
ဝါရှင်တန်နွေဦး
ဒီနွေဦးဟာ
တို့ ဆီမှာ ၀သန်မိုးပါ
မြစ်ရေတွေတိုးလို့ 
အဖြစ်ဆိုးတွေ
မကြုံကြပါစေနဲ့ ။
မိုးတွေသည်း
ပျိုးတွေကြဲ
လယ်ထဲယာထဲ
ကျွဲနဲ့ နွားနဲ့ 
ယာလည်းညှက်
အထွက်လည်းကောင်းပါစေ။
ထွက်တဲ့စပါး
လယ်သမားပဲပိုင်
စစ်တပ်မကိုင်ပါစေနဲ့ ။
S.S.T
Sunday, June 29, 2008
Poem for burma
BTuesday, June 24, 2008
တစ်တောရှင်းတော့်မည်
B
စစ်အစိုးရထိပ်သီး ခေါင်းဆောင်နှစ်ဦး နုတ်ထွက်ဟု သတင်းများ ပျံ့နှံ့
မြန်မာ စစ်အစိုးရခေါင်းဆောင် နှစ်ဦးဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး တို့ ရာထူးမှ နုတ်ထွက်ကာ အနားယူသွားပြီဟူသော ကောလာဟလ သတင်းများ ပျံ့နှံ့လျှက်ရှိကြောင်း သိရ သည်။
ထိုကဲ့သို့ အနားယူရန် မတ်လကတည်းကစီစဉ်နေသည်ဟူသည့် ကောလာဟလ သတင်းများ ထွက်ပေါ်ခဲ့ပြီး လေ့လာသူ များက အကြီးပိုင်း စစ်အရာရှိ အတော်များများ အနားယူလိမ့်မည်ဟု ခန့်မှန်းကြသည်။
ထိုင်းနိုင်ငံအခြေစိုက် စစ်အစိုးရ၏ အတိုက်အခံအင်အားစုများနှင့် မြန်မာစစ်အစိုးရ အသိုင်းအဝန်းနှင့် နီးစပ် သော စစ်ဘက် ကျွမ်းကျင်သူတို့က စစ်ဆင်ရေးအထူးအဖွဲ့မှူး (BSO) ၄ ဦးကိုပါ အနားယူရန် ညွှန်ကြားထား သည်ဟု ပြောကြသည်။ လက်ရှိတွင် မြန်မာပြည်၌ ထိပ်ပိုင်း နအဖ ခေါင်းဆောင်အဖွဲ့ဝင် အဖြစ် စစ်ဆင်ရေး အထူးအဖွဲ့မှူး ၆ ဦးရှိသည်။
စစ်ဆင်ရေးအထူးအဖွဲ့ ၄ ဖွဲ့ကို ၂၀၀၁ ခုနှစ် နိုဝင်ဘာလမှစတင် ဖွဲ့စည်းကာ တိုင်းစစ်ဌာနချုပ် ၁၃ ခုကို ကွပ်ကဲခဲ့သည်။ စစ်ဆင်ရေး အထူးအဖွဲ့ ၅ ကိုမူ ၂၀၀၆ ခုနှစ်မှ စတင်၍ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ကြီးကြပ်မှု အောက်တွင် ရန်ကုန် စစ်ဒေသအတွက် ဒု ဗိုလ်ချုပ်ကြီး မြင့်ဆွေက စစ်ဆင်ရေးမထူးအဖြစ် ဦးဆုံး ကွပ်ကဲခဲ့ကြောင်း ကြားသိရသည်။
ဇွန်လ ၂၁ ရက်နေ့ထုတ် စစ်အစိုးရပိုင် သတင်းစာများတွင် စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တချို့ အပါအဝင် ဝန်ကြီးအဖွဲ့ဝင် တချို့ ရာထူးအပြောင်းအလဲ ပြုလုပ်ကြောင်း သတင်းများ ပါလာခဲ့ပြီးသည့်နောက် ယခုကဲ့သို့ သော စစ်အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်များ ရာထူးမှနုတ်ထွက်မည်ဟူသည့် ကောလာဟလသတင်းများ ဆက်တိုက် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
လေ့လာသူတို့ကမူ ယခုကဲ့သို့ ရာထူးအပြောင်းအလဲများ ပြုလုပ်ခြင်းမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေနှင့် ငယ်ရွယ်နုပျိုသော စစ်ဗိုလ်ချုပ်များကို အစားထိုးလဲလှယ်ကာ ၎င်း၏ စစ်တပ်ကို အသွင်ပြောင်းလို၍ ဖြစ်နိုင် ကြောင်း သုံးသပ်ကြသည်။ ဒု ဗိုလ်ချုပ်ကြီး မြင့်ဆွေမှလွဲ၍ ကျန် စစ်ဆင်ရေးအထူးအဖွဲ့မှူး ၄ ဦးမှာ အငြိမ်းစား ယူရမည့် အသက်အရွယ်ကို နီးကပ်နေကြပြီး တချို့မှာ အသည်းအသန် မမာမကျန်းဖြစ်နေသည်ဟု ကြားသိ ရသည့်အတွက် ၎င်းတို့ ၄ ဦးကို အငြိမ်းစားပေးမည်ဟု ခန့်မှန်းခြင်းဖြစ်သည်။
မည်သို့ပင် ဆိုစေကာမူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေနှင့် ရာထူးမှ နုတ်ထွက်ကာ ၎င်းနေရာကို ဗိုလ်ချုပ်ကြီး သူရရွှေမန်း အား ခန့်အပ်မည်ဟူသောကောလာဟလမှာ ရန်ကုန် သတင်းအသိုင်းအဝန်းနှင့် ထိုင်းနိုင်ငံ အခြေ စိုက် အတိုက်အခံ အင်အားစုများကြားတွင် ပျံ့နှံ့လျှက်ရှိသည်။ ထို့ပြင် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး နေရာကို ဒု ဗိုလ်ချုပ်ကြီး မြင့်ဆွေက ဆက်ခံမည်ဟူသည့် သတင်းထွက်ပေါ်လျှက်ရှိသည်။
တချို့သော စစ်ရေးကျွမ်းကျင်သည့် လေ့လာသူတို့ကမူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေနှင့် ရာထူးမှ အနား ယူမည်မဟုတ်ဘဲ စစ်ကောင်စီတရပ်ကို ဖွဲ့စည်းကာ ဆက်လက်၍ အာဏာကို ဆုပ်ကိုင် သွားလိမ့်မည် ဟု သုံးသပ်ကြသည်။
အထက်ပါကောလာဟလများကို အသေးစိတ်အတည်မပြုနိုင်သေးသော်လည်း လက်ရှိအနေအထားအရ နေပြည်တော်တွင် စစ်ဗိုလ်ချုပ်ကြီးများ၏ လေးလပတ်မျက်နှာစုံညီ အစည်းအဝေးနောက်ပိုင်း ထွက်ပေါ်လာ ခြင်း ဖြစ်ကြောင်း ပြည်တွင်း သတင်း အသိုင်းအဝန်းမှ ကြားသိရသည်။
ဧရာဝတီ ဇွန် ၂၃၊ ၂၀၀၈
Sunday, June 22, 2008
လူမိုက်တို့ သွားရာလမ်း
B
ထိပ်သီးစစ်ခေါင်းဆောင်နှစ်ဦး စစ်တပ်ရာထူးမှ အနားယူ
မြန်မာစစ်အစိုးရ ထိပ်သီးခေါင်းဆောင်နှစ်ဦးဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့နှစ်ဦး စစ်တပ်တွင် ထိန်းချုပ်ထားသည့် တာဝန်များမှ အနားယူ သွားသည်ဟု စစ်တပ်အသိုင်းအ၀ိုင်းက ယနေ့ပြောဆိုသည်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နေရာများမှ အနားယူကာ အခြားအဆင့်မြင့် ဗိုလ်ချုပ်ကြီးများနှင့် အစားထိုးခဲ့ခြင်း ဖြစ်သည်။
၎င်းတို့နှစ်ဦးနေရာတွင် ဗိုလ်ချုပ်ကြီး သူရရွှေမန်းနှင့် ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့ (ကစထ)မှူး တဦးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေအား အစားထိုး ခန့်အပ်ခဲ့သည်ဟု အမည်မဖော်လိုသည့် စစ်ဖက်အရာရှိတဦးက ပြောသည်။
“တပ်ချုပ်နဲ့ ဒုချုပ်က တပ်အမိန့်ပုံစံမျိုးနဲ့ တပ်က အနားယူတဲ့ သဘောပဲ၊ (နယက) ကောင်စီမှာတော့ ဆက်ရှိနေမယ်၊ အရင် (ကစထ) မှူးတွေလည်း အနားယူတယ် ဆိုပေမယ့် အဲ့ဒီကောင်စီမှာ ဆက်ပါနေအုံးမယ်၊ တပ်ချုပ်နဲ့ ဒုချုပ်က ရန်ကုန်ပြန်လာမယ်၊ သူတို့နဲ့အတူ (ကစထ)မှူးတွေ ထဲက ဒုတိယ ဗိုလ်ချုပ်မှူးကြီး ခင်မောင်သန်းလည်း ပါလာမယ်၊ သူလည်း အနားယူပြီ”ဟု အဆိုပါ တပ်မတော်အရာရှိ တဦးက ပြောသည်။
ထို့အပြင် ရန်ကုန်တိုင်း၊ တောင်ပိုင်းတိုင်းနှင့် အရှေ့မြောက်တိုင်းမှ တိုင်းမှူးသုံးဦးမှာလည်း ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူးများအဖြစ် တဆင့်တိုး ခန့်အပ်လိုက်ပြီး ထိပ်ပိုင်းခေါင်းဆောင် အများအပြား အပြောင်းအလဲ ပြုလုပ်ခဲ့သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
ရန်ကုန်တိုင်း တိုင်းမှူးအဖြစ် အမှတ် (၇၇) ခြေမြန်တပ်မဌာနချုပ် တပ်မမှူး ဗိုလ်ချုပ်ဝင်းမြင့်နှင့် မုံရွာခရိုင်မှ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် တပ်မတော် ဆေးတက္ကသိုလ် ပါမောက္ခချုပ် ဗိုလ်ချုပ် ရာပြည့်တို့ ပြောင်းလဲရောက်ရှိ လာမည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။
“ဒါက တပ်တွင်းနေရာ အပြောင်းအလဲတွေဖြစ်တော့ သတင်းစာတွေကတော့ တရားဝင် ပုံ ဘယ်သူဘာညာဆိုပြီးတော့ ထွက်လာမှာ မဟုတ်ဘူး၊ အရင် (ကစထ) မှူးဟောင်းတွေ နားတယ် ဆိုပေမယ့် နိုင်ငံတော် ကောင်စီထဲမှာ ဆက်ရှိနေအုံးမယ်၊ ၂၀၁၀ ကျရင် နေရာယူမယ်လို့တော့ ခန့်မှန်းနေတာပဲ”ဟု ပြောသည်။
တိုင်းတပ်မအတွင်းရှိ စစ်ဦးစီးအရာရှိ ပထမတန်း အယောက် (၂၀) ခန့်မှာလည်း တိုင်းတပ်မ ဗျူဟာမှူး များအဖြစ် အပြောင်းအလဲများ ရှိမည်ဖြစ်သည်ဟု ၄င်းက ဆက်လက်ပြောဆိုခဲ့သည်။
ယခုအပြောင်းအလဲများနှင့် ပတ်သက်၍ တပ်တွင်းတင်းကြပ်နေသော ရာထူးနေရာ အများအပြား အပြောင်းအရွှေ့များ ဖြစ်ပေါ်လာသည့်အတွက် ရှေ့အလားအလာကို ခန့်မှန်းရ ခက်နေသေးပြီး အာဏာအရပ်ရပ်အား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဆက်လက်ထိမ်းနိုင်မည့် အခွင့်အလမ်း အချို့အတွက် စဉ်းစားစရာ ဖြစ်နေသည်ဟု အဆိုပါ စစ်ဘက်အရာရှိက ပြောဆိုသွားခဲ့သည်။
သတင်း - ဗထူး (ရိုးမ ၃)၊ ဇွန် ၂၂-၂၀၀၈
Friday, June 20, 2008
Thursday, June 19, 2008
ကိုရီးယားကပို့ တဲ့ကဗျာ
B
မီးပန်းကငှက်ငယ်ထက်မြင့်
အဲဒီညပေါ့….
လေတချက်အငိုက်….
မီးပန်းတွေရွက်တိုက်တော့,
မှောင်မိုက်ညရဲ့ခန္ဓာ
မျက်ဝန်းထဲ
လောင်ကျွမ်းသွားရှာတယ်……
အောင်းမေ့ဖွယ်သီချင်းနဲ့အတူ
နှလုံးသားကခေါင်းလောင်းသံ
အတွင်းဒါဏ်ဖြစ်နေတဲ့
ကလေးရဲ့လက်ပေါ်ကစလို့
သင်းသတ်မရအောင်လောင်မြိုက်
တဖြစ်ဖြစ်မီးတိုက် တွေ
စီးလာရာမီးလမ်း
အနောက်ဘင်္ဂလားမှသည်,
မမွေးသေးသောမြို့သစ်များဆီသို့………
ကမ္ဘာမြေရဲ့မျိုးစေ့
ပန်းများ,သစ်သီးဝလံများ,
အိပ်မက်များ
နက် ရှိုင်းစွာစကားပြောကြ…
သီချင်းဆိုကြ,
လေးလံတဲ့အရာတွေ လှုပ်ခါချလို့……
မီးပန်းဟာ,
ငှက်တကောင်ထက်အမြင့်ပျံတယ်….
တခု သောဖယောင်းတိုင်မီး
တခု သောကမ္ဘာကြီးဆီသို့
ပွင့်လင်းသော,လွတ်လပ် သော..
ငြိမ်းချမ်းသော,ခိုင်မာသော
ချစ်ခြင်းများရှိသည့်အရပ်ဆီ…….
အားလုံးမြောက်တင်ပစ်သည့် မီးပန်းများ,
မီးစများ,မီးပေါက်များ ..
စုဆုံ ကြသည့်တနေ့အခါ…
မီးတောင်ထက်ပေါက်ကွဲမှုအားပြင်းထန်သော,
မီးပန်းငယ်ဟာ
ငှက်တကောင်ထက်အမြင့်ပျံတယ်………
ဘဆောလ် ဟီ သည် ၁၉၆၄ ခုနှစ် ဂါန်ဝမ်ဒို ဆိုဂ်ချိုတွင် မွေးဖွားပြီး ဆောင်ရှင်း အမျိုးသမီး တက္ကသိုလ်တွင် ကိုရီးယားဘာသာရပ်ဖြင့် ဘွဲ့ရရှိပြီး ဟန်ရှင်း တက္ကသိုလ်တွင် စာပေဖန်းတီးရေး ဘွဲ့လွန်ကျောင်း အောင်မြင့်ခဲ့ပါသည်၊ ၂၀၀၃ ခုနှစ်တွင် ကဗျာဆရာ ဆုရရှိခဲ့ပြီး ကဗျာများ ဆက်လက်ရေးသားလျက်ရှိပါသည်၊
ဇော်မိုးအောင်တိုက်ရိုက်ဘာသာပြန်ကာတာရာမင်းခိုက်ဆီ လျှော်အောင်သီဖွဲ့သည်.
Sunday, June 15, 2008
Monday, June 9, 2008
Friday, June 6, 2008
ကိုရီးယားက ပို့ တဲ့ကဗျာ
B
တစ်သားထဲဖြစ်သွားသော လမ်းပေါ်ကလူများ
နက်မှောင်တဲ့ လှိုင်းဟာ
မညီညာတဲ့ 
တောင်တွေကိုဖြတ်ကျော်
ထိန်းချူပ်ခံအိမ်တလုံးမှာ
ရာသီပေါင်းများစွာ
ကြေကွဲနေတဲ့ အမျိုးသမီးအတွက်
အကြင်နာကင်းအောင် လှတဲ့
ဂွမ်ဂျူးရဲ့  နွေဦးကို
အပြစ်ဖွဲ့ မိတယ်
ပင်စည်မှ သစ်ကိုင်း
တိုးထွက်တဲ့  ရွက်ပွင့်တိုင်း
နေရောင်ကို အန်တု
အနီရောင် ကတ္တီပါထုဟာ
နွေဦးရောက်တိုင်း
ပန်းခြံမှာ ယောင်ကိုင်းလာတယ်
နွေဦးရေ
တောက်ပြောင်တဲ့မျက်လုံးပိုင်ရှင်
ကလေးများ
သန့် စင်လှပတဲ့  နံနက်ခင်းကို
လွတ်လပ်စွာ ပွေ့ ဖက်နိုင်မယ်ဆို
တပိုင် တနိုင် လက်ဆုပ်နဲ့ 
ကယ်တင်ခြင်းပေးတဲ့ အမေတို့ 
ပြိုကျခဲ့ပေါ့ ခန္ဓာ
သေနတ်တည့်တည့်ကို
ချိန်ထားတဲ့ နှလုံးသားများ
အား……………………………..
ဂီးနာမ် ရဲ့ နွေဦးဟာ
ပူလောင်လှချည်ရဲ့
အောက်မေ့ဖွယ် မှတ်တိုင်က
ချိုမြန်တဲ့ မွှေးရနံ့ တွေ
အိမ်မက်ထိုင်ခုံ
ကိုယ်ပိုင် ယက်လုပ်ဖို့ 
ညနက်နက်ထဲမှာ
ငါတို့ ဟာ
မှောင်နေသေးတဲ့ ကြယ်
အသက်ဝအောင်ရှုရင်း
မတော်တဆရကြမယ်
ဒို့ ညီအကိုတွေရဲ့  အိပ်ကပ်မှာ
ဆိုးရွားတဲ့ အနံ့ အသက်
ဝန်းကျင်ကို ပျံ ထွက်ပေမဲ့ 
အစဉ်အလာ အတိုင်းပေါ့
အညိုရောင် ကြွက်သားနဲ့ 
ငါတို့ မြေကိုထိန်းသိမ်းကြ
ရေနံတူးစင်က ထွက်လာတဲ့ သွေးမည်း
ခေတ်သစ်ဓနရှင်ရဲ့
ကားလုပ်ငန်းထဲကို စီးဝင်
ဂွမ်ဂျူးရဲ့  အတိတ်နဲ့ 
သင်္ချိုင်းက ပုံရိပ်တွေ
အခြားနည်းလမ်းနဲ့ 
အခြားတစ်နေရာ
ပုံစံတူ အဖြစ်အပျက်
ရုပ်ပုံတွေ ဆွဲကိုင်
အလံကို ထိုးစိုက်
စာသင်ခန်းကို
သူငယ်တို့  ပစ်ပယ်ကြ
အနီရောင်ပင်လယ် သံဃာတွေ
မေတ္တာရပ် ခံနေတဲ ဘိက္ခူနီတွေ
ထွန်တုံးကိုပစ်ချခဲ့  တောင်သူတွေ
အားလုံးဟာ
မတရားမှုကို
ငတ်မွတ်ခြင်းလို စက်ဆုပ်ကြ
လေသန့် သန့် ရှု ဖို့ 
အထက်အမြင့်ကို တက်တိုင်း
ရက်စက်တဲ့ ရင်းနှီးမှု
ပုခုံးတွေကို နင်းချေပြုရတယ်
ဒီမှာ…
သန့် စင်တဲ့  အာရုံသစ်
လက်မောင်းခြင်းယှဉ်ပြီးဖွင့်လှစ်ရအောင်
အချိန်ဟာ ရက်စက်တိုတောင်း
သေချာတာ
တစ်ယောက်မှာ အသက်တစ်ချောင်း
ဘယ်တောင် ဘယ်လောက် မြင့်မလဲ
ငါတို့ ရဲ ရဲ ဖြတ်ကျော်
လှိုင်းကြမ်း လှိုင်းရမ်း
ငါတို့ လက်ကို
မလွှမ်းနိုင်ဘူး
အမှောင်ဖုံးတဲ့ မျက်လုံး
မှားယွင်းမှုနှုန်းတွေ မတိုးခင်
နောက်တစ်ကြိမ်ထပ်ဖွင့်
စွမ်းအားသစ် ရွှက်လွင့်စမ်း
မြန်မာအပေါင်းတို့ …
ငါတို့ ရဲ့ မြေကမ္ဘာ
ဘယ်သူတွေ သင်းသတ်မလဲ
ယုံကြည် မှုတိုင်းဟာ အသစ်
ပိတ်ဆို့ မရတာ နွေဦးစစ်စစ်
မပြီးသေးတဲ့  ပန်းချီကား
မဲနက်တဲ့ လှိုင်းတွေကို ကျော်ဖြတ်
မြင့်မားတဲ့ တောင်တွေကို ဖြတ်ကျော်
ငါတို့ ဟာ
တစ်သားထဲ ဖြစ်တဲ့အခါ
သန့် စင်လှပတဲ့  နွေဦးဟာ
ရင်ဘတ်ထဲက နောက်ဆုံးစေတနာ…
၁၉၈၀ ခုနှစ် မေလ ၁၈ ရက်နေ့ ဂွာန်ဂျူ အရေးအခင်းစတင်ပြီး ဂွာန်ဂျူ မြို့နယ် ကောင်စီရုံးရှေ့တွင် စစ်ဗိုလ်ချုပ် ဂျွန်ဒူဝမ် (ချာန်ဒူဝမ်) က ခိုင်းစေသော စစ်တပ်က ကိုရီးယား ကျောင်းသား ပြည်သူများ မတရား ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသော သွေးမြေကျခဲ့ရသောဂီးနမ်လမ်းမကြီးကို ဖော်ပြခြင်းဖြစ်သည်၊
ကဗျာဆရာ ဘဂ် မုဂုသည် ဂွာန်ဂျူ အရေးအခင်းတွင် ဂျွန်နမ် တက္ကသိုလ် အင်္ဂလိပ်ဘာသာရပ်နှင့် ဟန်ညမ်း တက္ကသိုလ်၌ကိုရီးယားဘာသာရပ် (ဘွဲ့လွန်) တို့ဖြင့် ဘွဲ့ရရှိခဲ့ပါသည်၊ ၁၉၇၇ ခုနှစ်မှ စတင်၍ ကဗျာကို စတင်ရေးသားခဲ့ပါသည်၊ ကိုရီးယားစာပေဝေဖန်မူ အကောင်းဆုံး ဆုတံဆိပ် ရရှိခဲ့ပါသည်၊
ဘာသာပြန် - ဇော်မိုးအောင် (လွတ်မြောက်နယ်မြေ)
ကိုရီးယားစာသားပြင် - တာရာ မင်းခိုက်
Friday, May 23, 2008
နာဂစ်အလွန်၊ ဖက်ဆစ်မုန်တိုင်းကဗျာ
B
ပြည်သူ့အသက်တွေ အလျော်ပြန်ပေး
(ရဲရင့်သက်ဇွဲ)
သမ္မာကျမ်းစာပါ
ကမ္ဘာပျက်တဲ့နေ့ဟာ
နာဂစ်နဲ့အတူရောက်လာတယ်
နာဂစ်ပြန်တော့ ကျန်ရစ်တယ် .. ။
ကြမ်းကြား လေကြား
မုန်တိုင်းသတိပေးချက်ဟာ
(ဘုရားစူးရပါစေရဲ့)
ဝတ်ကျေတန်းကျေ နိုင်လွန်းလှတယ် .. ။
ဥမကွဲ သိုက်မပျက်
နေထိုင်လာတဲ့နှစ်များစွာ
တိုက်ခတ်လာတဲ့မုန်တိုင်းများစွာ
ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ခဲ့ပါရဲ့ ..
အခုတော့
ဥကွဲ သိုက်ပျက်
နာဂစ်ရဲ့ရိုက်ချက်ထက်
စစ်အုပ်စုရဲ့ ရိုက်ချက်ကပြင်းလွန်းတယ် .. ။
သဘာဝဘေးအန္တရာယ်
ဘယ်သူမှတားဆီးမရနိုင်ပေမယ့်
ကြိုတင်သတိပေး တပ်လှန့်နှိုးဆော်
အချိန်ဆိုတဲ့ တန်ခိုးတော်က
လူ့အသက်ပေါင်းများစွာကို
ကယ်တင်ပေးနိုင်လိမ့်မယ် .. ။
အကြင်နာကင်းမဲ့တဲ့နှလုံးသား
ဇိန္နမာန ဥာဏ်နဲ့ အုပ်စိုးသူတို့လက်အောက်က
ပြည်သူတို့ရဲ့အသံ
အမေရိကန်လာပါ ..
အင်္ဂလန်လာပါ ..
ပြင်သစ်လာပါ ..
ကူညီနိုင်စွမ်းရှိတဲ့ သူမှန်သမျှလာပါ ..
ကူကယ်ရာမဲ့သူတို့ရဲ့ မျှော်လင့်ချက်ဟာ
ကောက်ရိုးတမျှင်ပဲပေါ့ ..။
အစားအစာပေးပါ
သောက်စရာ ရေပေးပါ ..
အ၀တ်အထည်ပေးပါ ..
နေစရာ နေရာပေးပါ ..
အသံလှိုင်းတို့ရဲ့ ပဲ့တင်ရိုက်ခတ်သံများ
စစ်အုပ်စုမှာ နားမရှိရှာ
ပြည်သူလူထုရဲ့ ဒုက္ခထက်
သူတို့ရဲ့ အာဏာလက်မလျွှတ်ရေးဒုက္ခက
ပိုပြီးကြီးမား
အတ္တလောက်တွေ တဖွားဖွားနဲ့ပေါ့ .. ။
ဒါကြောင့်
ဘုရားသခင်ထံပါး
ကျက်သရေယုတ်သူများအား စွဲချက်တင်လိုက်တယ် .. ။
"အို ဘုရားသခင်
လူပေါင်းများစွာ သေကြရတယ်
မုန်တိုင်းကြောင့်မဟုတ်
စစ်အုပ်စုကြောင့်သာဖြစ်တယ် .. ။
လူပေါင်းများစွာ ဒုက္ခနဲ့ကြုံရတယ်
မုန်တိုင်းကြောင့်မဟုတ်
စစ်အုပ်စုကြောင့်သာဖြစ်တယ် .. ။
လူပေါင်းများစွာ ဒုက္ခတွင်းထဲမှာ
ထပ်ပြီးတော့ အသက်ဆုံးရှုံးရဦးမယ်
မုန်တိုင်းကြောင့်မဟုတ်
စစ်အုပ်စုကြောင့်သာဖြစ်တယ် ..
စစ်အုပ်စုကြောင့်သာဖြစ်တယ် ..
စစ်အုပ်စုကြောင့်သာဖြစ်တယ် ..
စစ်အုပ်စုကြောင့်သာဖြစ်တယ် .. ။
အို ဘုရားသခင်
ရက်စက်ယုတ်မာသော
နှလုံးသားရှိသူတို့သက်တမ်းကား
ရှည်လျားလွန်းလှ ..
ဖြူစင်ရိုးသားသော
အပြစ်မဲ့ပြည်သူတို့.သက်တမ်းကား
တိုတောင်းလှချေ… ။
တရားသဖြင့် မျှတသောစီမံမှုကို ပေးတော်မူပါ .. ။
စစ်အုပ်စုကျဆုံးပါစေ ..
ပြည်သူလူထု လွတ်မြောက်ပါစေ …
Thursday, May 22, 2008
Wednesday, May 21, 2008
မဲဆောက်ကပို့ တဲ့ကဗျာများ
B
(1) သွေးရဲတဲ့ ပန်းတစ်ပွင့်
အသွေးအရောင် ကောင်းကောင်းနဲ့
ဓါးတစ်ချောင်းရဲ့ပန်းပွင့်
ခွေးလေခွေးလွင့်တွေ ၀ိုင်းကိုက်တယ်...။
ပန်းတစ်ပွင့်ကတော့..
မြင့်သထက်မြင့်လို့
တင့်တယ်ခြင်းတွေ
ခညောင်းညွှတ်ဆင်း
ခွေးအိုကြီးတွေအတွက်
ကြောက်လန့်ခြင်းကိုဖြစ်စေတယ်.....။
မနလေးကြိုးကြီးချိတ်နဲ့
ပန်းတစ်ပွင့်ကို
သေနတ်ခါးချိတ်တဲ့လူတွေ
အသေကြောက်တယ်......။
သူမ.......
လှပတယ်
ရဲရင့်တယ်
တင့်တယ်တယ်
မြင့်မြတ်တယ်
နူးညံ့စွာ မာကြောလှတယ်...။
ပန်းတစ်ပွင့်မှာ...
ရန်သူတွေများတယ်...
သူတို့က
ရာဇ၀င်တစ်ခုကို
အကျဉ်းချထားရင် ရလိမ့်မယ်လို့
ဥာဏ်နုံ့စွာနဲ့ယုံကြည်တယ်
ဒါကြောင့်လည်း.....
မျက်မမြင်ပုဏ္ဏားတွေ အခါပေးသမျှ
တိုင်းပြည်တစ်ခုလုံး ချေမွခံခဲ့ရတယ်...။
ပန်းတစ်ပွင့်က...
စာတတ်တယ်....
ကမ္ဘာ့စာပေတွေဖတ်တယ်
ပြည်သူတွေရဲ့ရင်ဘတ်ကိုဖတ်တယ်..
သူတို့က...
ရှေ့ဖြစ်နောက်ဖြစ်ဖတ်တယ်
ဗေဒင်ဖတ်တယ်....
ပန်းတစ်ပွင့်က..
ပညာဥာဏ်ကို အခြေပြုတယ်
သူတို့က ယတြာကို လု`ချေနေကြတယ် ....
ဒါနဲ့များ...
တိုင်းပြည်ကောင်းစားအောင်
သူတို့မှဘဲ လုပ်နိုင်မတဲ့လေ....။
ပန်းတစ်ပွင့်......
ပန်းတစ်ပွင့်ရဲ့တင့်တယ်ခြင်း
ကျေနပ်ခြင်းများနဲ့လက်ခံပါတယ်
ပြည်သူတွေ အတွေးနဲ့
အားလုံးရဲ့ရှေ့ရေးမှာ
လေးသိန်းကျော် လူ့အနတွေရဲ့ဦးခေါင်းထက်
ပန်းတစ်ပွင့်က နေရာယူထားလျှက်ပါ....။
ပန်းတစ်ပွင့်...
ရဲရင့်စွာ ပွင်းလန်းသမျှလည်း
ကမ္ဘာက လက်ခံတယ်.....။
..........
ပန်းတစ်ပွင့်ပါ
မျိုးရိုးမှန်တယ်
မျိုးရိုးကောင်းတယ်....
အသွေးမှန်တယ်
အရောင်ကောင်းတယ်.....
ဒါကြောင့်......
မြန်မာပြည် ရာဇ၀င်မှာ....
သွေးရဲရဲနဲ့ပွင့်ခဲ့တယ်...။ ။
NZ
(2) သွေးသစ်ခွပ်ဒေါင်း
သွေးရဲရဲ မုန်တိုင်းလားဟေ့
စစ်ခွေးနဲ့ ယမ်းငွေ့ကြား...
အားမာန်ပြင်းပြင်း
ဒေါင်းအလံလွှင့်ရင်း
သွေးလက်ခမောင်းခတ်
မတ်တတ်သေချင်သေ..
ငါ့ ဒါဏ်ရာတွေအတွက်...
မျက်ရည်မထွက်နဲ့...
လူသာသေမယ်...
သွေးမသေဘူး
တွေမနေနဲ့ရဲဘော်
မောနေသလား
အားနည်းတဲ့အခါ...
ရေဆာတဲ့အခါ...
ငါ့သွေးကိုသောက်လေ
ငါသေမှာ စိတ်မပူနဲ့
ငါ့သွေးနဲ့အားကိုဆက်
မျိုးဆက်သစ်တွေကြား
ဒေါင်းဆိုတာ ၀ံ့ကြွားနေရမယ်
သူငယ်ချင်း..
ပြည်သူတွေ ငိုနေပြီလေ...
ခွပ်ဒေါင်းတွေ သေရဲရမှာပေါ့...။
ဒေါင်းကွင်း-၁
တော်ရာမှာနေစမ်း
လူသွမ်းတို့ရယ်။
ချောင်ထဲမှာ အသာငြိမ်ကာ
ကလိန်တဲ့ ဥာဏ်
မြောင်းထဲကဟန်နဲ့ 
ရန်စောင်ကာ blog တကာ
လျှောက်မရေးနဲ့
ဒီကွင်းက မင်းတို့အတွက်ကွဲ့။
အမြင်တွေစောင်းနေရင်
ဒေါင်းကွင်းကို ဖြတ်ခဲ့
အပေါင်းအသင်းတို့
မြောင်းတွင်းက အော်မနေနဲ့။
မြွေ၊ဖားတွေနဲ့တကွ
အဲဗျ၊ တိုက်ကြက်လို့လည်း
ဆိုကြတယ် ..
ယှဉ်သာမယ်ထင်လား
အစဉ်အလာကို
ပြန်ပြောင်းကြည့်
ခွပ်ဒေါင်းကို နိုင်ရိုးမရှိကွဲ့။
ပလီပလာနဲ့
မသတီစရာစကားတွေ
ငါတို့မကြားလို၊
သမိုင်းဖျက်ချင်တဲ့
သရဲ၊ သဘက် ရွာနာတွေ
ညှာတာမယ်မထင်နဲ့
မြင်သာအောင်ဝင်ခဲ့ကြ။
ဗျောက်သောက်ဖြစ်နေတဲ့
ဦးနှောက်ကို
ဖောက်သောက်ပစ်လိုက်မယ်။
ဒေါင်းနေရာသန့်သန့်ရှင်းရှင်းကို
မြောင်းတကာ
နင်းနေတဲ့ကောင်တွေ
ပုတ်ဟောင်နေတဲ့
ခွေးသေကောင်စတိုင်နဲ့ 
ယောင်တောင်တောင်
လာမရှုပ်နဲ့
ဒို့မှာ chat စောင့်ရှိတယ်ကွဲ့။
အစဉ်အလာသမိုင်းကို
ရာဇ၀င်ရိုင်းအောင် မရူးကြနဲ့
ကိုယ်တိုင်ရေးသမိုင်းကိုင်ပြီး
ခပ်ချာချာဦးနှောက်နဲ့
ရှင်းဝံ့ရင်လာခဲ့ကြ
ဒေါင်းကွင်းကလူတွေဆိုတာ
မြောင်းတွင်းက
မင်းတို့အသင်းအပင်းတွေလို
ခေါင်းအတွင်းထဲ ..
ဘာမှမရှိတဲ့ကောင်တွေ
မဟုတ်ဘူးဟေ့။
ဒေါင်းနဲ့ ဒဲ့တိုးခွပ်ချင်တဲ့
မျိုးမစစ်တိုက်ကြက်ချာချာတွေ
သံချပ်ကာဝတ်ပြီး
တက်လာခဲ့ဟေ့
ဒေါင်းအလံအောက်မှာ
မြေကမ္ဘာကိုတောင်
ပြောင်းပြန်လှန်မယ့်
ကဒေါင်းနဲ့ခွပ်ဒေါင်း
နှစ်မျိုးစလုံးစောင့်နေတယ်။
နေနတ်နွယ်
(3)ဒေါင်းကွင်း-၂
ခွပ်ဒေါင်းတွေ
တောင်ပံခတ်ရင်....
ဝေဟင်မှာဠင်းတ မ၀ဲရဲပေဘူး...
ထဲထဲဝင်ဝင်
ခွပ်လက်ပြင်တော့...
အမိုက်အမဲတွေသွေးပျက်....
ဘေးထွက်ပြီးငိုတယ်ထင်...
ဟောဒီ လောကီမှာ.....စ.ဓ.ဗ.ဝ
"စမ" လေးလုံး....
မသိရင်လူဖြစ်ရှုံးတယ်.....
"ဓ" ဆိုတာ ဘယ်မှာလဲ....
ဥာဏ်နည်းသူမသိ...
ဒေါင်းမြီးမှာဘဲရှိတယ်ဟေ့။
(Nz)
(4) ကျွန်တော်တို့ရဲ့အိမ်
ကျွန်တော်တို့ရဲ့အိမ်စုတ်လေးပါ...
ရှိုက်ငိုသံတွေ ကာရံထားတယ်
စိတ်ထွက်ပေါက်တွေ မဲ့နေတယ်.....
အဖြစ်မိုးထားတဲ့......
ရိသဲ့သဲ့ ဖက်ရွက်တွေကြားက
မိုးရွာရင်တောင် .....
သွေးစက်တွေဘဲယိုကျတယ်...။
အမှောင့်ပယောဂ လက်တံရှည်တွေကလည်း
အိမ်တစ်ခုလုံးကို ရစ်ပါတ်လို့ ....။
တစ်ခါတစ်ရံ....
အိမ်စုတ်လေးထဲက....
စကားသံ.....ဒါမှမဟုတ်
ငိုငြီးသံ ထွက်တဲ့အခါ.....
ဘေးအိမ်တွေ မကြားစေဘို့
အထဲကလူတွေ.....
တစ်ခုခုတော့ လုပ်လိုက်တယ်....။
အိမ်စုတ်လေးထဲက
မည်ကာမတ္တ ဆီမီးရောင်ကလည်း
ဘာကိုမှ ရဲရဲမကြည့်ရဲအောင်
အားငယ်နေရှာတယ်။
...........
ဒီအိမ်ထဲမှာဘဲ မွေးခဲ့ကြတာပါ
ဒီအိမ်ထဲမှာဘဲ သေကြရမှာပါ...
သူစိမ်းတွေလာမသတ်ပါဘူး
ဒီအိမ်ထဲကဘဲ နှိပ်စက်လို့ သေကြရမှာပါ..။
တစ်ချို့အိမ်တွေများ..
အိမ်အောက်က ရွှေအိုးတွေ့ပေမယ့်
ဟောဒီအိမ်အောက်မှာတော့
ဒီအိမ်ကလူတွေရဲ့ အရိုးတွေ
လက်စဖျောက်ထားလေရဲ့ ...။
ငါ့ရဲ့အိမ်ကလေးပါ....
ငါတို့ရဲ့မွေးဖွားရာ အိမ်စုတ်လေးပါ
ငါတို့ရဲ့ အိမ်ကလေးပေါ့.......
ဝမ်းသာခြင်း မရှိတဲ့အိမ်....
အေးချမ်ခြင်း မရှိတဲ့အိမ်....
........
သစ္စာဖောက်တွေ လုယူထားတဲ့ အိမ်။ ။
NZ
(5) အသိခေါက်ခက် အ၀င်နက်
အကြောင်းတရားအမှန်ကို
သိနေပါရက်နဲ့များ
ခေါက်ဆွဲစားသလိုလို
ခက်ခဲမှုကို ဖြေရှင်းသလိုလို
အပိုစကားတွေ ခင်းပြ
ဝင်က`နေတဲ့ နေရာ
နက်ဖြန်ခါ ဆက်မြဲဘို့
သောကတွေကို ၀ိုင်းနင်းခြေ
မျက်ရည်တွေ ဘီယာနဲ့မျှောပြီး
ကန်းနေတဲ့
နှလုံးသားတွေနဲ့
လုံးဝလည်းမရှက်
သားကိုတောင် ချနင်းရက်မယ့်
ပိုင်ဆိုင်မှု ငတ်မွတ်သူတွေ
ရှင်နေစဉ်ကတည်းက ငရဲကျ
များလှတဲ့ ဘ၀တွေအတွက်
အားလုံးကိုပြောချင်တယ်
သမုဒယ သစ္စာတရား
နားလည်အောင်လုပ်ထား
သည်ဘ၀မှာကတည်းက ငရဲအိုးက လှုပ်နေပြီ....။
NZ
(6)ညဥ့်ပွဲခင်း
ဟက်တက်ငြီးငြီး ရယ်ဟီးသံတွေနဲ့
မသာမိတ်ကပ်တွေလိမ်းရင်း....
မကောင်းဆိုးဝါးတွေ တွန်ကြ....။
လူရိုးတွေ ပရမ်းပတာရိုက်လို့
စည်းဝါးလိုက်ရင်း.....
မိစ္ဆာဗုံတွေ တီးကြ...။
သွေးစုတ်ဖုတ် ပိတုန်းကောင်တွေကလည်း
နေရာအနှံ့ တ၀ီဝီခေါ်ရင်း တုတ်ကြ....။
နာနာဘာဝလည်း နာနာဘာဝလောက်
အစွမ်းတွေပြကြ....အခွင့်ရှိသမျှပေါ့...။
လောင်မီးကျ မြေပြင်မှာမှ
သဇင်ပန်းပန်ရင်းပြုံးချင်ရသေးသတဲ့...
သူတို့ရဲ့ညဥ့်တွေမှာပေါ့လေ....။
ပွဲမိန့်ပါမစ်ကလည်း .... သူ့လက်ထဲမှာဘဲကိုး..။
မသတီစရာ ဖန်ဆင်းမှုတွေထဲမှာ
မျက်စေ့လည်စရာ ကောင်းတဲ့အထဲ
တစ်ချို့က....
မျက်စေ့လည်ချင်ယောင်ဆောင်ရင်း.....ရူးနေကြ။
" လ " ကတော့မိုက်နေဆဲဘဲ....
ကြယ်ကြွေအချို့ရဲ့တိမ်မြုပ်မှုတွေနဲ့။
မာယာလမ်းတွေ ဖောက်တော့...
အာသာငမ်းငမ်း လမ်းလျှောက်ကြ..
ဖြတ်သွားသမျှလည်း
ဖမ်းစားလိုက်လို့ဖုတ်နာတွေ ကပ်နေကြ...။
အစွမ်းရှိသလောက်တော့ကကြမှာ...
တစ်ချို့ကလည်း ပွဲကောင်းသတဲ့လေ...
သေလိုက်ကြတာမှ..။
သွေးစုတ်လို့သေတဲ့အခါ
ဖုတ်သက်ပြန်ဝင်ရင်းဘဲ...
သွေးစုတ်တတ်သွားကြပြန်ရော...။
အင်း........
သူတို့ဆိုင်းချက်တွေ ပိုပြင်းလာတယ်
"က" ကွက်တွေ ဆန်းလာတယ်...
ပိုး ဖဲ စိန် ရွှေ တွေ ပိုဝတ်ပြလာတယ်
"က" ရင်း "ပြုံး"ရင်း...
သွေးပေတဲ့ အစွယ်တွေ ပိုရှည်လာတယ်..။
ရိုးမနားဆိုတော့....
တောနက်တယ် တောင်ထူတယ်...
အဲဒီရိုးမတောင်ကြားကဘဲ..
ပုဇွန်ဆီရောင် သန်းလာလိမ့်မယ်...
တို့လက်တွေသာ..သတိနဲ့ဆုပ်ကိုင်ထားပါ...
မိစ္ဆာတွေခင်းတဲ့ ပွဲခင်းဆိုတာ
နေမထွက်ခင်လေးဘဲစွမ်းတာ....
လှပ ခန့်ငြား ထယ်ဝါလိုက်တာလို့ ...
အူကြောင်ကြောင် မတွေးနဲ့...
မိုးလင်းတဲ့အခါ
"ကြပ်" ရွာဆိုတာ....
ပျဉ်းမနားဘက်မှာ ရှာတွေ့မှာကိုမဟုတ်တော့ဘူး...။
NZ
(7) ပွဲသိမ်း
သက္ကရာဇ်က ၂၀၀၈
စစ်မျက်နှာအသစ်ဖွင့်ရင်း
ရာဇ၀င်ရဲ့နုပျိုခြင်းက...
ခွပ်ဒေါင်းတွေအတွက်
ပဉ္စလက်ခွပ်လက်တွေ ..
ခပ်ရိုင်းရိုင်းသယ်ဆောင်လာ ...။
ဒီမှာ ....
ဇရာဆိုတာ ... ပလီပလာ
အာဏာနဲ့ ကွယ်လို့မရ
ယတြာနဲ့ ပယ်လို့မရ ...
သက်ပြင်းတွေချရင်း
သေမင်းကိုထွေခင်းလို့
ခင်ဗျားတို့အတွက် တနှစ်ချင်းတိုးဝင်နေ ...။
ပြီးတော့ ......
ကားဂိတ်တွေမှာ .. မှတ်တိုင်ရှိတယ်
သင်္ချိုင်းတွေမှာ မှတ်တိုင်ရှိတယ် ...
မြန်မာပြည်က ...... အာဏာရှင်မှတ်တိုင်
ခပ်ယိုင်ယိုင်ဆိုတာ .........
လူတိုင်းသိတယ်.......။
နုပျိုခြင်းနဲ့ ရင့်ရော်ခြင်း
ညီမျှခြင်းခင်းရင်....
ဘယ်သင်းက နိုင်မလဲဆိုတာ
ဗေဒင်မမေးနဲ့ ဗိုလ်သန်းရွှေ
ခင်ဗျား... သေဘို့ပြင်ထားပေါ့ ...။
အဟင်း ....
ခင်ဗျားတို့မွေးတဲ့စစ်သား
ခင်ဗျားတို့ခင်းတဲ့ဇာတ် ..
ပြည်သူတွေ သွေးတဲ့ဓါး
ပြည်သူတွေ ရှင်းတဲ့ဇာတ်ကို
ယောင်လို့များ.....
အခေါင်းလေး လှပ်မကြည့်နဲ့ ....
အာဏာရှင်တိုင်း နိုင်ပွဲမရှိတာ
ကမ္ဘာကသိတယ် ....။
ခင်ဗျားတို့မွေးတဲ့ စစ်သားပေါက်နဲ့
ပြည်သူကမွေးတဲ့ခွပ်ဒေါင်း
အားသစ်လောင်းရင်း ဆက်တိုက်မယ်
အမှန်တရားကတော့...
ကမ္ဘာ့အလယ်မှာ..
ခပ်ပြုံးပြုံးနဲ့ ကြည့်နေတယ်......။
Nz
ခေတ်
ခေတ်ကြီးကိုက…..
သိက္ခာတွေ ဇီးရိုးနဲ့
မိစ္ဆာတွေကြီးစိုးတဲ့ခေတ်။
ကမ္ဘာမှာ ဘိတ်ဆုံးနဲ့
အရာရာ ဆိတ်သုဉ်းတဲ့ခေတ်။
ပြက်လုံးတွေကို
အရှက်မဲ့ဆိုပြပြီး
သေနတ်နဲ့ ဗိုလ်ကျတဲ့ခေတ်။
ခွပ်ဒေါင်းတွေပြေးတဲ့လမ်းမှာ
သွေးတွေ စေးထန်းနေတဲ့ခေတ်။
သမင်မွေးရင်း ကျားစားရင်းနဲ့
ကြယ်တွေ မျိုးတုံးတဲ့ခေတ်။
ကိုယ့်တအိမ်လုံးမီးလောင်နေတာတောင်
မမြင်ချင်ယောင်ဆောင်ထားရတဲ့ခေတ်။
အသည်းငယ်တဲ့ လိပ်ကလေးလို
ကိုယ့် အတ္တအခွံလေးထဲမှာ
ခေါင်းလေးတဲ့ အသာဝှက်ထားရတဲ့ခေတ်။
ငါတို့အားလုံး
စားဝတ်နေရေးဆိုတဲ့ မြစ်ထဲမှာ
ရေနစ်နေရတဲ့ခေတ်။
ကောင်းကင်ကို
(8) အိုင်တီခေတ်
နအဖကကြွေးကြော်တယ်....
အိုင်တီခေတ်...တဲ့။
တကယ်ဆို...
အရိုးခေါက်ခက်ကြားမှာ
ဦးနှောက်အသား ရှိတယ်ပဲထားပါဦး..
အသိခေါက်ခက်ဖြစ်နေတာက
ပြည့်တန်ဆာမ လူရုပ်မပေါ်သလို...။
နံရိုးတွေကြားမှာ နှလုံးသားမရှိမှတော့
ကိုယ်ချင်းစာတရားဟာ
ကာရာအိုကေ ပန်းကုံးတွေကြားမှာဘဲ
မြှုပ်နှံထားကြလေရဲ့....။
သူတို့နဲ့အတူ......
နို့နှစ်ပေါ်က မလိုင်များလည်း
လက်ဝါးချင်းလည်း ရိုက်တတ်ကြတယ်
အပြုံးတုတွေ ချေးငှားကြတယ်
ဘဏ်စာရင်းတွေ ကုလားဖန်ထိုးကြတယ်
ဘာပြောပြောလေ...
ငတေတို့ကတော့ မျက်နှာမာတွေနဲ့ပေါ့..။
ကိုယ့်အသားထိမှ နာတတ်ကြသလား
ခင်ဗျားတို့အသားလေးတွေ..
ငွေကြာယံကို ခဏငှားပေးလိုက်ပါ
မဂ္ဂင်ကျောင်းကို ခဏငှားပေးလိုက်ပါ
လှိုင်သာယာကို ခဏငှားပေးလိုက်ပါ
တောရွာတွေကိုခဏငှားပေးလိုက်ပါ
ရွာရှောင်တွေကို ခဏငှားပေးလိုက်ပါ
........ ..... ကို
......... ..... ကို
ခဏငှားပေးလိုက်ပါ...။
ပြောကြည့်တာပါလေ....
တစ်ကယ်တော့လည်း
ဘုရားရှင် ပြုံးခဲ့တဲ့ `တီ´ထွေးလုံးကြီးဟာ
မြန်မာပြည်မှာ အုပ်စိုးခဲ့တာ..
ကြာလှပြီပေါ့......။
NZ
လွတ်လပ်ခြင်းအတွက်တိုက်ပွဲဝင်နေ














































Please use your liberty to promote ours.
