FREEDOM FIGHTER FOR BURMA
ငါတို့အားလုံးရဲ့အမေ ပြန်လာပြီ

Wednesday, February 3, 2010

B

၈၂ ကြိမ်မြောက် အော်စကာဆုပေးပွဲ - ဇကာတင်သူများစာရင်းတွင် BURMA VJ ဘားမားဗီဂျေ ပါဝင်
ကိုးကား - အေပီသတင်း
ဖေဖော်ဝါရီ ၂၊ ၂၀၁၀

၀၀၉ ခုနှစ်အတွက် ကျင်းပမည့် ၈၂ ကြိမ်မြောက် အော်စကာဆုပေးပွဲအတွက် နောက်ဆုံးဇကာတင်သူများ (ဆုစာရင်းတင်သွင်းခံရသူများ၊ ဇာတ်ကားများ) တွင် မြန်မာပြည် ၂၀၀၇ သံဃာ့အရေးတော်ပုံအကြောင်း မှတ်တမ်းတင်ရုပ်ရှင် “ဘားမားဗီဂျေ” က မှတ်တမ်းတင်ရုပ်ရှင်ကား အမျိုးအစား အော်စကာဇကာတင် ၅ ငါးတွင် တကားအဖြစ် စာရင်းတင်သွင်းခြင်း ခံထားရသည်။
အခြားဇကာတင် ၄ကားမှာ - The Cove - ဂျပန်နိုင်ငံအခြေပြု တိရစ္ဆာန်ညှင်းပန်းမှုများ မှတ်တမ်းတင်ကားFood Inc - အမေရိကန်အခြေပြု စားသောက်ကုန်ကုမ္ပဏီကြီးများ၏ လက်ဝါးကြီးအုပ်မှု မှတ်တမ်းတင်ကား၊ The Most Dangerous Man in America: Daniel Ellsberg and the Pentagon Papers အမေရိကန်အခြေပြု၊ သမ္မတနစ်ဆင်လက်ထက် ပင်တဂွန်စစ်ဌာချုပ်နှင့် ဗီယက်နမ်စစ်ပွဲ အရှုပ်တော်ပုံ မှတ်တမ်းတင်ကား၊ နှင့် Which Way Home - မက္ကစီကိုနှင့် အမေရိကန်အခြေပြု မက္ကစီကန်ကလေးငယ်တို့ အမေရိကန်ပြည်တွင်းသို့ ပြောင်းရွှေ့အခြေချရန် ကြိုးစားကြပုံ မှတ်တမ်းတင်ကား တို့ ဖြစ်ကြသည်။
မိုးမခစာဖတ်သူတဦးအဆိုအရ - ၂၁ ရာစုရဲ့ အထူးခြားဆုံး၊ လူမဆန်ဆုံး၊ အာဏာရှင်နိုင်ငံတခုရဲ့ ဖိနှိပ်ညှင်းပန်းမှုကို ဖွဲ့ဆိုမှတ်တမ်းတင်တဲ့ ဘားမားဗီဂျေ ဇာတ်ကားသာလျင် ယခုနှစ် အော်စကာဆု ရသင့်ပါတယ် လို့ ပြောသွားပါတယ်။ ကျန်တဲ့ကားတွေကတော့ အားလုံးသိကြတဲ့ ၂၀ ရာစုနှစ်ကတည်းက မှတ်တမ်းတွေ ဖြစ်လို့ပါ။ ဘားမားဗီဂျေကတော့ ၂၁ ရာစုနှစ်အတွက် မြန်မာပြည်စစ်အစိုးရအတွက် ထင်ရှားတဲ့ သမိုင်းအမည်းစက်ကြီး ဖြစ်ပါတယ် လို့ ဆိုလိုက်ပါတယ်။


မိုးမခမှကူးယူဖော်ပြသည်

No comments:

/* EOT ----------------------------------------- */