
မိတ်ဆွေများခင်ဗျား
နစ်နေမန်ဘလော့ဂ်မှာ ဖေါ်ပြထားတဲ့ ယူအန်နဲ့ အမေရိကန်တို့လက်အောက်က မြန်မာဒုက္ခသည်များအကြောင်းကို မြန်မာပြည်သူတွေ သိသင့်တယ်ထင်လို့ ပြန်လည်မျှဝေလိုက်ရပါတယ်။
အောက်ပါလင့်ခ်မှ တိုက်ရိုက်ဖတ်ရှုနိုင်ပါသည်။
Click Here
Saturday, January 30, 2010
ယူအန်နဲ့ အမေရိကန်တို့လက်အောက်က မြန်မာဒုက္ခသည်များအကြောင်း
Bနယ်ဆင်မန်ဒဲလ်လား၏ ခေါင်းဆောင်မှုအကြောင်း
B
ရဲဘော်တို့...။
လေ့လာရေးအတွက် နယ်ဆင်မန်ဒဲလ်လား၏ ခေါင်းဆောင်မှုအကြောင်းကို ကူးယူပေးပို့လိုက်ပါတယ် ။
လေးစားချစ်ခင်လျက်
ဇော်ကိုနိုင်
Sunday, January 24, 2010
ဒေၞအောင်ဆန်းစုကြည်ကိုနိုဝင်ဘာလမှာ လွှတ်ပေးမယ်လိုႛ ပြည်ထဲရေးဝန်ကြီး ပြောကြား
RFA သတင်း Click Here
2010-01-24
Saturday, January 16, 2010
မိတ်ဆွေတို့ အတွက်သိကောင်းစရာ
မိတ်ဆွေတို့ အတွက်သိကောင်းစရာ Website လေးတစ်ခုကိုပေးချင်ပါတယ်
အဲ့ဒီ Website မှာ ဘယ်နှစ်ခုနှစ်၊ ဘယ်နှစ်လ၊ ဘယ်နှစ်ရက်မှာ၊ ဘယ်လောက်ကြာမြင့်တယ်
ဘယ်နေမှာဆိုဖြစ်တာဆိုတဲ့ နေကြတ် လကြတ်တဲ့အကြောင်းများသိချင်ရင်တော့
အခုအောက်က လင့်(ခ်) လေးမှာသွားရောက်ကြည့်ရူ့ နိုင်ပါသည်။
Click Here
http://www.mreclipse.com/Special/SEnext.html
မြန်မာပြည်မှ နေကြတ်သည့် မြင်ကွင်း
15 January 2010
မြန်မာနိုင်ငံအပါအ၀င် အာရှဒေသတ၀ှမ်းမှာ အချိန်ကြာမြင့်စွာ နေကြတ်တာကို ဇန္န၀ါရီလ (၁၅) ရက်နေ့မှာ တွေ့မြင်လိုက်ကြရပါတယ်။ နေရဲ့ ရှေ့တည့်တည့်မှာ လကျရောက်ခဲ့တဲ့အတွက် နေရဲ့ အနားသတ်ဟာ လနောက်ခံနဲ့ တောက်ပ နေတာကို လူတွေ မြင်ခဲ့ကြခြင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံတ၀ှမ်း နေရာအသီးသီးမှာ မွန်းလွဲ (၁) နာရီခွဲလောက်ကနေ ညနေ (၄) နာရီလောက်အထိ တွေ့မြင်ခဲ့ကြရတာဖြစ်ပါတယ်။ ဒီလို (၂၁) ရာစုရဲ့ အချိန်အကြာဆုံး နေကြတ်မှုဖြစ်စဉ်ကို စိတ်ဝင်တစား စောင့်ကြည့်သူတွေထဲမှာ မြန်မာနိုင်ငံသားတွေအပြင် ကမ္ဘာလှည့်ခရီးသည်တွေလည်း ပါဝင်ကြပါတယ်။ အများစုက ခရမ်းလွန်ရောင်ခြည်ရဲ့ အန္တရယ်ကို ကာကွယ်ဖို့ နေကာနဲ့ ကြည့်ခဲ့ကြတာဖြစ်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ၀ိုင်းတော်သူ မသင်းသီရိက တင်ပြထားပါတယ်။
VOA မှကူးယူဖေါ်ပြသည်
ယနေ့ နေကြတ်မှု အပေါ် ရခိုင် ဝေဒနှင့် သမိုင်းသုတေသီ တဦး ဟောပြောချက်
1/15/2010
မောင်အေး(နိရဉ္စရာ) ယနေ့တွင် ဖြစ်ပေါ်ခဲ့သည့် နေကြတ်မှုနှင့် ပတ်သက်ပြီး ဘင်္ဂလာဒေ့ခ်ျနိုင်ငံ မဟားဇိုးမြို့ သံသီးရွာ ရခိုင်အမျိုးသား ကျောင်းတိုက်တွင် သီတင်းသုံး နေထိုင်မူသည့် ဝေဒနှင့် သမိုင်း သုတေသီ ပညာရှင် အရှင် ဣန္ဒာစက္ကကို နေရဉ္စရာမှ ဆက်သွယ်မေးမြန်းရာ အရှင်ဘုရားက အောက်ပါ အတိုင်း ဖြေဆိုထားပါသည်။
(၁) ဒီနေ့ နေကြတ်တဲ့ အပေါ် ဝေဒပညာအရ ဘယ်လိုမြင်ပါသလဲ အရှင်ဘုရား။
ခုလို ကောင်းကင်မှာ နေ၊ လ၊ နက္ခတ်၊ ဂြိုဟ်တာရာ၊ ဥက္ကာပျံခြင်း၊ တံခွန်ကျခြင်း နဲ့ နေကြတ်ခြင်း ဆိုတာတွေဟာ အတိတ်နိမိတ်အားဖြင့် ကောက်ရင် မကောင်းတဲ့ လက္ခဏာ ဖြစ်တယ်လို့ ပြောဆို ရမှာ ဖြစ်ပါတယ်။ ဒီဘင်္ဂလာဒေ့ခ်ျ နိုင်ငံမှာ နေထိုင်တဲ့ ဟိန္ဒီဘာသာဝင် တွေဆိုရင် နေမကြတ်မှီ ကတည်းက သူတို့ ထမင်းကို အပြီးစားထားကြတာကို တွေ့ရတယ်။ နေကြတ်ရင် သူတို့ ထမင်း မစားကြဘူး။ ဘာဖြစ်လို့ ဆိုတော့ မကောင်းတဲ့ သဘော ဖြစ်တယ်။ ဥပမာ အားဖြင့် ပြောရရင်လည်း မင်္ဂလာဆောင်တာတို့၊ အိမ်ဆောက်တာတို့ စတဲ့ မင်္ဂလာ အလုပ်တွေ ဆိုရင်လည်း နေကြတ်တဲ့နေ့ စပြီး ၇ ရက်ထိ နောက်ဆုတ်ပစ် ရတယ်လို့ ဆိုတယ်။ အတိတ်နိမိတ် မကောင်းလို့ ဆိုပါတယ်။ တဘက်မှာလည်း များသောအားဖြင့် တိုင်းပြည်မှာ မင်းအမတ် စစ်သူကြီးတွေ ပျက်တဲ့အခါ (သို့မဟုတ်) မင်းလောင်းတွေကို မွေးဖွားတဲ့ အခါမှာလည်း အခုလို နေကြတ်တာ လကြတ်တာတွေ ဖြစ်တတ်တယ်လို့ အဓိပ္ပါယ် ကောက်လို့ရပါတယ်။
(၂) ဒီကနေ့ နေကြတ်တာကို မြန်မာနိုင်ငံ အပါအ၀င် တချို့နိုင်ငံတွေကလည်း မြင်ရတဲ့အတွက် မြန်မာပြည်သူတွေ အတွက်ကကော ဘယ်လို သက်ရောက်မှုတွေ ရှိနိုင်ပါသလဲ အရှင်ဘုရား။
အခုနေကြတ်တာက စစ်တွေကနေ တရုတ်နယ်စပ်အထိ မြင်နေရတဲ့အတွက် မြန်မာပြည် သူ တွေကတော့ အစားအသောက်ရှားပါးမှု၊ ငတ်မွတ် ခေါင်းပါးမှုစတဲ့ အန္တရာယ်တွေနဲ့ ကြုံတွေ့ ရနိုင်တယ်။ နောက်ပြီး ကျန်းမာရေး အရလည်း အများနဲ့ သက်ဆိုင်တဲ့ ရောဂါဆိုးတွေကြောင့် ပြည်သူတွေကို ထိခိုက်မှုတွေ ရှိနိုင်တယ်။ အနာ ရောဂါ စတဲ့ ဘေးဆိုးတွေ ထူပြောမယ်လို့ ပြောမယ်ဆိုရင် ပြောလို့ ရနိုင်ပါတယ်။
(၃) ဒီကနေ့ နေကြတ်မှုနဲ့ ပတ်သတ်လို့ မြန်မာနိုင်ငံမှာ ပြောင်းအလဲတွေ ဖြစ်လာနိုင်တဲ့ အနေအထားတွေကို ရှိပါသလား အရှင်ဘုရား။
ဒီနေကြတ်တဲ့နေ့က စပြီး နောက် သုံးလေးလ အတွင်းမှာ ပြောင်းလဲမှုတွေ ဖြစ်နိုင်တယ်လို့ ယူဆပါတယ်။ တိုင်းပြည်မှာရှိတဲ့ မင်းတွေ ကုသိုလ်ကံ ကုန်လာတဲ့ အခါ၊ ကံဇာတာ ညံ့လာ တဲ့အခါ အခုလို နေကြတ်တာတို့ မြေငလျင် လူပ်တာတို့ ဖြစ်လေ့ ဖြစ်ထရှိပါတယ်။ အခု မြန်မာ နိုင်ငံမှာ ဆိုရင် နတ်တော်လတုန်းကလည်း မြေငလျင် လှုပ်ခဲ့တယ်။ အခု နေကြတ်တယ်။ နောက်ပြီး ဒီနှစ်က တန်ခူးလမှာ သင်္ကြန်မကျဘဲ ကဆုန်လမှာ လာပြီး သင်္ကြန်ကျတဲ့ အတွက် မြန်မာနိုင်ငံ အတွက် အပြောင်းအလဲ ရှိမယ်လို့ယူဆရပါတယ်။ ဂျပန် ဖက်ဆစ်တွေ မြန်မာနိုင်ငံက ထွက်သွားတဲ့ ၁၉၄၅ ခုနှစ်မှာလည်း သင်္ကြန်ဟာ တန်ခူးလမှာ မကျဘဲ ကဆုန်မှာ ကျပါတယ်။ ၁၉၄၈ ခုနှစ် ဗြိတိသျှတွေ မြန်မာနိုင်ငံက ထွက်သွားတဲ့ နှစ်မှာလည်း သင်္ကြန်ဟာ ကဆုန်လမှာ ကျပါတယ်။ ရှေ့က ဖြစ်ပျက်ခဲ့တဲ့ ဥပမာ တွေလည်း ရှိနေတယ်။ သီပေါမင်း ပါတော်မမူမှီ အချိန် ၁၈၈၅ ခု ဒီဇင်္ဘာ လ ၃၁ ရက်နေ့ နတ်တော် လဆန်း ၇ ရက်နေ့ မြေငလျင် လှုပ်တယ်။ မြေငလျင် လှုပ်ပြီး သိပ်မကြာခင် မှာဘဲ သီပေါမင်း ပါတော်မူတယ်လို့ စာပေ အထောက်အထားတွေ အရ တွေ့တယ်။ ဒါကြောင့် တိုင်းပြည်မှာ အုပ်ချုပ်သူတွေ အတိတ် နမိတ်မကောင်း ပျက်စီးနိင်တယ်လို့ ဟောနိုင်ပါတယ်။ ပြည်သူတွေ လွတ်လပ်မယ့် နှစ်လည်း ဖြစ်နိုင်ပါတယ်။
(၄) ဒီနေ့ နေကြတ်တာက ဘယ်ဘက်ကစပြီး ကြတ်တယ်လို့မြင်ရပါသလဲ။ ဒီလို အရှေ့ အနောက် ဘယ်ညာ ကြတ်တာတွေနဲ့ ပတ်သက်လို့ ဝေဒပညာမှာ ဘယ်လိုအယူ အဆတွေ ရှိပါလဲ အရှင်ဘုရား။
ဒီနေ့ နေကြတ်တာကို ဦးဇင်း ထွက်ကြည့် လိုက်တဲ့ အခါ ဒီနေ့ နေကြတ်တာကို နေအလတ် ကြတ်တယ်လို့ ခေါ်ပါတယ်။ အပြည့်ကြတ်တာ မဟုတ်ပါဘူး။ နေအ၀ိုင်းထဲမှာ အမဲကွက် တကွက် ပေါ်လာပြီး အဲဒီ အမဲကွက်ဟာ တဖြည်းဖြည်း ပျောက်ကွယ်သွားတယ်။ ဒါကြောင့် နေအလတ်ကြတ် တယ်လို့ဆိုပါတယ်။ နေအပြည့် ကြတ်တယ်ဆိုရင် အမှောင်ကျသွားမယ်။ ဒီလို ဖြစ်တဲ့အတွက် တိုင်းသူ ပြည်သားတွေဟာ ခုနက ပြောခဲ့သလို အနည်းအများ ဆင်းရဲဒုက္ခတွေ ကြုံတွေ့ရနိုင်တယ်။ အဓိကတော့ တိုင်းပြည်မှာ အုပ်ချုပ် မင်းလုပ် နေသူတွေကတော့ ဥပါဒ် ရောက်မဲ့ သဘောရှိပါတယ်။ နောက်ပြီး နေကြတ် တာကို မြန်မာပြည်က အဓိက မြင်ရတဲ့ အတွက် မြန်မာနိုင်ငံကို အုပ်ချုပ်နေတဲ့ စစ်အစိုးရ အတွက် အဓိက ထိခိုက်နိုင်တယ်လို့ မြင်ပါတယ်။
(၅) နေကြတ်တာနဲ့ ပတ်သက်လို့ မြန်မာ့ အတိုက်ခံတွေ ဘက်မှာရော ဘယ်လို ထိခိုက်မှုတွေ ရှိနိုင်ပါသလဲ ဘုရား ။
အတိုက်ခံတွေနဲ့ ပတ်သက်လို့တော့ ဒီနယ်စပ် ဒေသတွေမှာ ရှိတဲ့ လက်နက်ကိုင် အဖွဲ့တွေနဲ့ နအဖ စစ်တပ်တွေ အကြား တိုက်ခိုက်မှုတွေနဲ့ အတူ သွေးထွက် သံယိုမှုတွေ ဖြစ်နိုင်တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ နတ်တော်လမှာ မြေငလျင် လုပ်တာလည်း စစ်မက် ဖြစ်မယ်လို့ ပြတယ်။ ဂျပန်တွေကို မတော်လှန်မီကလည်း မြေငလျင် လှုပ်တယ်လို့ စာပေတွေမှာ ပြတယ်။ နောက်ပြီး အင်္ဂလိပ်တွေ မြန်မာနိုင်ငံက ထွက်မဲ့နှစ် ကလည်း မြေငလျင် လှုပ်တာတွေ ရှိတယ်။ အခု နေကြတ်တာနဲ့ ပတ်သတ်လို့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ အပြောင်းအလဲ ဖြစ်နိုင်ပါတယ်။ အဓိကတော့ စစ်မက်တွေလည်း ဖြစ်လာနိင်တယ်လို့ ပြောနိုင်ပါတယ်။ (ပြီး)
နိရဉ္စရာမှ ကူးယူဖေါ်ပြသည်
Tuesday, January 12, 2010
ကြေညာချက် အမှတ် ၁/၂၀၁၀ (မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး)
B
စာဖတ်ရန် ပုံပေါ်တွင် click လုပ်ပါ။
ပေးပို့ -မေတ္တာဖြင့်
( မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး )
Sunday, January 10, 2010
လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် “အောင်ဆန်းဦးကို သင်ခန်း စာပေးခြင်း” မြားပေါက်ပြိုင်ပွဲ SAW ကျောင်းတွင် ကျင်းပ (ရုပ်သံ)
B
ဦးအောင်ဆန်းဦးရေ ခင်ဗျား ကလေးတွေလောက်တောင်ဦးနှောက်မရှိလို့  ကလေးတွေကို ခင်ဗျား အလေးပြုသင့်တယ်။
(ဒေါက်တာလွဏ်းဆွေ ဘလော့ဘ်မှ)
Tuesday, January 5, 2010
နှစ်သစ်ကူးဆုတောင်း
အောင်ဝေး
(ဇန်န၀ါရီ ၅၊ ၂၀၁၀)
၂၀၁၀ သည်
မြစ်တစ်မြစ်ဖြစ်မယ်ဆိုရင်လည်း
ရေစီးသန်သောမြစ် ဖြစ်ပါစေ။
၂၀၁၀ သည်
မြင်းတစ်ကောင်ဖြစ်မယ်ဆိုရင်လည်း
ဒုန်းစိုင်းနေသောမြင်း ဖြစ်ပါစေ။
၂၀၁၀ သည်
မြားတစ်စင်းဖြစ်မယ်ဆိုရင်လည်း
ရန်သူရဲ့ ရင်အုံကို စူးဝင်ထွင်းဖောက်နိုင်သောမြား
ဖြစ်ပါစေသတည်း။ ။
(၂၀၁၀ လွတ်လပ်ရေးနေ့)
(မိုးမခ ဘလော့ဘ်မှ)
Sunday, January 3, 2010
Aung Way To Aung San Oo with Love
Bအောင်ဆန်းဦးသို့ အိတ်ဖွင့်ပေးစာ
ဗိုလ်ချုပ်၏ သားဦး
ဦးအောင်ဆန်းဦးခင်ဗျာ
ကျနော် ကဗျာဆရာ အောင်ဝေး
ရိုသေစွာ စာရေးလိုက်ပါတယ်။
++++++++
သားဦး အရူး တဲ့
မြန်မာစကားမှာ ရှိပါသည်။
အစ်ကိုကြီးတော့ အဖအရာ
မြန်မာစကားမှာ လာပါသည်။
တို့ ဘုရား မယားဖက် ခပ်ပါပါ တဲ့
မြန်မာ့ဆိုရိုးစကားလည်း ရှိပါတယ်။
ရှစ်လေးလုံး အရေးတော်ပုံတုန်းက
ကျနော်တို့ မျှော်ခဲ့တာ
နှမ မဟုတ်ပါ
အစ်ကိုကြီး ဦးအောင်ဆန်းဦးကိုပါ။
ဗိုလ်ချုပ်ရဲ့ သားကြီး ဦးအောင်ဆန်းဦး
အမေရိကန် မရိမ်းတပ်တွေနဲ့ 
မြန်မာပြည်ကို ချီတက်လာပြီ …
ဒီသတင်း …
ပြည်တွင်းမှာ တကယ်ဖြစ်ခဲ့တာပါ။
ဒါပေမဲ့
တကယ်ရောက်လာတာက
အစ်ကို မဟုတ်
နှမ အောင်ဆန်းစုကြည်။
ဗိုလ်ချုပ်ရဲ့သမီး
ဒေါ်အောင်ဆန်းစုကြည်။
တကယ် တိုက်ပွဲဝင်တာက
နှမ ဒေါ်အောင်ဆန်းစုကြည်။
ကမ္ဘာ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် … တဲ့
နှမပုံရိပ်က အင်မတန်ကြီးပါရဲ့။
အစ်ကိုကြီး ဦးအောင်ဆန်းဦးခင်ဗျာ …
အစ်ကိုကြီးမှာ
ဘာပုံရိပ်မှ မရှိလည်း
ကျနော်တို့က
ဗိုလ်ချုပ်ရဲ့သားမို့  ချစ်နေဆဲပါ။
ဒါပေမဲ့
အခု အစ်ကိုကြီးလုပ်နေတာတွေက
အဖအရာ မရောက်
နှမကို
(နအဖ အလိုကျ)
ချောက်ကျအောင် လုပ်သလိုဖြစ်နေပါပြီ။
ကန်တော့ပါရဲ့
မယားစကား နားယောင်
အစ်ကိုကြီးအမှားတထောင် ကျူးလွန်နေပြီ။
ဘာ့ကြောင့်
ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်နေရတာလဲ
အစ်ကိုကြီး။
ဒေါ်အောင်ဆန်းစုကြည်ဟာ
(အစ်ကိုကြီးနှမ)
ဒေါ်အောင်ဆန်းစုကြည်သက်သက် မဟုတ်ဘူး။
ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်တာဟာ
အဖိနှိပ်ခံမြန်မာပြည်သူတွေကို တိုက်ခိုက်တာပဲ။
ဒေါ်အောင်ဆန်းစုကြည်ဟာ
မြန်မာပြည်ပဲ။
အစ်ကိုကြီး
အစ်ကိုကြီးရဲ့ မူမမှန်တဲ့လုပ်ရပ်တွေ
ရပ်တန်းကရပ်ပါ။
သားဦးအရူး
အောင်ဆန်းဦး … လို့တော့
ကျနော် မပြောရက်ပါဘူး။
အချုပ်နှောင်ခံနေရတဲ့ နှမကိုမှ
ဆက်ပြီးနှောင့်ယှက်နေမယ် ဆိုရင်
အစ်ကိုကြီးကို
(ချစ်လျက်နဲ့ )
ကျနော်တို့ စစ်ကြေညာရတော့မယ်။
အောင်ဆန်းဦး အလိုမရှိ
အောင်ဆန်းဦး အလိုမရှိ
အောင်ဆန်းဦး အလိုမရှိ
ညီငယ်
မောင်အောင်ဝေး
ဒီဇင်ဘာ၂၅၊ ၂၀၀၉၊ မစ်ရှီဂန်
(အောင်ဝေး ဘလော့ဘ်မှ)
လွတ်လပ်ခြင်းအတွက်တိုက်ပွဲဝင်နေ



Please use your liberty to promote ours.
