FREEDOM FIGHTER FOR BURMA: မစ်ရှီဂန်က ကဗျာတစ်ပုဒ်
ငါတို့အားလုံးရဲ့အမေ ပြန်လာပြီ

Saturday, July 19, 2008

မစ်ရှီဂန်က ကဗျာတစ်ပုဒ်

B


မမခင်ဦးစံပယ်သို့ တမ်းချင်း
(အောင်ဝေး)

မမခင်ဦးစံပယ်ရေ
ဒီအချိန်ဟာဆမ္မားပေါ့။
ဒီမှာ
ပေါင်ဖြူဖြူ ပေါင်ညိုညို ပေါင်မည်းမည်း
ရှော့ပင်တိုတွေ
လမ်းသလားတဲ့ ရာသီ
လာပြီ။
ခေတ်ကြီးက ရှေ့ ကိုတဟုန်ထိုးတို(တို)တက်နေတာပါ
စကတ်တွေလည်းပေါင်ရင်းကပ်ကုန်ပြီ။
ဒါဆမ္မားလေ
အမေရိကားမှာတော့
ဒွန်နာဆမ္မားလည်းခေတ်မကုန်သေးဘူး။
ကျွန်တော်တို့ ရဲ့ဒေါ်မာမာအေး
ခေတ်မကုန်သလိုပေါ့။
ကျွန်တော်ဒွန်နာဆမ္မားကြိုက်တယ်
ဆိုဖိယာလောရင့်ကြိုက်တယ်
ခင်သန်းနုကြိုက်တယ်
စိုင်းထီးဆိုင်နဲ့ ခိုင်ထူးကြိုက်တယ်။

အနုပဋိလောမကြိုက်တယ်
ယင်အန်းမိန့် ခွန်းကြိုက်တယ်။
ကျွန်တော်က အဟောင်းကြိုက်သူ
ဂန္ထဝင်တွေကို ကြိုက်တယ်လေ။
ဒါပေမဲ့ မမခင်ဦးစံပယ်ရယ်
ကျွန်တော်ခေတ်နောက်ပြန်ဆွဲသူမဟုတ်ပါဘူး။
အစိုးရဟောင်းကို ကျွန်တော်မကြိုက်ဘူး
အစိုးရသစ်လိုချင်တယ်။
စစ်အာဏာရှင်စနစ်ကို ကျွန်တော်မကြိုက်ဘူး
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးလိုချင်တယ်။
စစ်အာဏရှင်စနစ်က
ဟောင်းနေတာကြာပြီ။
ဒီမိုကရေစီနဲ့လူ့အခွင့်အရေးက
အသစ်ပေါ့။
ကျွန်တော်အဟောင်းကြိုက်ပေမဲ့
အသစ်တွေကိုကြိုဆိုပါတယ်။
ကျော်ကိုကိုတို့ မျိုးဆက်သစ်ကို
ကျွန်တော်ကြိုဆိုတယ်။
ခြွင်းချက်တော့ရှိမယ် မမခင်ဦးစံပယ်
အသစ်ဆိုပေမဲ့
အာဏာရှင်အသစ်ကို မကြိုက်ဘူး။
နအဖဖွဲ့ စည်းပုံအသစ်ကိုမကြိုက်သလို
ခွန်ဥက္ကာဖက်ဒရယ်ဖွဲ့ စည်းပုံအသစ်ကိုလည်းမကြိုက်ဘူး။
မမခင်ဦးစံပယ်ရယ်
စစ်အာဏာရှင်စနစ်ဖြုတ်ချရေးဆိုတာ
၄၆နှစ်တိုင်ခဲ့ပေမဲ့
မဟောင်းသေးတဲ့ ဂန္ထဝင်တိုက်ပွဲ
တိုးတက်နေဆဲ သစ်လွင်နေဆဲ။
ကျွန်တော် ၇၆ ကျောင်းသားခေါင်းဆောင်ဟောင်း
ကျွန်တော် ကဗျာဆရာဟောင်း။
ဒါပေမဲ့ ကျွန်တော်
ပြည်သူ့ အာဏာသစ်ကို မျှော်နေတယ်။
အသစ်ကိုမျှော်ရတာ
ရင်တော့ပူလှပါတယ်။
ဒီခေတ်မှာ
ဒီလိုဖြစ်မယ်ဆိုတာ ကျွန်တော်သိပြီးသား။
အို မမခင်ဦးစံပယ်ရဲ့
မစ်ရှီဂန်နွေကပူလို့ မဟုတ်
ကျွန်တော့်ရင်ထဲ
နာဂစ်အလွန်ပေါက်ကွဲမယ့်
မီးတောင်အသစ်တစ်လုံး
မြုံနေတုန်းပဲလေ။ ။

(၁ ဇူလိုင် ၂၀၀၈)

No comments:

/* EOT ----------------------------------------- */