော်တို့ ဘဝ လုံခြုံအောင်လုပ်ရမယ်။
ဘဝလုံခြုံဖို့ ဆိုရင်
(၁)စစ်အာဏာရှင်စနစ်ပြုတ်ကျမှဖြစ်မယ်
(၂)ဒီမိုကရေစီနဲ့ လူ့ အခွင့်အရေးရမှဖြစ်မယ်
(၃)ဒေါ်အောင်ဆန်းစုကြည်အစိုးရ ပေါ်ထွန်းမှဖြစ်မယ်။
မြေကြီးအောက်ကငှက်ကို
လွမ်းတဲ့အခါ
“ရာဖဝင်များရဲ့ သတို့ သမီး” သီချင်းနားထောင်ပါ။
အခု ကျွန်တော်သူ့ ကိုလွမ်းနေတဲ့အကြောင်း
မြေကြီးအောက်ကငှက်ဆီကို
အီးမေးလ်ပို့ လိုက်မယ် မမခင်ဦးစံပယ်။
ပြီးတော့သူ့ကိုလွမ်းတဲ့အကြောင်းရေးထားတဲ့ဒီကဗျာ
သူ့ သမီး မိကွန်ထော ဖတ်ဖို့ 
ဖက်စ်နဲ့ ပို့ ရဦးမယ်။
သူ့ဇနီး သွယ်သွယ်ထွေးကိုလည်း
ကျွန်တော်သတိရကြောင်းပြောပြပေးပါ။
မမခင်ဦးစံပယ်။
ကျွန်တော်ပြန်လာတဲ့အခါ
မြေကြီးအောက်ကငှက်အမှတ်တရ
ကဗျာရွတ်ဆိုပွဲတစ်ခုလုပ်ကြတာပေါ့
သူ့သီချင်းတွေလည်းဆိုကြတာပေါ့
တစ်ချိန်ချိန်ပေါ့။
တစ်နေ့တော့
ကျွန်တော်တို့ လုပ်ကိုလုပ်နိုင်ရမယ်။
တစ်နေ့
ကျွန်တော်တို့ မုချ နိုင်ရမယ်။
အခုတော့ မစ်ရှီဂန်မှာ
လွမ်းရုံပဲ လွမ်းနိုင်သေးတာ။
မြေကြီးအောက်ကငှက်ကို အားနာတယ်။
တိုင်းပြည်ကိုလည်း အားနာတယ်။
မမခင်ဦးစံပယ်ရေ
ကောင်းကင်ပေါ်မှာ ငှက်တစ်ကောင်ရှိတယ်လေ။ ။

အောင်ဝေး
(ထူးအိမ်သင် ကွယ်လွန်ခြင်း ၄ နှစ်ပြည့်အမှတ်ရ၊ ၁၄ ဩဂုတ် ၂၀၀၈)

အပြည့်အစုံသို့ >>>

Wednesday, September 3, 2008

သားသုံးသားပေါင်းစည်းရေး

B

အပြည့်အစုံသို့ >>>

တပ်မတော်နှင့်ပတ်သက်၍

B


မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်
ဒေါ်အောင်ဆန်းစုကြည်၏ တပ်မတော်သားများသို့ ပန်ကြားချက်

မြန်မာနိုင်ငံ လွတ်လပ်ရေးရဖို့အတွက် ကြိုးပမ်းခဲ့တဲ့ ခေါင်းဆောင်ကြီးများဟာ ကျွန်မတို့ နိုင်ငံကို ဒီမိုကရေစီ နိုင်ငံအဖြစ်နဲ့ ထူထောင်ခဲ့တာ ဖြစ်ပါတယ်။ လွတ်လပ်ရေးရဖို့အတွက်လည်း ပြည်သူလူထုနဲ့ တပ်မတော်သား များ အားလုံးလက်တွဲပြီးတော့ ကြိုးပမ်းခဲ့လို့ ရခဲ့တာ ဖြစ်ပါတယ်။ အခုအချိန်မှာ ဒီမိုကရေစီရရှိရေးအတွက် ပြည်သူလူထုနဲ့ တပ်မတော်လက်တွဲပြီး လုပ်ဖို့သာလိုပါတယ်။ ဒီမိုကရေစီနိုင်ငံတွေမှာ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကြီးထွားပုံကို ကမ္ဘာက သိကြပါတယ်။ ဒီမိုကရေစီနိုင်ငံဆိုတာဟာ ပြည်သူလူထုက နေပြီးတော့ တင်မြှောက်တဲ့ အစိုးရကနေ အုပ်ချုပ်တဲ့နိုင်ငံဖြစ်ပါတယ်။ တပ်မတော်သားများဟာလဲ ပြည်သူလူထု ကြားထဲ ကနေ ပေါက်ဖွားလာတဲ့သူများ မို့လို့ ပြည်သူလူထု ရွေးကောက်ပွဲတင်မြှောက်ထားတဲ့ အစိုးရများဟာ တပ်မတော်သားများကို ထိုက်ထိုက်တန်တန် ဂုဏ်ရှိရှိ သိက္ခာရှိရှိ ထားမယ်ဆိုတာ ယုံမှားသံသယရှိစရာ လုံးဝမလိုပါဘူး။ အခုအချိန်မှာ ဆိုလို့ရှိရင် တချို့လူတွေဟာ ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တပ်မတော်ကြားထဲမှာ စိတ်ဝမ်းကွဲအောင်လို့ အမျိုးမျိုး ပြောကြပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားအတွက် မလိုလားသယောင်ယောင်၊ တပ်မတော်ရဲ့ အကျိုးစီးပွားကိုပဲ မလိုလား သယောင်ယောင် ပြောကြပါတယ်။ ဒါပေမဲ့ ကျွန်မတို့ဟာ အစဉ်တစိုက် မြန်မာနိုင်ငံနဲ့ မြန်မာ့တပ်မတော်ကို ဂုဏ်သိက္ခာရှိရှိနဲ့ ရပ်တည်စေချင်တဲ့အဖွဲ့ ဖြစ်ပါတယ်။

ကျွန်မတို့တပ်မတော်ဟာ စကတည်းက ပြည်သူလူထုရဲ့ နွေးထွေးမှုကို ခံယူနိုင်မှသာလျှင်၊ ဒီတပ်မတော် ထူထောင်ခဲ့ရတာဟာ အကျိုးရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့ တပ်မတော်အနေနဲ့ ဒီမိုကရေစီ ရရှိရေးအတွက် ပြည်သူလူထုရဲ့ အကျိုးကို မျှော်ကိုးပြီးတော့ ကြိုးပမ်းသင့်တယ်လို့ ကျွန်မတို့ ထင်ပါတယ်။ နိုင်ငံတနိုင်ငံအတွင်းမှာ ပြည်သူလူထုနဲ့ တပ်မတော်၊ တပ်မတော်နဲ့ ပြည်သူလူထု တသားတည်းရှိမှသာလျှင် ငြိမ်းချမ်းမှုလည်း ရှိနိုင်မယ်။ တိုးတက်မှုလည်းရှိနိုင်မှာ ဖြစ်ပါတယ်။ တကယ်တော့လည်း တပ်မတော်ဆိုတာ တခြားနိုင်ငံက အဖွဲ့အစည်းမဟုတ်ဘဲ ဒီနိုင်ငံထဲက အဖွဲ့အစည်း၊ တခါတလေ တပ်မတော်နဲ့ ပြည်သူကို ခွဲခြားပြီး ပြောတာကို ကျွန်မတို့ နားမလည်ပါဘူး။ တပ်မတော်သားများဆိုတာဟာ ပြည်သူလူထုက ပေါက်ဖွား လာတာ ဖြစ်ပါတယ်။ ပြည်သူလူထုနဲ့ တပ်မတော်ကို ခွဲခြားချင်တဲ့ စိတ်ဓာတ်ဟာ အင်မတန်မှ ဆိုးဝါးတဲ့ စိတ်ဓာတ်ဖြစ်ပါတယ်။ တပ်မတော်နဲ့ နိုင်ငံရေးသမားများ ကြားထဲမှာလည်း စိတ်ဝမ်းကွဲအောင် လုပ်တယ် ဆိုတာဟာ မလိုလားအပ်တဲ့ကိစ္စ ဖြစ်ပါတယ်။

နိုင်ငံတနိုင်ငံမှာ နိုင်ငံရေးသမားများ ရှိမှသာလျှင် နိုင်ငံရေးဘက်ကနေပြီး ပီပီပြင်ပြင် လုပ်နိုင်မှာပါ။ ဒါကြောင့် မို့လို့ နိုင်ငံရေးသမားများနဲ့ နိုင်ငံရဲ့ အစိုးရကို ပီပီပြင်ပြင်ဖြစ်အောင် လုပ်မယ်၊ နိုင်ငံရေးသမားများရဲ့  လုံခြုံရေးကို တာဝန်ယူရတဲ့ တပ်မတော်ကြားထဲမှာဆိုရင် နားလည်မှု အများကြီးရှိဖို့ လိုပါတယ်။ ဒီလို နားလည်မှုရှိဖို့ ကျွန်မတို့ အစဉ်တစိုက် ကြိုးစားနေပါတယ်။ ကျွန်မတို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှာဆိုလို့ရှိရင် မြန်မာ့တပ်မတော်ထဲမှာ အဆင့်မြင့် အမှုထမ်းခဲ့တဲ့ အရာရှိများ များစွာရှိပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ တပ်မတော်ရဲ့ လိုအပ်ချက်များကို ကောင်းမွန်စွာ နားလည်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်
၁၉၉၉ခုနှစ် သြဂုတ်လ (၇)ရက်

အပြည့်အစုံသို့ >>>

Poem from Generation Wave

B


ရာစုသစ်ရဲ့ သူရဲကောင်းတွေ

သွေးကြောင်ပြီး ဘေးမရှောင်ဘူး
ခွေးဟောင်လို့လည်း ထွက်ပြေးမယ်မထင်နဲ့
ဆက်ရေးတယ် … ငါတို့သမိုင်းကို … ဆက်ရေးမယ်
အကွေးမခံဘူး အဆွေးမခံဘူး…
အာဏာရှင်ရဲ့ နားရွက် တံတွေးတက်ဆွတ်ဖို့မတွန့်ခဲ့ဘူး ဒီလိုငါတို့ရူးသွပ်ပစ်ခဲ့
ငါတို့နေတဲ့ ငါတို့မြေအတွက်
ရူးသွပ်ခဲ့ ရူးသွပ်ပစ်ခဲ့…
လူ့ဘ၀စဉ်စစ်တွေအတွက်
အသက်ရှင်ခြင်းစစ်စစ်ကို ရူးသွပ်ခဲ့
ရူးသွပ်ခဲ့ ငါတို့ရူးသွပ်ခဲ့…
ငါတို့လွတ်မြောက်ဖို့အတွက်
ရူးရူးမူးမူးကို ရူးသွပ်ခဲ့ကြ
ငါတို့ဘ၀ကို ငါတို့ချစ်ခဲ့ကြပေတယ်
ငါတို့မြေအတွက် ငါတို့ ကြေမွပစေပေါ့
တို့ဘ၀တွေကို ဒီလိုရင်းပစ်လိုက်တယ်
လာကြစမ်း…..လာထားကြစမ်း…..
အကြောက်တရားကို ချောက်ကမ်းပါးထဲ ကန် ချ
ငါတို့သွေးကနီပါတယ်ကွ…
ကျည်ဆန်တွေလား ဟားဟား…ကျည်ဆန်တွေတဲ့လားကွာ
ရီသံနဲ့တင် အနိုင်ပိုင်းပြဖို့
ဒီမှာ ဒုန်းစိုင်းလို့ချီ လာကြပြီလေ…
မျိုးဆက်လှိုင်းတွေ…မျိုးဆက်လှိုင်းတံပိုးတွေ
အိပ်မက်ရိုင်းကို ရင်နဲ့ထမ်းပိုး
မိစ္ဆာတံတိုင်းကို ဖျက်ချိုးပစ်တော့မယ်…….

မိုဃ်းသွေး
Generation Wave

" စက်တင်ဘာလ၃ရက်၊ ၂၀၀၈မှာ အဖမ်းခံလိုက်ရတဲ့ ကျွန်တော်တို့ရဲ့အကိုကြီးကိုကျော်ဦးအတွက်အမှတ်တရ"


အပြည့်အစုံသို့ >>>

Saturday, August 30, 2008

တောင်ကိုရီးယားက ပို့ တဲ့ကဗျာ

B


စက်တင်ဘာ

တခါတရံတုန်းက စက်တင်ဘာပေါ့
အဆင်ခြင်မဲ့ပြု လူတစ်စုကြောင့်
အလှတရားတစ်ခု
ထက်ပိုင်းကျိုးကျ
သွားရပြန်ရော.........
ပြီးခဲ့တဲ့ စက်တင်ဘာပေါ့
အသိဉာဏ်ခေါင်းပါး လူငနွားတွေ
ပစ်ခတ်ရမ်းကား
ပြုမူများကြောင့်

အပြစ်မဲ့လူများ သွေးသံကြားမှာ
စုရုံးညီညာ အသက်ပေးကြရရော
အဲဒီ......စက်တင်ဘာကြောင့်
မျိုးဆက်သစ်များ အားဖြစ်စေတော့
ရက်စွဲအသစ် စွဲမယ်ကြုံရင်း
စက်တင်ဘာမိုးရွားဖြိုးတော့တယ်
အခု စက်တင်ဘာက......
ပြောနေပြန်ပြီ
ကဲ
ခင်များတို့နှစ်ပဲ
ကြယ်ကောင်းတစ်ပွင့်ဖြစ်စေဖို.ရာ
ဒီ.......စက်တင်ဘာကိုချစ်လိုက်ပါတဲ့။ ။

သျှင်ခ


အပြည့်အစုံသို့ >>>

B

အပြည့်အစုံသို့ >>>

Thursday, August 28, 2008

ကျော်ကိုကို ထောင်ထဲက ပို့ တဲ့ကဗျာ

B


သူငယ်ချင်းများသို့

အခုပို့ပေးလိုက်တဲ့ ကဗျာကို ငါတို့ရဲ့ကျောင်းသားခေါင်းဆောင်တယောက်က ၂၀၀၇ ခုနှစ် သြဂုတ် လ ၂၈ ရက်နေ့မှာ ဖွဲ့စည်းခဲ့တဲ့ ဗကသများအဖွဲ့ချုပ် ဖွဲ့စည်းမှု (တစ်နှစ်ပြည့် အမှတ်တရ) ရေးသားတာပါ။ ထောင်တွင်းမှာ ငါတို့ ကျောင်းသားတွေကို နအဖ အစိုးရက ဘယ်လောက်ထိ လူမဆန်စွာ ညှင်းပန်းနှိပ်စက်တယ်ဆိုတာ သူ့ကဗျာအရေးအသားကို ဖတ် ကြည့်ရင် သိနိုင်ပါတယ်။ ဒီလောက်ထိ သေလုမျောပါးနှိပ်စက်ခံရတာကိုတောင် သူတို့တွေရဲ့ဇွဲသတ္တိတွေ လျော့မသွားသေးဘဲ ပြည် သူအားလုံး သူတို့လို မခံစားရအောင် ခိုင်ခိုင်မာမာ ကြိုးစားနေကြတုန်းပဲ။ အဲဒီလို နှိပ်စက်ညှင်းပန်းမှုတွေရဲ့အပြင်မှာ ငါတို့တွေ နေ ထိုင်နေကြပြီး ဘာလို့ သူတို့လို ခိုင်မာတဲ့စိတ်ဓာတ်၊ တိုင်းပြည်ချစ်တဲ့စိတ်ဓာတ်တွေ မမွေးနိုင်ရမှာလဲ။ ငါတို့မှာ ငါတို့ရဲ့ ကိုယ်ပိုင် လွတ်လပ်ခွင့်တွေ ရှိသင့်တာပဲ။ ဒီလိုကဗျာမျိုးကို ငါတို့တွေလဲ ရေးနိုင်ရမှာပဲ။ သူတို့လို သမိုင်းကြောင်းကို ငါတို့တွေလည်း လျှောက် လှမ်းနိုင်ရမှာပဲ။ ငါတို့ပြည်သူတွေ ဒီထက်ပိုပြီး ဆင်းရဲတွင်းမနက်ရအောင် ငါတို့ဖန်တီးနိုင်ရမှာပဲ။ သူများလုပ်တဲ့အချိန်မှာ ငါတို့တွေ က ကိုယ်နဲ့မဆိုင်သလို လက်ပိုက်ကြည့်နေမယ့်အစား လက်တွဲကူညီလိုက်ရင် တနေ့နေ့မှာတော့ အောင်မြင်နိုင်ရမှာပဲ။ ငါတို့ ကျောင်းသားတွေ ဘာတွေကိုတွေဝေပြီး စောင့်နေကြသလဲ။ ဒီလိုဦးဏှောက်မရှိတဲ့ နအဖ အစိုးရရဲ့ ပညာရေးဟာ ငါတို့အတွက် ဘာတွေများမက်မောစရာကောင်းနေလို့လဲ။ ကျောင်းသားလူငယ်ပီပီ မခံချင်စိတ်တွေ မွေးကြပါတော့။ မဝေးတော့တဲ့ ပန်းတိုင်အ တွက် ခွပ်ဒေါင်းစိတ်ဓာတ်တွေ နိုးကြားကြပါတော့။ ငါတို့ နောင်အနာဂတ်မျိုးဆက်တွေအတွက် နအဖ အစိုးရကို တော်လှန်နိုင် အောင် ကြိုးစားကြပါတော့။ အချိန်ဆွဲနေလို့ မဖြစ်တော့ဘူး။ တိုင်းပြည်ရဲ့အနာဂတ်ကို တန်ဖိုးရှိအောင် ငါတို့ ကျောင်းသားတွေ ပြောင်းလဲပစ်နိုင်တယ်ဆိုတာကို ယုံကြည်ကြပါတော့။ ၂၀၁၀ မတိုင်ခင် အချိန်ခဏလေးအတွင်းမှာ ငါတို့တိုင်းပြည်ကို စစ်ကျွန်ဘဝ က ကယ်တင်နိုင်အောင် ငါတို့ကျောင်းသားတွေ စည်းလုံးကြပါတော့။

Fighting Peacoca

------------------------------------------
သွေးချွေး မျက်ရည် တော်လှန်ရေး

အကျပ်ကိုင်ခံရလွန်းလို့
ဇောချွေးစီးကြောင်း
ဆူပွက်ပွက်ထဲ
ဒီတေစ ၦခရီးကို
ဘယ်သူမျှဆက် သည်းမခံနိုင်တော့ဘူး။

လက်ဖျံရိုး နှစ်ချောင်းနဲ့
အရိုးခေါင်း အလံနက်ကို
မီးတိုက်
အဆိပ်ကုန်သည်သင်္ဘောကြီး
လောင်မြိုက်ပေါက်ကွဲရေး
ကြာပွတ်ဖျားမှ သွေးစက်တိုင်း
သတိပေးနေတယ်။

ဝတ်ကျေတန်းကျေ ရာသီဥတုထဲ
စိန်ပန်းတွေမရှိ
ခုံတန်းပြာမရှိ
တိုက်ရာပါပညာရေးသာ
နင်းမိုင်းကြွမိုင်းတွေကြား
တလမ်းသွားပြေးဆွဲနေရဲ့။

ကံ့ကော်အိုဟာ
မျက်ရည်စိုဖျန်းရုံနဲ့
မလန်းဆန်းတော့တာမို့
တချိမ့်ချိမ့် မိုးကြီးရဲ့ အောက်
ဒေါင်းတသင်းရောင်းရင်းဖွဲ့ဖို့
ကျောင်းဝင်းထဲရောက်ခဲ့ပြီ။

ကျော်ကိုကို (ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်)

(၂၀၀၇ ခု သြဂုတ်လ ၂၈ ရက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဖွဲ့စည်းမှုနှစ်ပတ်လည် အမှတ်တရ)

အပြည့်အစုံသို့ >>>

Wednesday, August 27, 2008

ရန်ကုန်ကဗျာစု (၂)

B



တော်လှန်ရေး

ဆူးစူး၍လျှင်
အပ်နှင့်ထွင်မည်
အသင်ဘာပြောချင်သနည်း။ ။

မောင်သာရ

အပြည့်အစုံသို့ >>>

ရန်ကုန်ကဗျာစု (၁)

B




တော်လှန်ရေး

ရိုးပြတ်ငုတ်စို့ 
မီးတိုက်ရို့ လော့
ငါတို့ ပျိုးသစ်ကြဲရအောင်။ ။

မီးဒုတ်

အပြည့်အစုံသို့ >>>

Friday, August 8, 2008

၈.၈.၈၈ အနှစ် ၂၀ ပြည့်အမှတ်တရ

B


၈.၈.၈၈ ကိုမေ့လို့ မရ
(စစ်နိုင်မင်း)

၈.၈.၈၈ ကို မေ့လို့ မရတဲ့
အမျိုးသားနိုင်ငံရေးထဲက
ပေါက်ဖွားလာတဲ့ကျွန်တော်
ကျွန်တော့်အသက် ကလေးအရွယ်
ဆိုးရွားတဲ့နိုင်ငံရေးထဲမှာမွေးဖွား
တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့
ငယ်စဉ်က ကျွန်တော်တို့ရဲ့ အိပ်မက်ဆိုးဘဝ။

၈၈မှာ ကျခဲ့တဲ့သွေး
ယနေ့အထိမမေ့သေး
၈.၈.၈၈က
ဖြစ်ပွားခဲ့တာ မနေ့တနေ့ကလိုပါပဲ။

၈၈မှာ
သေဆုံးလို့  ကျခဲ့တဲ့သွေး
ကျန်ခဲ့လို့  ကျခဲ့တဲ့မျက်ရည်
ယနေ့အထိမမေ့သေး။

လမ်းတိုင်းပေါ်က သွေးစီးကြောင်းတွေ
မြင်ရသူတွေ သွေးပျက်မတတ်
မသမာသူတွေ
သေနတ်ကိုင်လို့ 
တွေ့ ရာလူကို ပစ်တဲ့ခေတ်။

ယခု (၈)လေးလုံး အနှစ် ၂၀ ပြည့်တဲ့ခေတ်
ပြည်သူတွေကို
သွေး မြေမှာမကျစေချင်
လွတ်လပ်ရေးကိုရစေချင်။

ဒို့ ခေါင်းဆောင်ဟာ
လွတ်လပ်ရေးကို လိုလား
ငြိမ်းချမ်းရေးကို မြတ်နိုး
မတရားတာကို လက်ပိုက်မကြည့်တတ်ဘူး။

၈.၈.၈၈ဟာ
ကျောင်းသား၊ ရဟန်း၊ ပြည်သူအများ
သွေးမြေမှာကျခဲ့တဲ့နှစ်
ကျွန်တော့် မျက်စိထဲက မထွက်သေးတဲ့အဖြစ်။

ကျွန်တော်တို့ ရဲ့ အသက်တွေကိုစတေး
နောင်လာ နောင်သား
မျိုးဆက်သစ်များ
အနာဂတ်တွေလှပဖို့ ။

၈.၈.၈၈ အနှစ် ၂၀ ပြည့်
အထိမ်းအမှတ်အဖြစ်
နိုင်ငံတကာမှာ ရောက်နေတဲ့
မြန်မာနိုင်ငံသားတိုင်းရဲ့
မေ့လို့ မရတဲ့နေ့အဖြစ်။

မြန်မာနိုင်ငံကြီး
အမြန်ဆုံး လွတ်လပ်ရေးရအောင်
ဆုတောင်း မေတ္တာပို့ ကြစို့ ။ ။


အပြည့်အစုံသို့ >>>

/* EOT ----------------------------------------- */